သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပမွာ ကုိဗစ္ ထပ္မံျပန္႔ပြားႏုိင္ေျခရွိတဲ့အေပၚ က်န္းမာေရးပညာရွင္ေတြ သတိေပး


(Zawgyi/Unicode)

ဥေရာပေဒသတလႊားမွာ ဒီႏွစ္ဆန္းတုန္းကလို ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈျမင့္မားလာႏိုင္ေျခ ရွိေနတဲ့ အတြက္ အီးယူ ဥေရာပ သမဂၢ အဖြဲ႔ဝင္ႏုိင္ငံေတြ အေနနဲ႔ ဒီေရာဂါမျပန္႔ပြားေအာင္ ကန္႔သတ္မႈေတြခ်မွတ္ လုပ္ေဆာင္ၾကဖို႔ အီးယူက်န္းမာေရးအရာရွိေတြက ၾကာသပေတးေန႔မွာ တုိက္တြန္းလိုက္ပါတယ္။

ဒီေရာဂါ ေနာက္တခ်ီထပ္ ျဖစ္ႏိုင္ေၾကာင္း ျပသတဲ့ လကၡဏာေတြ ေတြ႔လာရတဲ့ အတြက္ ဒီအခ်ိန္အဟာ ျပတ္ျပတ္သားသား လုပ္ရမယ့္ အခ်ိန္ျဖစ္သလို ထိန္းခ်ဳပ္ ကန္႔သတ္မႈေတြ ခ်က္ခ်င္း ခ်မွတ္ဖုိ႔ အီးယူအဖြဲ႔ဝင္ႏုိင္ငံအားလံုး အသင့္ရွိရမွာ ျဖစ္ေၾကာင္း အီးယူ က်န္းမာေရးနဲ႔ အစားအေသာက္ေဘးကင္းေရး ဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး Stella Kyriakides က ေျပာပါတယ္။

ဒီကပ္ေရာဂါစတင္ခဲ့ခ်ိန္စၿပီး အီးယူႏိုင္ငံေတြနဲ႔ ၿဗိတိန္မွာ ဒီေရာဂါအကူးစက္ခံရသူ ၃ သန္းေက်ာ္ေနၿပီလို႔ ဥေရာပေဒသ ကူးစက္ေရာဂါ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးဌာန EU - CDC က ေျပာပါတယ္။ အီးယူအဖြဲ႔ဝင္ ႏိုင္ငံတခ်ိဳ႕မွာ ေနာက္ထပ္အကူးစက္ခံရသူ တိုးျမင့္လာေနၿပီး ဒါဟာ ေဒသတြင္းမွာ ဒီေရာဂါအမ်ားဆံုး အကူးစက္ခံ ခဲ့ ရတဲ့ မတ္လကထက္ ေတာင္ပိုမ်ားေနတယ္လို႔လည္း ေျပာပါတယ္။

ျပင္သစ္မွာ ၾကာသပေတး တရက္ထဲ ေဆးရံုအထူးကုသေဆာင္ ပို႔ခဲ့ရသူက တေထာင္ေက်ာ္ သြားတယ္လို႔ ျပင္သစ္က်န္းမာေရးဝန္ႀကီးဌာနက ၾကာသပေတးေန႔မွာ ေျပာသလို Netherlands မွာလည္း ၾကာသပေတးတရက္ထဲမွာတင္ အကူးစက္ခံရသူ ၂၅၀၀ ေက်ာ္သြားတာပါ။

အင္ဒိုနီးရွားႏုိင္ငံမွာေတာ့ ေနာက္တခ်ီကူးစက္မႈႏႈန္း စံခ်ိန္တင္မ်ားလာတာေၾကာင့္ Jakarta ၿမိဳ႕ေတာ္မွာ ကိုရိုနာဗုိင္းရပ္စ္ အတြက္ ၿမိဳ႕ေတာ္ဝန္က အခုခ်မွတ္ထားတဲ့ ကန္႔သတ္္ခ်က္ေတြကို ေအာက္တိုလာလ ၁၁ ရက္ေန႔အထိထပ္တိုးသတ္မွတ္လိုက္ပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ကလည္း အစၥေရးႏုိင္ငံမွာ ေသာၾကာေန႔ကစၿပီး သီတင္း ၂ ပတ္ၾကာေအာင္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ lockdown ခ် အသြားအလာ ကန္႔သတ္မယ္လို႔ ၾကာသပေတးေန႔မွာ ေၾကညာပါတယ္။ ေက်ာင္းေတြ၊ ရုပ္ရွင္ရံုေတြနဲ႔ စီးပြားေရး လုပ္ငန္းအမ်ားစုကိုလည္း ပိတ္္ထားရမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္



............

ဥရောပမှာ ကိုဗစ် ထပ်မံပြန့်ပွားနိုင်ခြေရှိတဲ့အပေါ် ကျန်းမာရေးပညာရှင်တွေ သတိပေး

(Unicode)

ဥရောပဒေသတလွှားမှာ ဒီနှစ်ဆန်းတုန်းကလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုမြင့်မားလာနိုင်ခြေ ရှိနေတဲ့ အတွက် အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အနေနဲ့ ဒီရောဂါမပြန့်ပွားအောင် ကန့်သတ်မှုတွေချမှတ် လုပ်ဆောင်ကြဖို့ အီးယူကျန်းမာရေးအရာရှိတွေက ကြာသပတေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

ဒီရောဂါ နောက်တချီထပ် ဖြစ်နိုင်ကြောင်း ပြသတဲ့ လက္ခဏာတွေ တွေ့လာရတဲ့ အတွက် ဒီအချိန်အဟာ ပြတ်ပြတ်သားသား လုပ်ရမယ့် အချိန်ဖြစ်သလို ထိန်းချုပ် ကန့်သတ်မှုတွေ ချက်ချင်း ချမှတ်ဖို့ အီးယူအဖွဲ့ဝင်နိုင်ငံအားလုံး အသင့်ရှိရမှာ ဖြစ်ကြောင်း အီးယူ ကျန်းမာရေးနဲ့ အစားအသောက်ဘေးကင်းရေး ဆိုင်ရာ ကော်မရှင်နာမင်းကြီး Stella Kyriakides က ပြောပါတယ်။

ဒီကပ်ရောဂါစတင်ခဲ့ချိန်စပြီး အီးယူနိုင်ငံတွေနဲ့ ဗြိတိန်မှာ ဒီရောဂါအကူးစက်ခံရသူ ၃ သန်းကျော်နေပြီလို့ ဥရောပဒေသ ကူးစက်ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန EU - CDC က ပြောပါတယ်။ အီးယူအဖွဲ့ဝင် နိုင်ငံတချို့မှာ နောက်ထပ်အကူးစက်ခံရသူ တိုးမြင့်လာနေပြီး ဒါဟာ ဒေသတွင်းမှာ ဒီရောဂါအများဆုံး အကူးစက်ခံ ခဲ့ ရတဲ့ မတ်လကထက် တောင်ပိုများနေတယ်လို့လည်း ပြောပါတယ်။

ပြင်သစ်မှာ ကြာသပတေး တရက်ထဲ ဆေးရုံအထူးကုသဆောင် ပို့ခဲ့ရသူက တထောင်ကျော် သွားတယ်လို့ ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့မှာ ပြောသလို Netherlands မှာလည်း ကြာသပတေးတရက်ထဲမှာတင် အကူးစက်ခံရသူ ၂၅၀၀ ကျော်သွားတာပါ။

အင်ဒိုနီးရှားနိုင်ငံမှာတော့ နောက်တချီကူးစက်မှုနှုန်း စံချိန်တင်များလာတာကြောင့် Jakarta မြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် အတွက် မြို့တော်ဝန်က အခုချမှတ်ထားတဲ့ ကန့်သတ်ချက်တွေကို အောက်တိုလာလ ၁၁ ရက်နေ့အထိထပ်တိုးသတ်မှတ်လိုက်ပါတယ်။

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကလည်း အစ္စရေးနိုင်ငံမှာ သောကြာနေ့ကစပြီး သီတင်း ၂ ပတ်ကြာအောင် တနိုင်ငံလုံး အတိုင်းအတာနဲ့ lockdown ချ အသွားအလာ ကန့်သတ်မယ်လို့ ကြာသပတေးနေ့မှာ ကြေညာပါတယ်။ ကျောင်းတွေ၊ ရုပ်ရှင်ရုံတွေနဲ့ စီးပွားရေး လုပ်ငန်းအများစုကိုလည်း ပိတ်ထားရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG