သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ပြည်နယ်မှာ တရက်အတွင်း ကိုဗစ်ကူးစက်သူ ၁,၀၀၀ ကျော်ပြန်ဖြစ်


နယူးယောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (မေ ၁၆၊ ၂၀၂၀)
နယူးယောက်မြို့မှာ နှာခေါင်းစည်းတပ် သွားလာနေကြသူများ။ (မေ ၁၆၊ ၂၀၂၀)

(Zawgyi / Unicode)

အမေရိကန်ပြည်ထောင်စုက နယူးယောက်ပြည်နယ်မှာ COVID-19 ကူးစက်ခံရသူဟာ သောကြာနေ့တနေ့တည်းမှာပဲ ၁,၀၀၀ ကျော် ပြန်ဖြစ်သွားခဲ့ပါတယ်။

ဒါဟာ ဇွန်လ ၅ ရက်နေ့ကစပြီး တရက်အတွင်း ကူးစက်ခံရသူ အရေအတွက် ပထမဆုံးအကြိမ် ပြန်များလာတာ ဖြစ်ပါတယ်။

ဒီရောဂါကူးစက်မှုဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တဖြည်းဖြည်း တိုးလာတာဖြစ်ပြီး ဒါဟာ ကျောင်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်ခဲ့တာကြောင့် ဖြစ်နိုင်ပါတယ်။ တနေ့ကို ကူးစက်ခံရသူ ၆၀၀ ကျော်ရှိနေရာကနေ ပြီးခဲ့တဲ့အပတ်က ပျမ်းမျှ တနေ့ကို ၈၀၀ ကျော်အထိ တိုးလာတာဖြစ်ပြီး စနေနေ့ကတော့ ကူးစက်ခံရသူ ၁,၀၀၀ ကျော်ရှိကြောင်း နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး Andrew Cuomo က ပြောပါတယ်။

ဒါဟာ သောကြာနေ့က ရောဂါပိုးရှိမရှိ လာရောက်စစ်ဆေးသူ တသိန်းနီးပါးမှာ တွေ့ခဲ့တာဖြစ်ပြီး ဒေသခံတွေအနေနဲ့ နှာခေါင်းစည်းတပ်ကြဖို့၊ လူချင်းခပ်ခွာခွာနေကြဖို့နဲ့ လက်ဆေးဖို့လိုမျိုး ရောဂါမပြန့်ပွားအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာကြဖို့လည်း ပန်ကြားခဲ့ပါတယ်။

ကမ္ဘာတလွှား COVID-19 ကူးစက်ခံရသူဟာ စနေနေ့မှာ ၃၂ သန်းခွဲကျော် ရှိနေပြီး သေဆုံးရသူက တသန်းနီးပါး ရှိနေပြီလို့ အမေရိကန် Johns Hopkins တက္ကသိုလ်က ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကူးစက်မှု အများဆုံးက အမေရိကန်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၇ သန်းကျော်နဲ့ သေဆုံးရသူက ၂ သိန်းကျော် ရှိနေပါတယ်။ ကူးစက်မှု ဒုတိယအများဆုံးက အိန္ဒိယ ဖြစ်ပြီး ကူးစက်ခံရသူ ၆ သန်းနီးပါး ရှိသလို တတိယအများဆုံးက ကူးစက်သူ ၄ သန်းခွဲကျော်ရှိတဲ့ ဘရာဇီးလ်ပါ။ သေဆုံးသူ တသိန်းခွဲနီးပါးနဲ့ ဒုတိယအများဆုံးကလည်း ဘရာဇီးလ်ဖြစ်ပြီး အိန္ဒိယကတော့ သေဆုံးသူ တသိန်းနီးပါးနဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)








XS
SM
MD
LG