သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘး ႏုတ္ထြက္ေတာ့မယ္


ဂ်ပန္ႏိုင္ငံ Tokyo ၿမိဳ႕မွာ က်င္းပတဲ့ သတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘး။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ဂ်ပန္ႏုိင္ငံရဲ ႔သက္တမ္းအရွည္ဆုံး၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးက ရာထူးက ႏုတ္ထြက္ေတာ့မယ္လို႔ေျပာပါတယ္။ နာတာရွည္ခံစားလာရတဲ့ေ၀ဒနာ ျပန္ေပၚလာတာေၾကာင့္ ႏုတ္ထြက္မွာျဖစ္တယ္လို႔ေျပာပါတယ္။

ဒီႏွစ္ေႏြရာသီေလာက္ကစၿပီး ၀န္ႀကီးခ်ဳပ္ရဲ ႔ က်န္းမာေရးအေပၚ စိုးရိမ္ခဲ့ၾကေပမဲ့ ဘာေရာဂါေၾကာင့္လို႔ အတိအက်မေျပာဘဲ တိုက်ိဳၿမိဳ ႔က ေဆး႐ုံတခုမွာ ႏွစ္ပတ္ဆက္တုိက္ သြားျပခဲ့တဲ့အတြက္ ၀န္ႀကီးခ်ဳပ္ရဲ ႔ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ဒီလထဲ စိုးရိမ္မႈေတြ ပိုတိုးလာတာလည္းျဖစ္ပါတယ္။

၀န္ႀကီးခ်ဳပ္ အာေဘးကလည္း သူဆယ္ေက်ာ္သက္အရြယ္ေလာက္ကတည္းက ခံစားလာရတဲ့အူေရာင္ေရာဂါကို ကုသမႈခံယူၿပီး ေရာဂါထိန္းခ်ဳပ္ထားပါတယ္လို႔ ေျပာဆိုထားပါတယ္။ ၂၀၂၁ ခုႏွစ္၊ စက္တင္ဘာလထိ တာ၀န္ထမ္းေဆာင္ဖို႔ရွိတဲ့ ၀န္ႀကီးခ်ဳပ္အာေဘးအေနနဲ႔ သူ႔ေနရာမွာ တာ၀န္ယူမယ့္သူကို ပါတီက ေရြးခ်ယ္ၿပီး လႊတ္ေတာ္က တရား၀င္ အတည္ျပဳၿပီးတဲ့အခ်ိန္ထိ ဆက္ၿပီးတာ၀န္ထမ္းေဆာင္မယ္လို႔ ခန္႔မွန္းရပါတယ္။

မ်ိဳးခ်စ္စိတ္ျပင္းထန္တဲ့ ၀န္ႀကီးခ်ဳပ္ အာေဘးဟာ အေမရိကန္ျပည္ေထာင္စုနဲ႔ ဆက္ဆံေရး ခုိင္မာအားေကာင္းေအာင္ စြမ္းေဆာင္ႏုိင္ခဲ့ေပမဲ့ ကိုရီးယားနဲ႔ တ႐ုတ္ႏုိင္ငံေတြနဲ႔ ဆက္ဆံေရးမွာေတာ့ အဖုအထစ္ေတြေပၚေပါက္ခဲ့ပါတယ္။ ဂ်ပန္ႏုိင္ငံကို စီးပါြးေရးက်ဆင္းမႈကေန ႐ုန္းထြက္ေအာင္ ၀န္ႀကီးခ်ဳပ္ အာေဘး စြမ္းေဆာင္ႏုိင္ခဲ့တဲ့အခ်ိန္မွာပဲ ကိုရိုနာကပ္ေရာဂါေပၚေပါက္လာတာေၾကာင့္ ႏုိင္ငံစီးပြားေရး တဖန္ျပန္ၿပီး ထိခိုက္ေနရပါတယ္။ ၀န္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးဟာ အဖိုးျဖစ္သူ ၀န္ႀကီးခ်ဳပ္ေဟာင္း Nobusuke Kishi ရဲ ႔ေျခရာကိုလိုက္ၿပီး နုိုင္ငံေရးေလာကထဲ ေရာက္လာသူလည္းျဖစ္ပါတယ္။ မစၥတာ အာေဘးေျပာေလ့ရွိတဲ့ သူ႔ရဲ ႔ ႏိုင္ငံေရးရည္မွန္းခ်က္က လွပတဲ့ ဂ်ပန္ႏိုင္ငံကို စစ္ေရးအင္တားေတာင့္တင္းၿပီး အေရးပါတဲ့ ႏုိင္ငံတခုအျဖစ္ ႏုိင္ငံတကာစင္ျမင့္မွာ ရပ္တည္ေရးျဖစ္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Abe ဟာ ၂၀၁၃ ခုွႏွစ္ ေမလက ျမန္မာႏုိင္ငံကို လာခဲ့ဖူးၿပီး အဲဒီအခ်ိန္က သမၼတ ဦးသိန္းစိန္နဲ႔ ေတြ႔ဆံုခဲ့သလို ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း အမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ရဲ႕ ဥကၠ႒အျဖစ္နဲ႔ ေတြ႔ဆံုခဲ့ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ ၂၀၁၃ ခုႏွစ္ ဧၿပီလမွာ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ ၂၇ ႏွစ္အတြင္း ပထမဆံုးအႀကိမ္အျဖစ္ ဂ်ပန္ႏုိင္ငံကိုသြားခဲ့ပါတယ္။ ၂၀၁၆၊ ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္ေတြမွာေတာ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အေနနဲ႔ ဂ်ပန္ႏုိင္ငံခရီးစဥ္ေတြ သြားေရာက္ခဲ့ပါတယ္။ အဲဒီခရီးစဥ္ေတြအားလံုးမွာ ဝန္ႀကီးခ်ဳပ္ Abe နဲ႔ ေဒၚေအာင္ဆန္းစုၾကည္တို႔ ေတြ႔ဆံုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေး နုတ်ထွက်တော့မယ်

ဂျပန်နိုင်ငံရဲ့သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ရာထူးက နုတ်ထွက်တော့မယ်လို့ပြောပါတယ်။ နာတာရှည်ခံစားလာရတဲ့ဝေဒနာ ပြန်ပေါ်လာတာကြောင့်နုတ်ထွက်မှာဖြစ်တယ်လို့ပြောပါတယ်။

သတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘး။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)
သတင္းစာရွင္းလင္းပဲြမွာ ေတြ႔ရတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘး။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

ဒီနှစ်နွေရာသီလောက်ကစပြီး ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးအပေါ် စိုးရိမ်ခဲ့ကြပေမဲ့ ဘာရောဂါကြောင့်လို့ အတိအကျမပြောဘဲ တိုကျိုမြို့က ဆေးရုံတခုမှာ နှစ်ပတ်ဆက်တိုက် သွားပြခဲ့တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး ဒီလထဲ စိုးရိမ်မှုတွေ ပိုတိုးလာတာလည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ် အာဘေးကလည်း သူဆယ်ကျော်သက်အရွယ်လောက်ကတည်းက ခံစားလာရတဲ့အူရောင်ရောဂါကို ကုသမှုခံယူပြီး ရောဂါထိန်းချုပ်ထားပါတယ်လို့ ပြောဆိုထားပါတယ်။ ၂၀၂၁ခုနှစ်၊ စက်တင်ဘာလထိ တာဝန်ထမ်းဆောင်ဖို့ရှိတဲ့ ဝန်ကြီးချုပ်အာဘေးအနေနဲ့ သူ့နေရာမှာ တာဝန်ယူမယ့်သူကို ပါတီက ရွေးချယ်ပြီး လွှတ်တော်က တရားဝင် အတည်ပြုပြီးတဲ့အချိန်ထိ ဆက်ပြီးတာဝန်ထမ်းဆောင်မယ်လို့ ခန့်မှန်းရပါတယ်။

မျိုးချစ်စိတ်ပြင်းထန်တဲ့ ဝန်ကြီးချုပ် အာဘေးဟာ အမေရိကန်ပြည်ထောင်စုနဲ့ ဆက်ဆံရေး ခိုင်မာအားကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးမှာတော့ အဖုအထစ်တွေပေါ်ပေါက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံကို စီးပါွးရေးကျဆင်းမှုကနေ ရုန်းထွက်အောင် ဝန်ကြီးချုပ် အာဘေး စွမ်းဆောင်နိုင်ခဲ့တဲ့အချိန်မှာပဲ ကိုရိုနာကပ်ရောဂါပေါ်ပေါက်လာတာကြောင့် နိုင်ငံစီးပွားရေး တဖန်ပြန်ပြီး ထိခိုက်နေရပါတယ်။ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ အဖိုးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း Nobusuke Kishi ရဲ့ခြေရာကိုလိုက်ပြီး နိုင်ငံရေးလောကထဲ ရောက်လာသူလည်းဖြစ်ပါတယ်။ မစ္စတာ အာဘေးပြောလေ့ရှိတဲ့ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်က လှပတဲ့ ဂျပန်နိုင်ငံကို စစ်ရေးအင်တားတောင့်တင်းပြီး အရေးပါတဲ့ နိုင်ငံတခုအဖြစ် နိုင်ငံတကာစင်မြင့်မှာ ရပ်တည်ရေးဖြစ်ပါတယ်။

ဝန်ကြီးချုပ် Abe ဟာ ၂၀၁၃ ခုှနှစ် မေလက မြန်မာနိုင်ငံကို လာခဲ့ဖူးပြီး အဲဒီအချိန်က သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌအဖြစ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ၂၀၁၃ ခုနှစ် ဧပြီလမှာ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ၂၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံကိုသွားခဲ့ပါတယ်။ ၂၀၁၆၊ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ ဂျပန်နိုင်ငံခရီးစဉ်တွေ သွားရောက်ခဲ့ပါတယ်။ အဲဒီခရီးစဉ်တွေအားလုံးမှာ ဝန်ကြီးချုပ် Abe နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG