သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ကုိဗစ္ကူးစက္သူ ၇ သန္းနီးပါးရွိ


ကယ္လီဖိုးနီးယား ကိုဗစ္စစ္ေဆးေနရာတြင္ လူအမ်ားေစာင့္ေန

(Zawgyi/Unicode)

COVID-19 ကူးစက္မႈ တိုးလာေနတာေၾကာင့္ ဥေရာပမွာ ႏိုင္ငံတခ်ိဳ႕ကအစိုးရေတြဟာ ပိုတင္းၾကပ္တဲ့ ကန္႔သတ္မႈေတြ ခ်မွတ္ၿပီး ထိန္းဖို႔ ႀကိဳးစားေနၾကခ်ိန္မွာပဲ အေမရိကန္ႏုိင္ငံမွာေတာ့ ေသာၾကာေန႔မွာ ဒီေရာဂါ အကူးစက္ခံရသူက ၇ သန္းနီးပါး (၆, ၉၉၇,၄၆၈) ျဖစ္လာေနပါၿပီ။

Netherlands ႏိုင္ငံမွာလည္း တရက္အတြင္း အကူးစက္ခံရသူ ၃၀၀၀ နီးပါးရွိလာတာေၾကာင့္ သူ႔ႏိုင္ငံတြင္းက ကူးစက္မႈဟာ သိပ္စိုးရိမ္စရာ ျဖစ္ေနေၾကာင္းနဲ႔ ဒီ့အတြက္ ကန္႔သတ္မႈေတြ ပိုလုပ္ဖို႔ လုိလာေၾကာင္း ဝန္ႀကီးခ်ဳပ္ Make Rutte သတင္းေထာက္ေတြကို ေျပာပါတယ္။ ဘာ ကန္႔သတ္မႈေတြ လုပ္မယ္ဆိုတာကိုေတာ့ ေရွ႕သီတင္းပတ္ ထဲမွာ ခ်ျပဖုိ႔ရွိပါတယ္။

ဒီေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ဖို႔အတြက္ ခ်က္ျပည္သူ႔သမၼတ ႏိုင္ငံကလည္း ေရွ႕သီတင္းပတ္ထဲမွာပဲ စည္းမ်ဥ္းေတြ စၿပီးခ်မွတ္ေတာ့မယ္လို႔ က်န္းမာေရးဝန္ႀကီး Roman Prymula က ေသာၾကာေန႔မွာ ေျပာပါတယ္။ ဘယ္လိုကန္႔သတ္မႈ ခ်မွတ္မယ္ ဆိုတာကို အတိအက် ထုတ္မေျပာေပမယ့္ ဒီကန္႔သတ္မႈကေန လူစုေဝးမႈကို သက္ေရာက္မႈရွိေပမယ့္ စီးပြားေရးကိုေတာ့ ထိခိုက္ေစမွာ မဟုတ္ဖူးလို႔ ေျပာပါတယ္။

စပိန္ႏိုင္ငံမွာေတာ့ ၿမိဳ႕ေတာ္ Madrid အတြက္ ဒီေရာဂါ မျပန္႔ပြားေအာင္ ထိန္းခ်ဳပ္ဖို႔ လုပ္ေဆာင္မႈေတြနဲ႔ ပတ္သက္ၿပီး ၿမိဳ႕ေတာ္အာဏာပိုင္ေတြနဲ႔ အစိုးရၾကား သေဘာထား ကြဲလြဲမႈေတြ ရွိေနပါတယ္။ စပိန္က်န္းမာေရးဝန္ႀကီး Salvador Illa က အစိုးရအေနနဲ႔ လူဦးေရ ၃.၃ သန္းရွိတဲ့ Madrid တၿမိဳ႕လံုးအတြက္ lockdown ခ်ကန္႔သတ္ဖို႔ လုပ္ခ်င္ေနေၾကာင္း ေသာၾကာေန႔က ေျပာပါတယ္။ ေဒသအာဏာပိုင္ေတြကေတာ့ အပိုင္းလိုက္အတြက္သာ lockdown ခ်ခ်င္ေနတာ ျဖစ္ပါတယ္။

တခိ်န္ထဲမွာပဲ ၿဗိတိန္ႏိုင္ငံမွာ ရွိတဲ့ အေမရိကန္အေျခစိုက္ Novavax ကုမၸဏီက သူတို႔ဟာ အလားအလာရွိတဲ့ COVID-19 ကာကြယ္ေဆး အတြက္ ေနာက္ဆံုးအဆင့္ စမ္းသပ္မႈေတြ စတင္ေနၿပီ ျဖစ္ေၾကာင္း ေသာၾကာေန႔မွာ ေျပာပါတယ္။

အေမရိကန္မွာ ကုိဗစ္ကူးစက္သူ ၇ သန္းနီးပါးရွိ
please wait

No media source currently available

0:00 0:01:11 0:00
တိုက္႐ိုက္ လင့္ခ္


.............

အမေရိကန်မှာ ကိုဗစ်ကူးစက်သူ ၇ သန်းနီးပါးရှိ

(Unicode)

COVID-19 ကူးစက်မှု တိုးလာနေတာကြောင့် ဥရောပမှာ နိုင်ငံတချို့ကအစိုးရတွေဟာ ပိုတင်းကြပ်တဲ့ ကန့်သတ်မှုတွေ ချမှတ်ပြီး ထိန်းဖို့ ကြိုးစားနေကြချိန်မှာပဲ အမေရိကန်နိုင်ငံမှာတော့ သောကြာနေ့မှာ ဒီရောဂါ အကူးစက်ခံရသူက ၇ သန်းနီးပါး (၆, ၉၉၇,၄၆၈) ဖြစ်လာနေပါပြီ။

Netherlands နိုင်ငံမှာလည်း တရက်အတွင်း အကူးစက်ခံရသူ ၃၀၀၀ နီးပါးရှိလာတာကြောင့် သူ့နိုင်ငံတွင်းက ကူးစက်မှုဟာ သိပ်စိုးရိမ်စရာ ဖြစ်နေကြောင်းနဲ့ ဒီ့အတွက် ကန့်သတ်မှုတွေ ပိုလုပ်ဖို့ လိုလာကြောင်း ဝန်ကြီးချုပ် Make Rutte သတင်းထောက်တွေကို ပြောပါတယ်။ ဘာ ကန့်သတ်မှုတွေ လုပ်မယ်ဆိုတာကိုတော့ ရှေ့သီတင်းပတ် ထဲမှာ ချပြဖို့ရှိပါတယ်။

ဒီရောဂါကူးစက်မှု ထိန်းချုပ်ဖို့အတွက် ချက်ပြည်သူ့သမ္မတ နိုင်ငံကလည်း ရှေ့သီတင်းပတ်ထဲမှာပဲ စည်းမျဉ်းတွေ စပြီးချမှတ်တော့မယ်လို့ ကျန်းမာရေးဝန်ကြီး Roman Prymula က သောကြာနေ့မှာ ပြောပါတယ်။ ဘယ်လိုကန့်သတ်မှု ချမှတ်မယ် ဆိုတာကို အတိအကျ ထုတ်မပြောပေမယ့် ဒီကန့်သတ်မှုကနေ လူစုဝေးမှုကို သက်ရောက်မှုရှိပေမယ့် စီးပွားရေးကိုတော့ ထိခိုက်စေမှာ မဟုတ်ဖူးလို့ ပြောပါတယ်။

စပိန်နိုင်ငံမှာတော့ မြို့တော် Madrid အတွက် ဒီရောဂါ မပြန့်ပွားအောင် ထိန်းချုပ်ဖို့ လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မြို့တော်အာဏာပိုင်တွေနဲ့ အစိုးရကြား သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။ စပိန်ကျန်းမာရေးဝန်ကြီး Salvador Illa က အစိုးရအနေနဲ့ လူဦးရေ ၃.၃ သန်းရှိတဲ့ Madrid တမြို့လုံးအတွက် lockdown ချကန့်သတ်ဖို့ လုပ်ချင်နေကြောင်း သောကြာနေ့က ပြောပါတယ်။ ဒေသအာဏာပိုင်တွေကတော့ အပိုင်းလိုက်အတွက်သာ lockdown ချချင်နေတာ ဖြစ်ပါတယ်။

တချိန်ထဲမှာပဲ ဗြိတိန်နိုင်ငံမှာ ရှိတဲ့ အမေရိကန်အခြေစိုက် Novavax ကုမ္ပဏီက သူတို့ဟာ အလားအလာရှိတဲ့ COVID-19 ကာကွယ်ဆေး အတွက် နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ စတင်နေပြီ ဖြစ်ကြောင်း သောကြာနေ့မှာ ပြောပါတယ်။

XS
SM
MD
LG