(Zawgyi/Unicode)
Japan ႏိုင္ငံက Nissan ေမာ္ေတာ္ကားကုမၸဏီ အႀကီးအကဲေဟာင္း Carlos Ghosn ဟာ သူ႔အေနနဲ႔ ဂ်ပန္ႏိုင္ငံထဲ မတရားမႈေတြနဲ႔ ႏိုင္ငံေရးအရ ဖိႏွိပ္ခံရမႈေတြေၾကာင့္ လက္ဘႏြမ္ႏိုင္ငံကို ေရွာင္တိမ္းထြက္လာရတာ ျဖစ္တယ္လို႔ ေျပာပါတယ္။ သူဟာ ဘ႑ာေရးဆိုင္ရာ မေတာ္မတရားလုပ္မႈ စဲြခ်က္ေတြနဲ႔ ဂ်ပန္ႏိုင္ငံမွာ ရင္ဆိုင္ေနရတာပါ။
ဂ်ပန္ႏိုင္ငံမွာ တရားေရးစနစ္ဟာ ပ်က္ယြင္းေနသလို ခဲြျခားဆက္ဆံမႈေတြ နဲ႔ အေျခခံလူ႔အခြင့္အေရးေတြ ျငင္းပယ္ခံေနရတယ္။ ႏိုင္ငံတကာဥပေဒနဲ႔ သေဘာတူညီိခ်က္ေတြကို မလိုက္နာေတြျဖစ္ေနတယ္။ ဒီအက်ပ္အတည္းေအာက္က ႐ုန္းထြက္ၿပီး သူဟာ လက္ဘႏြမ္ႏိုင္ငံကို ေရာက္ေနၿပီလို႔ Carlos Ghosn က ေျပာပါတယ္။
Ghosn ဟာ ၂၀၁၈ ခုႏွစ္ ႏို၀င္ဘာလက ပထမဆံုးအႀကိမ္ ထိန္းသိမ္းခံရၿပီး အာမခံနဲ႔ လြတ္လာခဲ့တဲ့ေနာက္၊ အႀကိမ္ႀကိမ္ ထပ္ဖမ္းခံခဲ့ရဖူးပါတယ္။ ေနာက္ဆံုး လြတ္ေျမာက္ခ်ိန္မွာေတာ့ သူ႔အေနနဲ႔ ဂ်ပန္ႏိုင္ငံတြင္းကေန မထြက္ခြာရဘူးလို႔ ခံ၀န္ရွိခဲ့ပါတယ္။ ဒါေပမယ့္ အခု သူ ဘယ္လို ထြက္လာသလဲဆိုတာကိုေတာ့ Ghosn က ေျပာမထားပါဘူး။ Ghosn ဟာ ျပင္သစ္ ဘရာဇီးနဲ႔ လက္ဘႏြမ္ႏိုင္ငံေတြမွာ ႏိုင္ငံသားအျဖစ္ ခံယူထားတာပါ။
Ghosn ကတာ့ သူ႔အေပၚ စဲြခ်က္ေတြကို ျငင္းဆိုထားပါတယ္။ စြတ္စဲြခ်က္ေတြထဲမ်ာတော့ ၂၀၁၀ ခုႏွစ္နဲ႔ ၂၀၁၅ ခုႏွစ္အၾကား Nissan က ရတဲ ့သူ႔၀င္ေငြေတြကို ၅၀ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ျပထားတယ္ဆိုတာ ပါ၀င္ပါတယ္။ ဒါ့အျပင္ အိုမန္ႏိုင္ငံ အေရာင္းကိုယ္စားလွယ္ တဦးဆီက ေဒၚလာ ၅သန္းထဲက ၂ သန္းခဲြကို နန္ဆန္လုပ္ငန္းခဲြ တခုကေန သူပိုင္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းထဲကို သူ႔ပုဂၢိဳလ္ေရးသံုးဖို႔ လဲႊေျပာင္းယူခဲ့တယ္လို႔လည္း စြပ္စဲြခံခဲ့ရပါတယ္။
Ghosn ဟာ ႏွစ္ဆန္းကုမၸဏီကို ေဒဝါလီခံရမယ့္ အေျခအေနကေန ကမာၻ႔ေရာင္းအား အေကာင္းဆံုး ကားကုမၸဏီ တခုျဖစ္လာေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တယ္လို႔ သတ္မွတ္ခံခဲ့ရသူပါ။
[Unicode Version]
Nissan ကုမ္ပဏီအကြီးအကဲဟောင်း လက်ဘနွန်နိုင်ငံ တိမ်းရှောင်
Japan နိုင်ငံက Nissan မော်တော်ကားကုမ္ပဏီ အကြီးအကဲဟောင်း Carlos Ghosn ဟာ သူ့အနေနဲ့ ဂျပန်နိုင်ငံထဲ မတရားမှုတွေနဲ့ နိုင်ငံရေးအရ ဖိနှိပ်ခံရမှုတွေကြောင့် လက်ဘနွမ်နိုင်ငံကို ရှောင်တိမ်းထွက်လာရတာ ဖြစ်တယ်လို့ ပြောပါတယ်။ သူဟာ ဘဏ္ဍာရေးဆိုင်ရာ မတော်မတရားလုပ်မှု စွဲချက်တွေနဲ့ ဂျပန်နိုင်ငံမှာ ရင်ဆိုင်နေရတာပါ။
ဂျပန်နိုင်ငံမှာ တရားရေးစနစ်ဟာ ပျက်ယွင်းနေသလို ခွဲခြားဆက်ဆံမှုတွေ နဲ့ အခြေခံလူ့အခွင့်အရေးတွေ ငြင်းပယ်ခံနေရတယ်။ နိုင်ငံတကာဥပဒေနဲ့ သဘောတူညီချက်တွေကို မလိုက်နာတွေဖြစ်နေတယ်။ ဒီအကျပ်အတည်းအောက်က ရုန်းထွက်ပြီး သူဟာ လက်ဘနွမ်နိုင်ငံကို ရောက်နေပြီလို့ Carlos Ghosn က ပြောပါတယ်။
Ghosn ဟာ ၂၀၁၈ ခုနှစ် နိုဝင်ဘာလက ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး အာမခံနဲ့ လွတ်လာခဲ့တဲ့နောက်၊ အကြိမ်ကြိမ် ထပ်ဖမ်းခံခဲ့ရဖူးပါတယ်။ နောက်ဆုံး လွတ်မြောက်ချိန်မှာတော့ သူ့အနေနဲ့ ဂျပန်နိုင်ငံတွင်းကနေ မထွက်ခွာရဘူးလို့ ခံဝန်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု သူ ဘယ်လို ထွက်လာသလဲဆိုတာကိုတော့ Ghosn က ပြောမထားပါဘူး။ Ghosn ဟာ ပြင်သစ် ဘရာဇီးနဲ့ လက်ဘနွမ်နိုင်ငံတွေမှာ နိုင်ငံသားအဖြစ် ခံယူထားတာပါ။
Ghosn ကတာ့ သူ့အပေါ် စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ စွတ်စွဲချက်တွေထဲမျာတော့ ၂၀၁၀ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြား Nissan က ရတဲ့သူ့ဝင်ငွေတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ပြထားတယ်ဆိုတာ ပါဝင်ပါတယ်။ ဒါ့အပြင် အိုမန်နိုင်ငံ အရောင်းကိုယ်စားလှယ် တဦးဆီက ဒေါ်လာ ၅သန်းထဲက ၂ သန်းခွဲကို နန်ဆန်လုပ်ငန်းခွဲ တခုကနေ သူပိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းထဲကို သူ့ပုဂ္ဂိုလ်ရေးသုံးဖို့ လွဲှပြောင်းယူခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပါတယ်။
Ghosn ဟာ နှစ်ဆန်းကုမ္ပဏီကို ဒေဝါလီခံရမယ့် အခြေအနေကနေ ကမ္ဘာ့ရောင်းအား အကောင်းဆုံး ကားကုမ္ပဏီ တခုဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ သတ်မှတ်ခံခဲ့ရသူပါ။