သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Nissan ဥက္ကဌ အလွဲသုံးစားစွဲချက်နဲ့ဖမ်းဆီးခံရ


Nissan ဥက္ကဌ Carlos Ghosn
Nissan ဥက္ကဌ Carlos Ghosn

ဂျပန် Nissan ကားကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌ Carlos Ghosn ကို ငွေကြေး အလွဲသုံးစားလုပ်မှုစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးလိုက်ပါတယ်။ သူရရှိတဲ့လစာကို နှစ်ပေါင်းများစွာ အပြည့်အဝမပြောဘဲ လိမ်ညာ ဖော်ပြတာ၊ ကုမ္ပဏီပိုင် ပစ္စည်းတွေကို ကိုယ်ရေးကိုယ်တာအတွက်အသုံးပြုတာတွေကို ကုမ္ပဏီတွင်း စုံစမ်းတွေ့ရှိတယ်လို့ Nissan ကုမ္ပဏီက ပြောပါတယ်။

ပြင်သစ်နိုင်ငံသား Ghosn ဟာ ဂျပန်ကုမ္ပဏီတခုရဲ့ ရှားရှားပါးပါး နိုင်ငံခြား ထိပ်တန်းအကြီးအကဲတယောက်ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကုန်ပိုင်းက Nissan ကုမ္ပဏီကိုရောက်လာတဲ့ Ghosn ဟာ ဒေဝါလီခံရလုဖြစ်နေတဲ့ ကားကုမ္ပဏီကို ကယ်တင်နိုင်ခဲ့သူအဖြစ် ကားလုပ်ငန်းလောကမှာ ကျော်ကြားသူဖြစ်ပါတယ်။

ဂျပန်ကလာတဲ့သတင်းတွေအရ ၂၀၁၁ ခုနှစ်ကနေ ၅ နှစ်အတွင်း ဝင်ငွေ ဒေါ်လာ ၄၄ သန်းလောက် လျော့ပြခဲ့တယ်လို့ ဆိုပါတယ်။

Nissan ဥက္ကဌ အလွဲသုံးစားစွဲချက်နဲ့ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG