သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ဂ်ပန္ႏုိင္ငံသားေတြ အျပန္အလွန္ခရီးသြားခြင့္ ေရွ႕လမွာ စတင္ခြင့္ျပဳမည္


ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာနိုင္ငံကို ေရာက္ရွိေနတဲ့ ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi တို႔ေနျပည္ေတာ္ မွာ ေတြ႔ဆံု ေဆြးေႏြး (Myanmar State Counsellor Office)

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ထိန္းခ်ဳပ္ေရး ခ်မွတ္ထားတဲ့ စည္းမ်ဥ္းေတြကို ေျဖေလ်ာ့ေပးတဲ့ အေနနဲ႔ ႏွစ္နိုင္ငံမွာ ေရာက္ ရွိေနထိုင္ၾကတဲ့ သက္ဆိုင္ရာ နိုင္ငံသားေတြ အျပန္အလွန္ ခရီးသြားေရာက္ခြင့္ ကို အေစာဆုံး စက္တင္ဘာလထဲ ျပန္လည္ ခြင့္ျပဳ ေပးသြားဖို႔ ျမန္မာနဲ႔ ဂ်ပန္နိုင္ငံတို႔အၾကား တနလၤာေန႔က သေဘာတူလိုက္ပါတယ္။

ဒီသေဘာတူညီခ်က္ကို အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ျမန္မာနိုင္ငံကို ေရာက္ရွိေနတဲ့ ဂ်ပန္နိုင္ငံျခားေရးဝန္ႀကီး Toshimitsu Motegi တို႔ေနျပည္ေတာ္ မွာ သေဘာတူလက္မွတ္ေရးထိုးခဲ့တာျဖစ္ပါတယ္။

အခုသေဘာတူညီခ်က္အရ ႏွစ္နိုင္ငံမွာ ေရာက္ရွိေနတဲ့နိုင္ငံသားေတြနဲ႔ ႏွစ္နိုင္ငံအတြင္း ႏွစ္ရွည္ေနထိုင္ၾကတဲ့သူေတြ အေနနဲ႔ မိမိတို႔ သက္ဆိုင္ရာ နိုင္ငံေတြကို ခရီးသြားဖို႔ အျပန္အလွန္ ခြင့္ျပဳေပးမွာျဖစ္ၿပီး သူတို႔အေနနဲ႔ ကပ္ေရာဂါဆိုင္ရာ ခ်မွတ္ထားတဲ့ စည္းကမ္းေတြအရ ေနအိမ္ေတြမွာ ဒါမွမဟုတ္ သီးျခားခြဲေစာင့္ၾကည့္ဖို႔ သတ္မွတ္ေနရာေတြမွာ ၁၄ ရက္ ေနထိုင္ရမွာျဖစ္ပါတယ္။

ဂ်ပန္နိုင္ငံက လတ္တေလာမွာ နိုင္ငံေပါင္း ၁၄၆ နိုင္ငံက နိုင္ငံျခားသားေတြကို ျပည္ဝင္ခြင့္ပိတ္ပင္ထားေပမဲ့ ျမန္မာ အပါအဝင္ စီးပြါးေရးအရ ဆက္စပ္ေနတဲ့ နိုင္ငံ ၁၆ နိုင္ငံ နဲ႔လူမႈစီးပြါးဆိုင္ရာ ေဆာင္ရြက္မႈေတြျပန္ၿပီးစတင္နိုင္ဖို႔ ခရီးသြားေတြ အျပန္အလွန္ လက္ခံခြင့္ျပဳေရး ေဆြးေႏြးေနခဲ့တာပါ။ ဂ်ပန္နိုင္ငံက ျမန္မာနိုင္ငံအျပင္ စကၤာပူ၊ မေလးရွား၊ကေမၻာဒီးယားနဲ႔ လာအိုနိုင္ငံေတြနဲ႔ လည္း အခုလို သက္ဆိုင္ရာ နိုင္ငံသားေတြ စက္တင္ဘာလေလာက္မွာ အျပန္အလွန္ခရီးသြားခြင့္ျပဳဖို႔ ကို ဒီလထဲ သေဘာ တူညီခ်က္ေတြ ရယူခဲ့ပါတယ္။

ဝန္ႀကီး Motegi က Papua New Guinea၊ ကေမၻာဒီးယား၊ လာအိုနဲ႔ ျမန္မာနိုင္ငံအပါအဝင္ ေလးနိုင္ငံ အလည္အပတ္ခရီးစဥ္နဲ႔ အဂၤါေန႔အထိ ျမန္မာနိုင္ငံကို အလည္အပတ္ေရာက္ရွိလာတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

မြန်မာနဲ့ ဂျပန်နိုင်ငံသားတွေ အပြန်အလှန်ခရီးသွားခွင့် ရှေ့လမှာ စတင်ခွင့်ပြုမည်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ဖြေလျော့ပေးတဲ့ အနေနဲ့ နှစ်နိုင်ငံမှာ ရောက် ရှိနေထိုင်ကြတဲ့ သက်ဆိုင်ရာ နိုင်ငံသားတွေ အပြန်အလှန် ခရီးသွားရောက်ခွင့် ကို အစောဆုံး စက်တင်ဘာလထဲ ပြန်လည် ခွင့်ပြု ပေးသွားဖို့ မြန်မာနဲ့ ဂျပန်နိုင်ငံတို့အကြား တနင်္လာနေ့က သဘောတူလိုက်ပါတယ်။

ဒီသဘောတူညီချက်ကို အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi တို့နေပြည်တော် မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

အခုသဘောတူညီချက်အရ နှစ်နိုင်ငံမှာ ရောက်ရှိနေတဲ့နိုင်ငံသားတွေနဲ့ နှစ်နိုင်ငံအတွင်း နှစ်ရှည်နေထိုင်ကြတဲ့သူတွေ အနေနဲ့ မိမိတို့ သက်ဆိုင်ရာ နိုင်ငံတွေကို ခရီးသွားဖို့ အပြန်အလှန် ခွင့်ပြုပေးမှာဖြစ်ပြီး သူတို့အနေနဲ့ ကပ်ရောဂါဆိုင်ရာ ချမှတ်ထားတဲ့ စည်းကမ်းတွေအရ နေအိမ်တွေမှာ ဒါမှမဟုတ် သီးခြားခွဲစောင့်ကြည့်ဖို့ သတ်မှတ်နေရာတွေမှာ ၁၄ ရက် နေထိုင်ရမှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံက လတ်တလောမှာ နိုင်ငံပေါင်း ၁၄၆ နိုင်ငံက နိုင်ငံခြားသားတွေကို ပြည်ဝင်ခွင့်ပိတ်ပင်ထားပေမဲ့ မြန်မာ အပါအဝင် စီးပွါးရေးအရ ဆက်စပ်နေတဲ့ နိုင်ငံ ၁၆ နိုင်ငံ နဲ့လူမှုစီးပွါးဆိုင်ရာ ဆောင်ရွက်မှုတွေပြန်ပြီးစတင်နိုင်ဖို့ ခရီးသွားတွေ အပြန်အလှန် လက်ခံခွင့်ပြုရေး ဆွေးနွေးနေခဲ့တာပါ။ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအပြင် စင်္ကာပူ၊ မလေးရှား၊ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေနဲ့ လည်း အခုလို သက်ဆိုင်ရာ နိုင်ငံသားတွေ စက်တင်ဘာလလောက်မှာ အပြန်အလှန်ခရီးသွားခွင့်ပြုဖို့ ကို ဒီလထဲ သဘော တူညီချက်တွေ ရယူခဲ့ပါတယ်။

ဝန်ကြီး Motegi က Papua New Guinea၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံအပါအဝင် လေးနိုင်ငံ အလည်အပတ်ခရီးစဉ်နဲ့ အင်္ဂါနေ့အထိ မြန်မာနိုင်ငံကို အလည်အပတ်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG