သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကားလေအိတ်များ ဂျပန်ကုမ္ပဏီကြီး ၄ ခု ပြန်ပြင်ဆင်ပေးမည်


တိုယိုတာကား
တိုယိုတာကား
ယာဉ်တိုက်မှုဖြစ်တဲ့အခါ ခရီးသည်တွေ ထိခိုက်ဒဏ်ရာရမှုသက်သာအောင် အကာအကွယ်ပေးတဲ့ Airbag လေအိတ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့အတွက် ဂျပန်နိုင်ငံက အဓိကကားကုမ္ပဏီကြီး ၄ ခုကနေ ကမ္ဘာတဝန်း ကားအစီးပေါင်း 3 သန်း 4 သိန်းကို ပြန်လည် ပြင်ဆင်ပေးဖို့ အသိပေးထားပါတယ်၊ ကားရှေ့ခန်း ခရီးသည်စီးတဲ့ဖက်က လေအိတ်တွေမှာ ချွတ်ယွင်းချက်တွေ ရှိနေတာကြောင့် ပြန်လည်ပြင်ဆင်ပေးဖို့ အသိပေးရတာဖြစ်တယ်လို့ Toyota, Nissan, Honda နဲ့ Mazda ကားကုမ္ပဏီကြီးတွေက ပြောပါတယ်။

ဂျပန်နိုင်ငံကပဲ Takata ကော်ပိုရေးရှင်းလုပ်ငန်းက လုပ်ပေးတဲ့ မော်တော်ကားလေ အိတ်တွေ ဟာ ပေါက်ကွဲနိုင်တယ်၊ ဒါမှမဟုတ် မီးလောင်နိုင်တယ်လို့ ကားကုမ္ပဏီတွေက ပြောပါတယ်၊ ထိခိုက် ဒဏ်ရာရ သေဆုံးမှု မရှိသေးပေမဲ့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူတို့ရဲ့ ကားတွေကို ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပါတယ်။

Honda ကုမ္ပဏီက Civic နဲ့ Odyssey အမျိုးအစားတွေ အပါအဝင် မော်တော်ကားပေါင်း ၁ သန်း ၁ သိန်း၊ Toyota က Tundra နဲ့ Corolla အမျိုးအစား အပါအဝင် ကားပေါင်း ၁ သန်း ၇ သိန်းကို Airbag လေအိတ်တွေ ပြင်လည် ပြင်ဆင် တပ်ဆင်ပေးဖို့ အကြောင်းကြား ထားပါတယ်၊ Nissan ကုမ္ပဏီကတော့ 2000 ခုနှစ်ကနေ 2004 ခုနှစ်အတွင်း ဂျပန်နိုင်ငံမှာ ထုတ်လုပ်တဲ့ မော်တော်ကား ၄ သိန်း ၈ သောင်းမှာ Airbag လေအိတ်တွေ ကောင်းကောင်းအလုပ်မလုပ်တာကို တွေ့ရတယ်လို့ ပြောပါတယ်၊ Mazda ကုမ္ပဏီကတော့ ကမ္ဘာတဝန်း ကားအစီးပေါင်း ၄ သောင်းခွဲကို ပြန်လည် ပြင်ဆင်ပေးဖို့ ခေါ်ယူထားပါတယ်။
XS
SM
MD
LG