သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး မရရင္ ေသဆံုးသူ ၂ သန္းေက်ာ္ႏုိင္ေၾကာင္း WHO သတိေပး


ေဘဂ်င္းၿမိဳ႕မွာ COVID-19 ကာကြယ္ေဆး နမူနာနဲ ႔ပတ္သက္ၿပီး ေမးျမန္းတာကို ေျဖၾကားေနတဲ့ ဝန္ထမ္းတဦး။ (စက္တင္ဘာ ၆၊ ၂၀၂၀)

(Zawgyi / Unicode)

အစြမ္းထက္တဲ့ ကာကြယ္ေဆး မရခဲ့ရင္ ကမာၻတဝန္းလံုးမွာ COVID-19 ေရာဂါနဲ႔ ေသဆံုးသူဟာ ၂ သန္းေက်ာ္တဲ့အထိ မ်ားလာႏိုင္ဖြယ္ရွိေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) အေရးေပၚဌာန အႀကီးအကဲ ေဒါက္တာ မိုက္ ႐ိုင္ယဲန္က သတိေပးလိုက္ပါတယ္။

COVID-19 ေရာဂါျဖစ္ေစတဲ့ ကို႐ိုနာဗုိင္းရပ္စ္ ျပန္႔ပြါးေနတာကို အျမစ္ျဖတ္ႏုိင္တဲ့ အစီအစဥ္ေတြကို တႏိုင္ငံခ်င္းအေနနဲ႔ စနစ္တက် ခ်မွတ္တာ၊ လိုက္နာေဆာင္ရြက္တာေတြ မရွိဘူးဆိုရင္ ကူးစက္မႈအေရအတြက္ ဆပြားတုိးလာဖြယ္ရွိေၾကာင္း သူက ေျပာတာပါ။

ဥေရာပႏိုင္ငံေတြဘက္မွာ ကူးစက္ႏႈန္း အသစ္တဖန္ ျမင့္တက္လာေနတာေၾကာင့္ တခ်ဳိ႕ၿမိဳ႕ရြာေတြနဲ႔ စီးပြားေရးလုပ္ငန္းေတြမွာ အသြားအလာ ကန္႔သတ္မႈေတြ ျပန္လုပ္ေနရခ်ိန္မွာ သူက အခုလို အေရးတႀကီး သတိေပးခဲ့တာပါ။

ဒတ္ခ်္ဝန္ႀကီးခ်ဳပ္ကလည္း ေန႔စဥ္ ၃,၀၀၀ နီးပါး ကူးစက္ေနတဲ့အေပၚ အလြန္အမင္း စိုးရိမ္ေၾကာင္း ေျပာခဲ့သလို ခ်က္သမၼတႏိုင္ငံမွာလည္း ေရွ႕သီတင္းပတ္ကစၿပီး ကန္႔သတ္ပိတ္ဆုိ႔မႈ အသစ္ေတြကို ျပန္စမယ္လို႔ ေျပာပါတယ္။

စပိန္က်န္းမာေရးဝန္ႀကီးကလည္း ၿမိဳ႕ေတာ္ မက္ဒရစ္တၿမိဳ႕လံုးနဲ႔ ၿမိဳ႕သူၿမိဳ႕သား ၃.၃ သန္းေက်ာ္ကို အသြားအလာ ကန္႔သတ္ထားလိုေၾကာင္း ေသာၾကာေန႔က ေျပာပါတယ္။

ဥေရာပဘက္မွာ အခုလို ကန္႔သတ္ထိန္းခ်ဳပ္မႈေတြ ျပန္စေနခ်ိန္မွာ အေမရိကန္ ျပည္နယ္တခ်ဳိ႕မွာ အဆင့္ ၃ ကန္႔သတ္ပိတ္ဆို႔မႈေတြ ျပန္ေျဖေလ်ာ့ေပးဖို႔ ေသာၾကာေန႔က ေၾကညာပါတယ္။

ဖေလာ္ရီဒါျပည္နယ္မွာ ကို႐ိုနာဗုိင္းရပ္စ္ ပ်ံ႕ႏွံ႔ေနဆဲျဖစ္ေပမယ့္လည္း ကန္႔သတ္ေျဖေလ်ာ့မႈအဆင့္ ၃ မွာ အတိုင္းအတာနဲ႔ ကန္႔သတ္ခ်က္ေတြ၊ အရက္ဆိုင္ေတြ၊ ကပြဲ႐ံုေတြနဲ႔ စားေသာက္ဆုိင္ေတြ ပါဝင္ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးက ေၾကညာပါတယ္။

အခုလက္ရွိ တကမၻာလံုးမွာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၁ သန္းနဲ႔ ကူးစက္ခံရသူ ၃၂ သန္းခြဲ ရွိထားၿပီးျဖစ္ေၾကာင္း Johns Hopkins တကၠသိုလ္ရဲ႕ စာရင္းေတြမွာ ေဖာ္ျပထားပါတယ္။

COVID-19 ကူးစက္ခံရမႈ အမ်ားဆံုးႏိုင္ငံေတြကို အစဥ္လိုက္ေျပာရရင္ အေမရိကန္မွာ ၇ သန္း၊ အိႏၵိယက ၆ သန္း၊ ဘရာဇီးလ္က ၄.၆ သန္းေက်ာ္နဲ႔ တတိယျဖစ္ေၾကာင္း Johns Hopkins ရဲ႕စစ္တမ္းမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး မရရင် သေဆုံးသူ ၂ သန်းကျော်နိုင်ကြောင်း WHO သတိပေး

အစွမ်းထက်တဲ့ ကာကွယ်ဆေး မရခဲ့ရင် ကမ္ဘာတဝန်းလုံးမှာ COVID-19 ရောဂါနဲ့ သေဆုံးသူဟာ ၂ သန်းကျော်တဲ့အထိ များလာနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးပေါ်ဌာန အကြီးအကဲ ဒေါက်တာ မိုက် ရိုင်ယဲန်က သတိပေးလိုက်ပါတယ်။

COVID-19 ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွါးနေတာကို အမြစ်ဖြတ်နိုင်တဲ့ အစီအစဉ်တွေကို တနိုင်ငံချင်းအနေနဲ့ စနစ်တကျ ချမှတ်တာ၊ လိုက်နာဆောင်ရွက်တာတွေ မရှိဘူးဆိုရင် ကူးစက်မှုအရေအတွက် ဆပွားတိုးလာဖွယ်ရှိကြောင်း သူက ပြောတာပါ။

ဥရောပနိုင်ငံတွေဘက်မှာ ကူးစက်နှုန်း အသစ်တဖန် မြင့်တက်လာနေတာကြောင့် တချို့မြို့ရွာတွေနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အသွားအလာ ကန့်သတ်မှုတွေ ပြန်လုပ်နေရချိန်မှာ သူက အခုလို အရေးတကြီး သတိပေးခဲ့တာပါ။

ဒတ်ချ်ဝန်ကြီးချုပ်ကလည်း နေ့စဉ် ၃,၀၀၀ နီးပါး ကူးစက်နေတဲ့အပေါ် အလွန်အမင်း စိုးရိမ်ကြောင်း ပြောခဲ့သလို ချက်သမ္မတနိုင်ငံမှာလည်း ရှေ့သီတင်းပတ်ကစပြီး ကန့်သတ်ပိတ်ဆို့မှု အသစ်တွေကို ပြန်စမယ်လို့ ပြောပါတယ်။

စပိန်ကျန်းမာရေးဝန်ကြီးကလည်း မြို့တော် မက်ဒရစ်တမြို့လုံးနဲ့ မြို့သူမြို့သား ၃.၃ သန်းကျော်ကို အသွားအလာ ကန့်သတ်ထားလိုကြောင်း သောကြာနေ့က ပြောပါတယ်။

ဥရောပဘက်မှာ အခုလို ကန့်သတ်ထိန်းချုပ်မှုတွေ ပြန်စနေချိန်မှာ အမေရိကန် ပြည်နယ်တချို့မှာ အဆင့် ၃ ကန့်သတ်ပိတ်ဆို့မှုတွေ ပြန်ဖြေလျော့ပေးဖို့ သောကြာနေ့က ကြေညာပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေဆဲဖြစ်ပေမယ့်လည်း ကန့်သတ်ဖြေလျော့မှုအဆင့် ၃ မှာ အတိုင်းအတာနဲ့ ကန့်သတ်ချက်တွေ၊ အရက်ဆိုင်တွေ၊ ကပွဲရုံတွေနဲ့ စားသောက်ဆိုင်တွေ ပါဝင်ကြောင်း အုပ်ချုပ်ရေးမှူးက ကြေညာပါတယ်။

အခုလက်ရှိ တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁ သန်းနဲ့ ကူးစက်ခံရသူ ၃၂ သန်းခွဲ ရှိထားပြီးဖြစ်ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

COVID-19 ကူးစက်ခံရမှု အများဆုံးနိုင်ငံတွေကို အစဉ်လိုက်ပြောရရင် အမေရိကန်မှာ ၇ သန်း၊ အိန္ဒိယက ၆ သန်း၊ ဘရာဇီးလ်က ၄.၆ သန်းကျော်နဲ့ တတိယဖြစ်ကြောင်း Johns Hopkins ရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG