သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကြောင့် အမေရိကန်မှာ သေဆုံးသူပေါင်း ၂ သိန်းကျော်ရှိပြီ


ဖလော်ရီဒါမှာ COVID-19 စမ်းသပ်စစ်ဆေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၆၊ ၂၀၂၀)
ဖလော်ရီဒါမှာ COVID-19 စမ်းသပ်စစ်ဆေးနေတဲ့မြင်ကွင်း။ (ဇူလိုင် ၆၊ ၂၀၂၀)

(Zawgyi / Unicode)

ကမ္ဘာတလွှား COVID-19 ကူးစက်ခံရသူဟာ တနင်္ဂနွေနေ့မှာ ၃၃ သန်းနီးပါး ရှိသွားပြီလို့ ဒီရောဂါအတွက် စောင့်ကြည့်လေ့လာနေတဲ့ Johns Hopkins တက္ကသိုလ် စစ်တမ်းမှာ ဖော်ပြထားပါတယ်။ သေဆုံးရသူကလည်း ကမ္ဘာတလွှားမှာ တသန်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရက်အတွင်း COVID-19 နောက်ထပ် ကူးစက်ခံရသူ ၅ သောင်းနီးပါး ရှိလာတဲ့အတွက် အခုဆို စုစုပေါင်း ကူးစက်ခံရသူ ၇ သန်းကျော်နေပြီလို့ အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး ဗဟိုဌာန (CDC) က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ပါတယ်။ နောက်ထပ် သေဆုံးရသူကလည်း ၈၅၃ ဦးရှိခဲ့တဲ့အတွက် အခုဆို သေဆုံးရသူပေါင်း ၂ သိန်းကျော် ရှိနေပြီလို့ ဖော်ပြထားပါတယ်။

ကမ္ဘာမှာ ဒီရောဂါကူးစက်မှု ဒုတိယအများဆုံးက အိန္ဒိယနိုင်ငံဖြစ်ပြီး ကူးစက်သူ ၆ သန်းနီးပါး ရှိနေသလို တတိယအများဆုံး ကူးစက်ခံရတဲ့ နိုင်ငံက ဘရာဇီးလ်ဖြစ်ပြီး ကူးစက်သူ ၅ သန်းနီးပါး ရှိနေပါတယ်။

ဒီကပ်ရောဂါ ဖြစ်ပွားနေတာ အခုဆို ၉ လထဲကို ရောက်လာပြီဖြစ်ပြီး အခုထိလည်း ဒီရောဂါအတွက် ကာကွယ်ဆေးထုတ်နိုင်ဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ကမ္ဘာတလွှား ဒီကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် လူမှုရေး စီးပွားရေးမှာ အကြီးအကျယ် ထိခိုက်မှု ရှိနေတာပါ။

ဒါ့အပြင် ဒီကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကနေ ကမ္ဘာ့နိုင်ငံတွေကြား စိတ်ဝမ်းကွဲစရာတွေ ဖြစ်လာတာကြောင့် အားလုံးရဲ့ ဘုံရန်သူဖြစ်တဲ့ ဒီကပ်ရောဂါကို အတူတကွ လက်တွဲတိုက်ဖျက်ကြဖို့ ကိုယ်တိုင် ဒီရောဂါကို ခံစားခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စနေနေ့က ပန်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------------

(Unicode)







XS
SM
MD
LG