သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်မှာ COVID-19 စစ်ဆေးသူပေါင်း တနေ့တည်း ၁ သန်းကျော်နှုန်း စံချိန်တင်


လော့စ်အိန်ဂျလိစ်မြို့မှာ COVID-19 စစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဒေသခံများ။ (သြဂုတ် ၁၀၊ ၂၀၂၀)
လော့စ်အိန်ဂျလိစ်မြို့မှာ COVID-19 စစ်ဆေးဖို့ တန်းစီစောင့်ဆိုင်းနေတဲ့ ဒေသခံများ။ (သြဂုတ် ၁၀၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုမှာ စနေနေ့က COVID-19 ရောဂါပိုးရှိမရှိ လာရောက်စစ်ဆေးသူဟာ တရက်အတွင်း ၁ သန်းကျော်ရှိပြီး စံချိန်တင်သွားပါတယ်။ ဒါပေမယ့် ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် အမေရိကန်မှာ တနေ့ကို လူပေါင်း ၆ သန်းကနေ ၁၀ သန်းလောက်အထိ လာရောက်စစ်ဆေးဖို့ လိုအပ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စနေနေ့က ဒီရောဂါရှိမရှိ လာရောက်စစ်ဆေးသူပေါင်း ၁ သန်း ၆ သောင်းကျော် ရှိတယ်လို့ ဒီရောဂါအတွက် ခြေရာကောက် မှတ်တမ်းတင်တဲ့ COVID Tracking Project စီမံကိန်းက အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံမှာ ဇူလိုင်လ နှောင်းပိုင်းမှာ တရက်ကို လာရောက်စမ်းသပ်စစ်ဆေးသူ ၈ သိန်းကျော်နဲ့ အများဆုံး ဖြစ်နေရာကနေ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက် သီတင်းပတ်ကုန်မှာတော့ တရက်ကို ၆ သိန်းခွဲလောက်ပဲ ပျမ်းမျှ လာရောက်စစ်ဆေးကြတာပါ။

ဒီကပ်ရောဂါ စဖြစ်ချိန်ကတည်းက စမ်းသပ်စစ်ဆေးမှု သိပ်မလုပ်နိုင်ချိန်မျိုးမှာ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ခက်ခဲတာ တွေ့ရပါတယ်။ ဒီရောဂါရှိမရှိ စမ်းသပ်စစ်ဆေးလိုသူတိုင်း စမ်းသပ်မှုတွေလုပ်ဖို့ သမ္မတ Donald Trump က မတ်လထဲမှာ ပြောကြားခဲ့ပေမယ့် အခုထိ မအောင်မြင်နိုင်သေးပါဘူး။

စစ်ဆေးမှု အဖြေရဖို့ သီတင်း ၂ ပတ်လောက် စောင့်ရတာဖြစ်သလို စိတ်ချရတဲ့ စမ်းသပ်စစ်ဆေးရေးပစ္စည်း Kits မရတဲ့ အခက်အခဲတွေလည်း ရှိနေတာပါ။ နောက်ပိုင်းမှာ အာခေါင်တို့ဖတ် ယူစရာမလိုဘဲ အသင့်ရနိုင်တဲ့ ဓာတ်ပြုပစ္စည်းတွေနဲ့ စမ်းသပ်စစ်ဆေးလို့ရတဲ့ Saliva Tests လို့ခေါ်တဲ့ တံတွေးနမူနာယူ စမ်းသပ်တာမျိုးကို အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ စီမံခန့်ခွဲရေး ဗဟိုဌာန FDA က အရေးပေါ် အသုံးပြုခွင့် ချပေးခဲ့ပါတယ်။

Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းအရ ကမ္ဘာတဝန်း COVID-19 ကူးစက်ခံရသူက စနေနေ့မှာ သန်း ၃၀ ကျော်ရှိပြီး သေဆုံးရသူက ၁ သန်းနီးပါး ရှိပါတယ်။ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၆ သန်းခွဲကျော်နဲ့ အများဆုံးဖြစ်ပြီး သေဆုံးရသူကလည်း ၂ သိန်းနီးပါး ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)








XS
SM
MD
LG