သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ်သစ်နဲ့ သမ္မတ Trump ကြား တရုတ်ကိစ္စ အမြင်ချင်းဖလှယ်


ဂျပန်ဝန်ကြီးချုပ် Yoshihide Suga. (စက်တင်ဘာ ၁၄၊ ၂၀၂၀)
ဂျပန်ဝန်ကြီးချုပ် Yoshihide Suga. (စက်တင်ဘာ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

ဂျပန်နိုင်ငံရဲ့ ခေါင်းဆောင်သစ်တယောက်ဖြစ်လာတဲ့ ဝန်ကြီးချုပ် Yoshihide Suga က သူနဲ့ အမေရိကန်သမ္မတ Donald Trump တို့ တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ် ပြောကြားခဲ့တယ်လို့ ပြောပါတယ်။

ဝန်ကြီးချုပ် Suga ဟာ Shinzo Abe နေရာကို ဆက်ခံတာဖြစ်ပြီး အရင်ဝန်ကြီးချုပ် Abe ကတော့ အမေရိကန်သမ္မတ Trump နဲ့ ဂေါက်သီးအတူရိုက်လေ့ရှိသလို ပုံမှန် တယ်လီဖုန်း အဆက်အသွယ်ရှိပြီး လူချင်းလည်း မကြာခဏ တွေ့ဆုံလေ့ရှိတာပါ။

အမေရိကန်နဲ့ ဂျပန်တို့ကြား မဟာမိတ်ဖြစ်တည်မှုဟာ ဒေသတွင်း တည်ငြိမ်ရေးနဲ့ အေးချမ်းမှုအတွက် အခြေခံဖြစ်ကြောင်းနဲ့ ၂ နိုင်ငံ အနီးကပ် ညှိနှိုင်းဆောင်ရွက်ကြဖို့ သူတို့သဘောတူခဲ့တယ်လို့လည်း တယ်လီဖုန်း ဆက်သွယ်ပြောကြားအပြီးမှာ ဝန်ကြီးချုပ် Suga က သတင်းထောက်တွေကို ပြောပါတယ်။

ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြီးထွားလာနေတဲ့ အမေရိကန်နဲ့ တရုတ်တို့ကြားမှာ ဝန်ကြီးချုပ်သစ် Suga အနေနဲ့ ဂျပန်နိုင်ငံရဲ့ ဆက်ဆံရေးကို ကိုင်တွယ်တဲ့အခါ အတိမ်းအစောင်းမခံတဲ့ ထိန်းညှိမှုတွေ လုပ်ရဖို့ ရှိပါတယ်။

တစုံတခုဖြစ်လာရင် ဂျပန်ဝန်ကြီးချုပ်က သူ့ကို ၂၄ နာရီအတွင်း ကြိုက်တဲ့အချိန် ဖုန်းဆက်ဖို့ သမ္မတ Trump က ပြောကြောင်းလည်း ဝန်ကြီးချုပ် Suga က ပြောပါတယ်။

ဂျပန်အစိုးရအဖွဲ့ လက်ထောက်အတွင်းဝန်ချုပ် Manabu Sakai က သမ္မတ Trump နဲ့ ဝန်ကြီးချုပ် Suga တို့ရဲ့ ၂၅ မိနစ်ကြာ တယ်လီဖုန်း ဆက်သွယ်မှုအတွင်း တရုတ်ပြည်ဆိုင်ရာ အမြင်ချင်း ဖလှယ်ခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပေမယ့် အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။

၂ နိုင်ငံ ခေါင်းဆောင်တို့ဟာ COVID-19 ကုသဆေးနဲ့ ကာကွယ်ဆေး ထုတ်လုပ်ရာမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့၊ မြောက်ကိုရီးယား ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အနီးကပ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြတယ်လို့လည်း Sakai က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)









XS
SM
MD
LG