(Zawgyi/Unicode)
COVID-19 ကာကြယ္ေဆးကို ကမာၻတလႊား တန္းတူညီမ ွ် ျဖန႔္ေဝေပးႏိုင္ဖို႔ လုပ္ေဆာင္ေနတဲ့ WHO က ဦးေဆာင္တဲ့ COVAX အစီအစဥ္မွာ ပါဝင္ေဆာင္႐ြက္မယ့္ ႏိုင္ငံေတြဟာ အခုဆို ၁၅၀ ေက်ာ္သြားၿပီလို႔ WHO က တနလၤာေန႔ ဂ်နီဗာသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။
ဒီႏိုင္ငံေတြထဲမွာ ဝင္ေငြသိပ္ေကာင္းတဲ့ ႏိုင္ငံ ၆၄ ႏိုင္ငံပါဝင္ၿပီး သူတို႔ဟာ ဝင္ေငြနည္းပါးတဲ့ ႏိုင္ငံေပါင္း ၉၂ ႏိုင္ငံနဲ႔ လက္တြဲေဆာင္႐ြက္မွာ ျဖစ္ေၾကာင္း ကိုဗစ္ေရာဂါ ကာကြယ္ေရး ဆိုင္ရာ ႏိုင္ငံတကာ ပါဝင္တဲ့ GAVI အဖြဲ႕ အႀကီးအကဲ Seth Berkley က ဆိုပါတယ္။ ဒါဟာ ကမာၻ႔လူဦးေရ သုံးပုံ ၂ ပုံကို ကိုယ္စားျပဳတဲ့ ႏိုင္ငံေပါင္း ၁၅၆ ႏိုင္ငံ ပါဝင္ၿပီး ပူးေပါင္း ေဆာင္႐ြက္လာတာ ျဖစ္ေၾကာင္း လည္း ေျပာပါတယ္။
အေမရိကန္ႏိုင္ငံမွာ COVID- 19 ကပ္ေရာဂါေၾကာင့္ ေသဆုံးရသူက တနလၤာေန႔မွာ ၂ သိန္းနီးပါး (၁၉ ၉ ,၆၉ ဝ) ရွိေနပါၿပီ။Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ စစ္တမ္းေတြ အရ အေမရိကန္မွာ အကူးစက္ခံရသူကလည္း ၇ သန္းနီးပါး (၆,၈၂၉,၉ ၅၆) ရွိေနတာ ေၾကာင့္ ဒီေရာဂါ ကူးစက္မႈေရာ ေသဆုံးမႈပါ ကမာၻမွာ အမ်ားဆုံး ျဖစ္ေနတာပါ။
ကူးစက္မႈ မ်ားလာတာကို အေမရိကန္အေနာက္ေတာင္ပိုင္းနဲ႔ အေနာက္ အလယ္ပိုင္း ေဒသေတြမွာ ေတြ႕ရၿပီး ဒါဟာ အဲဒီေဒသေတြက ေက်ာင္းေတြ ေကာလိပ္ေတြျပန္ဖြင့္ရာကေန ကူးစက္တာ ျဖစ္ပါတယ္။
Johns Hopkins တကၠသိုလ္က ေကာက္ယူတဲ့ စစ္တမ္းအရ ကို႐ိုနာဗိုင္းရပ္စ္အကူးစက္ခံရသူဟာ ကမာၻတလႊားမွာ လူေပါင္း ၃၁ သန္းေက်ာ္ေနၿပီျဖစ္ၿပီး ေသဆုံးရသူ ေပါင္းက တသန္းနီးပါး (၉၆၀,၀၀၀) ရွိေနတာပါ။
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ တိုးလာတာေၾကာင့္ ဥေရာပတိုက္တလႊားက ႏိုင္ငံေတြမွာ ဒီေရာဂါ ကူးစက္မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ တားျမစ္ ကန႔္သတ္ခ်က္ အသစ္ေတြ ခ်မွတ္ေနၾကပါတယ္။
............
COVID-19 ကာကွယ်ဆေး တကမ္ဘာလုံး အသုံးပြုနိုင်ရေး WHO အစီအစဉ် နိုင်ငံပေါင်း ၁၅၀ ကျော် ပါဝင်
(Unicode)
COVID-19 ကာကွယ်ဆေးကို ကမ္ဘာတလွှား တန်းတူညီမ ျှ ဖြန့်ဝေပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ WHO က ဦးဆောင်တဲ့ COVAX အစီအစဉ်မှာ ပါဝင်ဆောင်ရွက်မယ့် နိုင်ငံတွေဟာ အခုဆို ၁၅၀ ကျော်သွားပြီလို့ WHO က တနင်္လာနေ့ ဂျနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီနိုင်ငံတွေထဲမှာ ဝင်ငွေသိပ်ကောင်းတဲ့ နိုင်ငံ ၆၄ နိုင်ငံပါဝင်ပြီး သူတို့ဟာ ဝင်ငွေနည်းပါးတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံနဲ့ လက်တွဲဆောင်ရွက်မှာ ဖြစ်ကြောင်း ကိုဗစ်ရောဂါ ကာကွယ်ရေး ဆိုင်ရာ နိုင်ငံတကာ ပါဝင်တဲ့ GAVI အဖွဲ့ အကြီးအကဲ Seth Berkley က ဆိုပါတယ်။ ဒါဟာ ကမ္ဘာ့လူဦးရေ သုံးပုံ ၂ ပုံကို ကိုယ်စားပြုတဲ့ နိုင်ငံပေါင်း ၁၅၆ နိုင်ငံ ပါဝင်ပြီး ပူးပေါင်း ဆောင်ရွက်လာတာ ဖြစ်ကြောင်း လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံမှာ COVID- 19 ကပ်ရောဂါကြောင့် သေဆုံးရသူက တနင်္လာနေ့မှာ ၂ သိန်းနီးပါး (၁၉၉ ,၆၉ ဝ) ရှိနေပါပြီ။ Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းတွေ အရ အမေရိကန်မှာ အကူးစက်ခံရသူကလည်း ၇ သန်းနီးပါး (၆,၈၂၉,၉ ၅၆) ရှိနေတာ ကြောင့် ဒီရောဂါ ကူးစက်မှုရော သေဆုံးမှုပါ ကမ္ဘာမှာ အများဆုံး ဖြစ်နေတာပါ။
ကူးစက်မှု များလာတာကို အမေရိကန်အနောက်တောင်ပိုင်းနဲ့ အနောက် အလယ်ပိုင်း ဒေသတွေမှာ တွေ့ရပြီး ဒါဟာ အဲဒီဒေသတွေက ကျောင်းတွေ ကောလိပ်တွေပြန်ဖွင့်ရာကနေ ကူးစက်တာ ဖြစ်ပါတယ်။
Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ ကိုရိုနာဗိုင်းရပ်စ်အကူးစက်ခံရသူဟာ ကမ္ဘာတလွှားမှာ လူပေါင်း ၃၁ သန်းကျော်နေပြီဖြစ်ပြီး သေဆုံးရသူ ပေါင်းက တသန်းနီးပါး (၉၆၀,၀၀၀) ရှိနေတာပါ။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာတာကြောင့် ဥရောပတိုက်တလွှားက နိုင်ငံတွေမှာ ဒီရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ တားမြစ် ကန့်သတ်ချက် အသစ်တွေ ချမှတ်နေကြပါတယ်။