သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒသတြင္း စိန္ေခၚမႈ ဂ်ပန္-ဗီယက္နမ္ ပူးေပါင္းရင္ဆိုင္မည္


ဂ်ပန္ႏုိင္ငံျခားေရး ၀န္ႀကီး Toshimitsu Motegi ဗီယက္နမ္ ေရာက္ရွိ

(Zawgyi / Unicode)

ႏုိင္ငံတကာ အသိုင္းအ၀ိုင္း အေနနဲ႔ စိန္ေခၚ အကဲစမ္းမႈ အမ်ားအျပားနဲ႔ ရင္ဆိုင္ ႀကံဳေတြ႔ေနရေၾကာင္း၊ ေျမာက္ကိုရီးယား အေရး၊ ေတာင္တရုတ္ပင္လယ္ျပင္ ကိစၥတို႔မွာ ဗီယက္နမ္နဲ႔ ပူးေပါင္းေဆာင္ရြက္လိုတယ္လို႔ ဗီယက္နမ္ကို ေရာက္ရွိေနတဲ႔ ဂ်ပန္ႏုိင္ငံျခားေရး ၀န္ႀကီး Toshimitsu Motegi က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

ဂ်ပန္နဲ႔ ဗီယက္နမ္ ႏွစ္ႏုိင္ငံ ဆက္ဆံေရး ခုိင္မာအားေကာင္းေစေရး ရည္ရြယ္ၿပီး ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး Toshimitsu Motegi နဲ႔ ဗီယက္နမ္ ႏုိင္ငံျခားေရး ၀န္ႀကီး Pham Binh Minh တို႔ ဗီယက္နမ္ႏုိင္ငံ ၿမိဳ႕ေတာ္ ဟႏြိဳင္းမွာ တနလာၤေန႔က ေတြ႔ဆံု ေဆြးေႏြးခဲ႔ၾကပါတယ္။

ႏွစ္ဘက္ ပူးေပါင္းေဆာင္ရြက္ေရးနဲ႔ ႏုိင္ငံတကာေရးရာေတြကို ႏုိ္င္ငံျခားေရး ၀န္ႀကီး ႏွစ္ဦး ေဆြးေႏြးခဲ႔ၾကတာ ျဖစ္ပါတယ္။ ဗီယက္နမ္ရဲ႕ အထင္ကရ Ha Long ပင္လယ္ေကြ႔မွာ ေရဆိုးစြန္႔ပစ္မႈ သန္႔စင္ေရး စီမံကိန္း တခု လက္မွတ္ေရးထိုးမႈကို ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး တက္ေရာက္ခဲ႔ပါတယ္။ ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး Motegi အတြက္ေတာ့ ႏုိင္ငံျခားေရး ၀န္ႀကီး အျဖစ္ တာ၀န္ယူၿပီးေနာက္ပိုင္း ဗီယက္နမ္ႏုိင္ငံကို ပထမဆံုး လာေရာက္တာလည္း ျဖစ္ပါတယ္။

ဗီယက္နမ္ ၀န္ႀကီးခ်ဳပ္ Nguyen Xuan Phuc နဲ႔လည္း ဂ်ပန္ ႏုိင္ငံျခားေရး ၀န္ႀကီး ေတြ႔ဆံု ေဆြးေႏြးခဲ႔ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

(Unicode)

နိုင်ငံတကာ အသိုင်းအဝိုင်း အနေနဲ့ စိန်ခေါ် အကဲစမ်းမှု အများအပြားနဲ့ ရင်ဆိုင် ကြုံတွေ့နေရကြောင်း၊ မြောက်ကိုရီးယား အရေး၊ တောင်တရုတ်ပင်လယ်ပြင် ကိစ္စတို့မှာ ဗီယက်နမ်နဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ဗီယက်နမ်ကို ရောက်ရှိနေတဲ့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဂျပန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာအားကောင်းစေရေး ရည်ရွယ်ပြီး ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Toshimitsu Motegi နဲ့ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး Pham Binh Minh တို့ ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမှာ တနလာၤနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နှစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးနဲ့ နိုင်ငံတကာရေးရာတွေကို နိုင်ငံခြားရေး ဝန်ကြီး နှစ်ဦး ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဗီယက်နမ်ရဲ့ အထင်ကရ Ha Long ပင်လယ်ကွေ့မှာ ရေဆိုးစွန့်ပစ်မှု သန့်စင်ရေး စီမံကိန်း တခု လက်မှတ်ရေးထိုးမှုကို ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တက်ရောက်ခဲ့ပါတယ်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး Motegi အတွက်တော့ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံကို ပထမဆုံး လာရောက်တာလည်း ဖြစ်ပါတယ်။

ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Xuan Phuc နဲ့လည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

XS
SM
MD
LG