သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ကာကြယ္ေဆး ေနာက္ဆုံးအဆင့္စမ္းသပ္မႈ Johnson & Johnson ကုမၸဏီ စတင္


Johnson & Johnson ဓါတ္ခြဲခန္းရွိ စမ္းသပ္မႈ ရလဒ္မ်ား

(Zawgyi/Unicode)

COVID-19 ကာကြယ္ေဆး စမ္းသပ္မႈ ေနာက္ဆုံးအဆင့္ကို စတင္လိုက္ၿပီလို႔ အေမရိကန္ ကုမၸဏီ Johnson & Johnson ကဗုဒၶဟူးေန႔က ေၾကညာလိုက္ပါတယ္။ တစ္ႀကိမ္တည္းသာ ထိုးဖို႔လိုတဲ့ဒီကိုဗစ္ကာကြယ္ေဆး ေဘးကင္းထိေရာက္မႈ ရွိ-မရွိကို ဒီႏွစ္ကုန္ပိုင္း ဒါမွမဟုတ္ ေနာက္ႏွစ္ အေစာပိုင္းေလာက္ ေျပာနိုင္လိမ့္မယ္လို႔ ခန္႔မွန္းေၾကာင္း J&J’s ကုမၸဏီက ကေျပာပါတယ္။

ဒီကာကြယ္ေဆးစမ္းသပ္မႈမွာ အေမရိကန္၊ အာဂ်င္တီးနား၊ ဘရာဇီး၊ ခ်ီလီ၊ ကိုလံဘီယာ၊ မကၠဆီကို၊ ပီ႐ူးနဲ႔ ေတာင္အာဖရိက က မိမိ ဆႏၵ အေလ်ာက္ စမ္းသပ္ခံသူ ၆၀၀၀၀ ေလာက္နဲ႔ စမ္းသပ္ေနတာျဖစ္ပါတယ္။

Moderna နဲ႔ Pfizer ေဆးကုမၸဏီေတြအပါအဝင္ တစ္ျခား ကုမၸဏီေတြကလည္း အေမရိကန္နဲ႔ တျခားနိုင္ငံေတြမွာကာကြယ္ေဆးေတြ စမ္းသပ္ေနတာ ေနာက္ဆုံးအဆင့္ကို ေရာက္ေနၿပီျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန FDA က ကာကြယ္ေဆးထုတ္လုပ္ သုံးစြဲမႈကို အဆင့္ေက်ာ္ၿပီး ခြင့္ျပဳမလား ဆိုတာကို ကာကြယ္ေဆး ကၽြမ္းက်င္ပညာရွင္ေတြက ေမးခြန္းထုတ္ ေနၾကတာပါ။ သမၼတ Trump ကေတာ့ ကၽြမ္းက်င္သူေတြ ခန္႔မွန္းထားတာထက္ အခ်ိန္ပိုေစာၿပီး ကာကြယ္ေဆးရနိုင္တယ္လို႔ ေတာက္ေလၽွာက္ေျပာဆိုေနခဲ့တာ ျဖစ္ပါတယ္။

နိုဝင္ဘာလ ၃ ရက္ ၊ ေရြးေကာက္ပြဲ အမွီ ကာကြယ္ေဆးရနိုင္မယ္လို႔ Trump ကေျပာခဲ့သလို အခ်ိန္တိုအတြင္း ကာကြယ္ေဆး ခြင့္ျပဳခ်က္ ေပးဖို႔ FDA က အလ်င္အျမန္ ေဆာင္ရြက္ ဖို႔လိုတယ္လို႔လည္း တြစ္တာစာမ်က္ႏွာမွာ ဗုဒၶဟူးေန႔က တိုက္တိုက္တြန္းတြန္း ေရးသားခဲ့ပါတယ္။

တစ္ဖက္မွာလည္း အေမရိကန္ အမ်ိဳးသား က်န္းမာေရး သိပၸံက ညႊန္ၾကားေရးမႈး Dr. Francis Collins အပါအဝင္ က်န္းမာေရး ဆိုင္ရာ တာဝန္ရွိသူေတြက ေဆးရဲ့ ေဘးကင္းမႈနဲ႔ အက်ိဳးသက္ေရာက္မႈကို စေတးခံမွာမဟုတ္ဘဲ လိုအပ္တာမွန္သမၽွ အားလုံး လုပ္သြားမယ္လို႔ ေျပာထားပါတယ္။

တကယ္လို႔ FDA က ဒီႏွစ္ကုန္ပိုင္းေလာက္ အေရးေပၚ ကာကြယ္ေဆး အသုံးျပဳဖို႔ ခြင့္ျပဳေပးရင္ေတာင္ေဆးေတြကို အေရအတြက္ အကန္႔အသတ္နဲ႔ သာထုတ္လုပ္နိုင္ဦးမွာ ျဖစ္ၿပီး က်န္းမာေရး ဝန္ထမ္းေတြကို ဦးစားေပး ထိုးႏွံေပးသြားမွာ ျဖစ္ပါတယ္။

ေနာက္ဆုံးအဆင့္စမ္းသပ္မႈေတြ လုပ္ေနၿပီျဖစ္တဲ့ တျခားကာကြယ္ေဆးေတြလို ၂ ႀကိမ္ထိုးစရာ မလိုဘဲ အခုJ&J’s ကုမၸဏီရဲ့ ေဆးက တစ္ႀကိမ္တည္းသာ ထိုးရမွာ ျဖစ္ပါတယ္။ ကာကြယ္ထိုးေဆးေတြ သန္းနဲ႔ခ်ီ ျဖန္႔ေဝရာမွာ တစ္ႀကိမ္ပဲထိုးရမယ့္ေဆးက တျခား ႏွစ္ႀကိမ္ထိုး ကာကြယ္ေဆးေတြထက္ ပိုၿပီး လြယ္ကူထိေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ကိုဗစ်ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု Johnson & Johnson ကုမ္ပဏီ စတင်

(Unicode)

COVID-19 ကာကွယ်ဆေး စမ်းသပ်မှု နောက်ဆုံးအဆင့်ကို စတင်လိုက်ပြီလို့ အမေရိကန် ကုမ္ပဏီ Johnson & Johnson ကဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ တစ်ကြိမ်တည်းသာ ထိုးဖို့လိုတဲ့ဒီကိုဗစ်ကာကွယ်ဆေး ဘေးကင်းထိရောက်မှု ရှိ-မရှိကို ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ် အစောပိုင်းလောက် ပြောနိုင်လိမ့်မယ်လို့ ခန့်မှန်းကြောင်း J&J’s ကုမ္ပဏီက ကပြောပါတယ်။

ဒီကာကွယ်ဆေးစမ်းသပ်မှုမှာ အမေရိကန်၊ အာဂျင်တီးနား၊ ဘရာဇီး၊ ချီလီ၊ ကိုလံဘီယာ၊ မက္ကဆီကို၊ ပီရူးနဲ့ တောင်အာဖရိက က မိမိ ဆန္ဒ အလျောက် စမ်းသပ်ခံသူ ၆၀၀၀၀ လောက်နဲ့ စမ်းသပ်နေတာဖြစ်ပါတယ်။

Moderna နဲ့ Pfizer ဆေးကုမ္ပဏီတွေအပါအဝင် တစ်ခြား ကုမ္ပဏီတွေကလည်း အမေရိကန်နဲ့ တခြားနိုင်ငံတွေမှာကာကွယ်ဆေးတွေ စမ်းသပ်နေတာ နောက်ဆုံးအဆင့်ကို ရောက်နေပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ကာကွယ်ဆေးထုတ်လုပ် သုံးစွဲမှုကို အဆင့်ကျော်ပြီး ခွင့်ပြုမလား ဆိုတာကို ကာကွယ်ဆေး ကျွမ်းကျင်ပညာရှင်တွေက မေးခွန်းထုတ် နေကြတာပါ။ သမ္မတ Trump ကတော့ ကျွမ်းကျင်သူတွေ ခန့်မှန်းထားတာထက် အချိန်ပိုစောပြီး ကာကွယ်ဆေးရနိုင်တယ်လို့ တောက်လျှောက်ပြောဆိုနေခဲ့တာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက် ၊ ရွေးကောက်ပွဲ အမှီ ကာကွယ်ဆေးရနိုင်မယ်လို့ Trump ကပြောခဲ့သလို အချိန်တိုအတွင်း ကာကွယ်ဆေး ခွင့်ပြုချက် ပေးဖို့ FDA က အလျင်အမြန် ဆောင်ရွက် ဖို့လိုတယ်လို့လည်း တွစ်တာစာမျက်နှာမှာ ဗုဒ္ဓဟူးနေ့က တိုက်တိုက်တွန်းတွန်း ရေးသားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန် အမျိုးသား ကျန်းမာရေး သိပ္ပံက ညွှန်ကြားရေးမှုး Dr. Francis Collins အပါအဝင် ကျန်းမာရေး ဆိုင်ရာ တာဝန်ရှိသူတွေက ဆေးရဲ့ ဘေးကင်းမှုနဲ့ အကျိုးသက်ရောက်မှုကို စတေးခံမှာမဟုတ်ဘဲ လိုအပ်တာမှန်သမျှ အားလုံး လုပ်သွားမယ်လို့ ပြောထားပါတယ်။

တကယ်လို့ FDA က ဒီနှစ်ကုန်ပိုင်းလောက် အရေးပေါ် ကာကွယ်ဆေး အသုံးပြုဖို့ ခွင့်ပြုပေးရင်တောင်ဆေးတွေကို အရေအတွက် အကန့်အသတ်နဲ့ သာထုတ်လုပ်နိုင်ဦးမှာ ဖြစ်ပြီး ကျန်းမာရေး ဝန်ထမ်းတွေကို ဦးစားပေး ထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။

နောက်ဆုံးအဆင့်စမ်းသပ်မှုတွေ လုပ်နေပြီဖြစ်တဲ့ တခြားကာကွယ်ဆေးတွေလို ၂ ကြိမ်ထိုးစရာ မလိုဘဲ အခုJ&J’s ကုမ္ပဏီရဲ့ ဆေးက တစ်ကြိမ်တည်းသာ ထိုးရမှာ ဖြစ်ပါတယ်။ ကာကွယ်ထိုးဆေးတွေ သန်းနဲ့ချီ ဖြန့်ဝေရာမှာ တစ်ကြိမ်ပဲထိုးရမယ့်ဆေးက တခြား နှစ်ကြိမ်ထိုး ကာကွယ်ဆေးတွေထက် ပိုပြီး လွယ်ကူထိရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG