သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေးခွင့်ပြုဖို့ တင်းကြပ်တဲ့စည်းမျဉ်းများ ကန် FDA ပြင်ဆင်


"COVID-19" ကာကွယ်ဆေးပုလင်းတွေကို ဝန်ထမ်းတဦးက ပြသနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၅၊ ၂၀၂၀)
"COVID-19" ကာကွယ်ဆေးပုလင်းတွေကို ဝန်ထမ်းတဦးက ပြသနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၀၅၊ ၂၀၂၀)

[Zawgyi/Unicode]

အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေးကို အရေးပေါ် ခွင့်ပြုနိုင်ရေးအတွက် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေချမှတ်ဖို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ကစဉ်းစားနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ အကြံပြုတင်ပြထားတဲ့ အဲဒီစည်းမျဉ်းတွေထဲမှာ နောက်ဆုံးအဆင့် စမ်းသပ်ကာကွယ်ဆေးထိုးခံထားသူတွေကို ဆေးဝါးထုတ်လုပ်သူတွေဘက်က အနီးကပ်စောင့်ကြည့်ဖို့ပါဝင်ပါတယ်။

ဆေး နှစ် လုံးပါ စမ်းသပ်ကာကွယ်ဆေးရဲ့ ဒုတိယနဲ့ နောက်ဆုံးအဆင့်ဆေးတလုံး ထိုးခံထားသူတွေကို ၂ လထိစောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆေးအာနိသင်မရှိတဲ့ စမ်းသပ် ကာကွယ်ဆေးထိုးခံထားသူ အနည်းဆုံး လူ ငါး ဦးကိုလည်း လေ့လာရမှာဖြစ်ပါတယ်။ COVID-19 ကာကွယ်ဆေးတွေကို Moderna နဲ့ Pfizer ဆေးကုမ္ပဏီ ၂ ခုက ထုတ်လုပ်နေပြီး ဒုတိယဆေးလုံးကို ကိုယ့်သဘောနဲ့ ဆေးထိုးခံမယ့် လူတွေနဲ့ စမ်းသပ်ဖို့ ပြင်ဆင်နေပါပြီ။

စည်းမျဉ်းသစ်တွေအရ ရှေ့ဆက်စမ်းသပ်နိုင်မယ်ဆိုရင်တော့ နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲအပြီးမှာ ကာကွယ်ဆေးသစ်တွေ ထွက်ပေါ်လာနိုင်ခြေ ရှိပါတယ်။ အမေရိကန်သမ္မတ Donald Trump က ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးတွေ အောက်တိုဘာ ဒါမှမဟုတ် ရွေးကောက်ပွဲနေ့မှာတောင် ထွက်ပေါ်လာနိုင်တယ်ဆိုပြီး သီတင်းပတ်တွေနဲ့ချီပြောဆိုလာတာဖြစ်ပါတယ်။

FDA နဲ့အတူ သိပ္ပံနဲ့ အစိုးရအေဂျင်စီတွေက သူတို့ထုတ်ပြန်ခဲ့တဲ့ ကပ်ရောဂါနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေနဲ့ လိုက်နာရမယ့် ညွှန်ကြားချက်တွေကို သမ္မတ Trump ရဲ့ ကပ်ရောဂါ အမြင်အတိုင်း ပြောင်းလဲဖော်ပြနေတဲ့အတွက် ပြည်သူလူထုရဲ့ ယုံကြည်မှုတွေ ကျဆင်းလာနေတာပါ။ အမေရိကန်ပြည်နည် ၂၀ ထက်မနည်းမှာ ပိုးကူးစက်မှုမြင့်တက်နေပြီး တက္ကသိုလ်၊ ကောလိပ်တွေနဲ့ စာသင်ကျောင်းတွေပြန်ဖွင့်ရာက ပိုးကူးစက်မှုတခါ ပြန်တိုးလာနေတာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]






XS
SM
MD
LG