သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတဝန္း ကိုဗစ္ကူးစက္သူ သန္း ၃၀ ေက်ာ္ၿပီ


အိႏၵိယႏုိင္ငံ Ahmedabad ၿမိဳ႕က ဘူတာ႐ုံတခုမွာ COVID-19 စစ္ေဆးဖို႔ တန္းစီေနတဲ့ ခရီးသြားမ်ား။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတဝန္းမွာ ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈေတြဟာ အလ်င္အျမန္ ဆက္လက္ျဖစ္ေပၚေနၿပီး အခုဆုိရင္ ကူးစက္သူ အေရအတြက္ဟာ ၃၀.၈ သန္း ေက်ာ္သြားၿပီျဖစ္တယ္လို႔ Johns Hopkins တကၠသိုလ္က ေျပာလိုက္ပါတယ္။ အဲဒီထဲမွာ အေမရိကန္ႏုိင္ငံကေတာ့ ကူးစက္မႈ အမ်ားဆုံးႏုိင္ငံအျဖစ္ ဆက္ရွိေနၿပီး ကူးစက္သူ ၆.၈ သန္းေလာက္ ရွိပါတယ္။

အေမရိကန္ အေနာက္ေတာင္ပိုင္းနဲ႔ အလယ္ပိုင္းက ျပည္နယ္ေတြမွာ မၾကာေသးခင္က ကူးစက္မႈေတြ တုိးလာတာဟာ ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြ ျပန္ဖြင့္လိုက္တာေၾကာင့္လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ေမာ္ေတာ္ဆုိင္ကယ္ေတြနဲ႔ ၄ ရက္ၾကာ စီတန္းလွည့္လည္တာက မစ္ဇူရီျပည္နယ္နဲ႔ တျခားျပည္နယ္ေတြမွာ ကူးစက္မႈေတြ တုိးလာေစတာ ျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံၿပီးရင္ေတာ့ အိႏၵိယႏုိင္ငံက ကူးစက္သူ ၅.၄ သန္းေက်ာ္နဲ႔ ဒုတိယ၊ ဘရာဇီးလ္က ၄.၅ သန္းနဲ႔ တတိယအမ်ားဆုံး ျဖစ္ပါတယ္။ ဒါ့အျပင္ အေမရိကန္ႏုိင္ငံမွာ ဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၁၉၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး တကမာၻလုံးမွာေတာ့ ေသဆုံးသူ ၉၅၇,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

ဒါ့အျပင္ ဥေရာပႏုိင္ငံေတြမွာလည္း ဗုိင္းရပ္စ္နဲ႔ပတ္သက္တဲ့ ကန္႔သတ္မႈ အသစ္ေတြကို ခ်မွတ္လာေနၿပီး စပိန္ႏုိင္ငံမွာဆုိရင္လည္း မက္ဒရစ္ၿမိဳ႕က ဆင္းရဲတဲ့ေနရာတခ်ိဳ႕မွာ မနက္ျဖန္ တနလၤာေန႔ကစၿပီး လူေတြကို အျပင္မထြက္ၾကဖို႔ အမိန္႔ထုတ္လိုက္ပါတယ္။ အသြားအလာေတြ ကန္႔သတ္လို္က္ေပမယ့္လည္း လူေတြအေနနဲ႔ အလုပ္ေတြကိုေတာ့ သြားႏုိင္တယ္လို႔ ဆုိပါတယ္။

ၿဗိတိန္ႏုိ္င္ငံမွာေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္အတြင္း ကူးစက္သူ အေရအတြက္ဟာ ၂ ဆတုိးၿပီး ၆,၀၀၀ ေလာက္ရွိခဲ့တာေၾကာင့္ တႏုိင္ငံလုံး အတိုင္းအတာနဲ႔ လူေတြကို အျပင္မထြက္ဖို႔ အမိန္႔ကို ျပန္ထုတ္ဖို႔ စဥ္းစားေနတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ လာမယ့္ စက္တင္ဘာ ၂၈ ရက္ကစၿပီး ဗုိင္းရပ္စ္ကူးစက္ခံထားရၿပီး ကိုယ့္ဘာသာကိုယ္ အိမ္ထဲမွာ သီးသန္႔ခဲြေနဖို႔ ပ်က္ကြက္တဲ့သူေတြကို စတာလင္ေပါင္ ၁၀,၀၀၀ ဒဏ္ေငြ႐ုိက္သြားမယ္လို႔ ေျပာလိုက္ပါတယ္။

ကမၻာတဝန္း ကိုဗစ္ကူးစက္သူ သန္း ၃၀ ေက်ာ္ၿပီ
please wait

No media source currently available

0:00 0:01:30 0:00
တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

ကမ္ဘာတဝန်း ကိုဗစ်ကူးစက်သူ သန်း ၃၀ ကျော်ပြီ

ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အလျင်အမြန် ဆက်လက်ဖြစ်ပေါ်နေပြီး အခုဆိုရင် ကူးစက်သူ အရေအတွက်ဟာ ၃၀.၈ သန်း ကျော်သွားပြီဖြစ်တယ်လို့ Johns Hopkins တက္ကသိုလ်က ပြောလိုက်ပါတယ်။ အဲဒီထဲမှာ အမေရိကန်နိုင်ငံကတော့ ကူးစက်မှု အများဆုံးနိုင်ငံအဖြစ် ဆက်ရှိနေပြီး ကူးစက်သူ ၆.၈ သန်းလောက် ရှိပါတယ်။

အမေရိကန် အနောက်တောင်ပိုင်းနဲ့ အလယ်ပိုင်းက ပြည်နယ်တွေမှာ မကြာသေးခင်က ကူးစက်မှုတွေ တိုးလာတာဟာ ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ပြန်ဖွင့်လိုက်တာကြောင့်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် မော်တော်ဆိုင်ကယ်တွေနဲ့ ၄ ရက်ကြာ စီတန်းလှည့်လည်တာက မစ်ဇူရီပြည်နယ်နဲ့ တခြားပြည်နယ်တွေမှာ ကူးစက်မှုတွေ တိုးလာစေတာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံပြီးရင်တော့ အိန္ဒိယနိုင်ငံက ကူးစက်သူ ၅.၄ သန်းကျော်နဲ့ ဒုတိယ၊ ဘရာဇီးလ်က ၄.၅ သန်းနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၉၀,၀၀၀ ကျော်သွားပြီဖြစ်ပြီး တကမ္ဘာလုံးမှာတော့ သေဆုံးသူ ၉၅၇,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ဥရောပနိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ကန့်သတ်မှု အသစ်တွေကို ချမှတ်လာနေပြီး စပိန်နိုင်ငံမှာဆိုရင်လည်း မက်ဒရစ်မြို့က ဆင်းရဲတဲ့နေရာတချို့မှာ မနက်ဖြန် တနင်္လာနေ့ကစပြီး လူတွေကို အပြင်မထွက်ကြဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အသွားအလာတွေ ကန့်သတ်လိုက်ပေမယ့်လည်း လူတွေအနေနဲ့ အလုပ်တွေကိုတော့ သွားနိုင်တယ်လို့ ဆိုပါတယ်။

ဗြိတိန်နိုင်ငံမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကူးစက်သူ အရေအတွက်ဟာ ၂ ဆတိုးပြီး ၆,၀၀၀ လောက်ရှိခဲ့တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ လူတွေကို အပြင်မထွက်ဖို့ အမိန့်ကို ပြန်ထုတ်ဖို့ စဉ်းစားနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လာမယ့် စက်တင်ဘာ ၂၈ ရက်ကစပြီး ဗိုင်းရပ်စ်ကူးစက်ခံထားရပြီး ကိုယ့်ဘာသာကိုယ် အိမ်ထဲမှာ သီးသန့်ခွဲနေဖို့ ပျက်ကွက်တဲ့သူတွေကို စတာလင်ပေါင် ၁၀,၀၀၀ ဒဏ်ငွေရိုက်သွားမယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG