သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတေလာင္း စကားစစ္ထိုးပဲြ အႀကိဳ Biden မူးယစ္ေဆးသံုးမသံုး စစ္ေဆးဖို႔ Trump ေတာင္းဆို


အေမရိကန္သမၼတ Donald Trump နဲ႔ ဒီမုိကရက္ပါတီ သမၼတေလာင္း Joe Biden.

(Zawgyi / Unicode)

ႏုိဝင္ဘာ ၃ ရက္ အေမရိကန္သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒုသမၼတေဟာင္း Joe Biden ရဲ႕ ဒီႏွစ္အတြင္း ျပဳလုပ္ခဲ့တဲ့ ႏိုင္ငံေရး စကားစစ္ထိုးပြဲေတြမွာ မူမမွန္တာေတြ ေတြ႔ေနရတာဟာ မူးယစ္ေဆးသံုးထားတာ ျဖစ္ႏုိင္တဲ့အတြက္ အခုအဂၤါေန႔ျပဳလုပ္မယ့္ သူတို႔ ၂ ဦးရဲ႕ စကားစစ္ထိုးပြဲမစခင္မွာေရာ စကားစစ္ထိုးပြဲ အၿပီးမွာပါ Joe Biden မူးယစ္ေဆးသံုးစြဲမႈ ရွိမရွိ စစ္ေဆးဖို႔ သူေတာင္းဆိုမွာျဖစ္ေၾကာင္း သမၼတ Donald Trump က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

ေရြးေကာက္ပြဲ အႀကိဳစစ္တမ္းေတြအရ Joe Biden ကုိ လူႀကိဳက္ပိုမ်ားေနခ်ိန္မွာပဲ သမၼတက အခုလို ပံုမွန္မဟုတ္တဲ့ တိုက္ခိုက္ေျပာဆိုမႈေတြ လုပ္လာတာ ျဖစ္ပါတယ္။

၂၀၂၀ သမၼတေရြးေကာက္ပြဲအတြက္ ဒီမိုကရက္တစ္ပါတီရဲ႕ သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖုိ႔ ပါတီတြင္းယွဥ္ၿပိဳင္တဲ့ စကားစစ္ထုိးပြဲေတြမွာ ပါတီဝင္ ၁၀ ဦးနဲ႔ ယွဥ္ၿပိဳင္ပြဲတုန္းက Joe Biden ရဲ႕ ေျပာဆိုမႈေတြ သိပ္မေကာင္းခဲ့ေပမယ့္ ေနာက္ဆံုးျပဳလုပ္တဲ့ Vermont ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Bernie Sanders နဲ႔ပြဲမွာေတာ့ ျပန္အားေကာင္းလာခဲ့တာ ျဖစ္ပါတယ္။

အသက္ ၇၄ ႏွစ္ရွိၿပီျဖစ္တဲ့ သမၼတ Trump က အသက္ ၇၇ ႏွစ္ရွိၿပီျဖစ္တဲ့ Biden ရဲ႕ ထိုးထြင္းဉာဏ္နဲ႔ ပတ္သက္ၿပီး မၾကာခဏ ေမးခြန္းထုတ္ေလ့ရွိတာပါ။

Biden ကေတာ့ Trump ရဲ႕ စြပ္စြဲမႈေတြကို ဂ႐ုမစုိက္ဘဲ စကားစစ္ထိုးပြဲမွာ ေစာင့္ၾကည့္ဖို႔ ABC သတင္းဌာန ေမးျမန္းခန္းမွာ ေျပာပါတယ္။

သမၼတေလာင္း ၂ ဦးရဲ႕ စကားစစ္ထိုးပြဲကို ၃ ႀကိမ္ ျပဳလုပ္မွာျဖစ္ၿပီး ပထမပြဲကိုေတာ့ လာမယ့္ အဂၤါေန႔မွာ Ohio ျပည္နယ္၊ Cleveland ၿမိဳ႕မွာ က်င္းပမွာ ျဖစ္ပါတယ္။

Fox သတင္းဌာနက Chris Wallace က မိနစ္ ၉၀ ၾကာ စကားစစ္ထိုးပြဲအတြက္ တာဝန္ယူ ေမးျမန္းတင္ျပသြားမွာျဖစ္ၿပီး သမၼတေလာင္း ၂ ဦးအေနနဲ႔ က႑ ၆ ခုအတြက္ တခုကို ၁၅ မိနစ္စီ ေဆြးေႏြးခြင့္ရမွာ ျဖစ္ပါတယ္။ ဒီအထဲမွာ လက္ရွိႀကံဳေတြ႔ေနရတဲ့ COVID-19 ျပႆနာေတြ၊ စီးပြားေရး၊ ေရြးေကာက္ပြဲနဲ႔ ၿမိဳ႕ႀကီးေတြမွာ ျဖစ္ပြားေနတဲ့ ဆႏၵျပမႈေတြအျပင္ မၾကာခင္ကမွ လစ္လပ္သြားတဲ့ တရား႐ုံးခ်ဳပ္ တရားသူႀကီးခန္႔အပ္ေရး ဆိုင္ရာေတြကို ေဆြးေႏြးေျပာဆိုဖုိ႔ ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

သမ္မတလောင်း စကားစစ်ထိုးပွဲ အကြို Biden မူးယစ်ဆေးသုံးမသုံး စစ်ဆေးဖို့ Trump တောင်းဆို

နိုဝင်ဘာ ၃ ရက် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတဟောင်း Joe Biden ရဲ့ ဒီနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ နိုင်ငံရေး စကားစစ်ထိုးပွဲတွေမှာ မူမမှန်တာတွေ တွေ့နေရတာဟာ မူးယစ်ဆေးသုံးထားတာ ဖြစ်နိုင်တဲ့အတွက် အခုအင်္ဂါနေ့ပြုလုပ်မယ့် သူတို့ ၂ ဦးရဲ့ စကားစစ်ထိုးပွဲမစခင်မှာရော စကားစစ်ထိုးပွဲ အပြီးမှာပါ Joe Biden မူးယစ်ဆေးသုံးစွဲမှု ရှိမရှိ စစ်ဆေးဖို့ သူတောင်းဆိုမှာဖြစ်ကြောင်း သမ္မတ Donald Trump က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

ရွေးကောက်ပွဲ အကြိုစစ်တမ်းတွေအရ Joe Biden ကို လူကြိုက်ပိုများနေချိန်မှာပဲ သမ္မတက အခုလို ပုံမှန်မဟုတ်တဲ့ တိုက်ခိုက်ပြောဆိုမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

၂၀၂၀ သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီတွင်းယှဉ်ပြိုင်တဲ့ စကားစစ်ထိုးပွဲတွေမှာ ပါတီဝင် ၁၀ ဦးနဲ့ ယှဉ်ပြိုင်ပွဲတုန်းက Joe Biden ရဲ့ ပြောဆိုမှုတွေ သိပ်မကောင်းခဲ့ပေမယ့် နောက်ဆုံးပြုလုပ်တဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ပွဲမှာတော့ ပြန်အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ Trump က အသက် ၇၇ နှစ်ရှိပြီဖြစ်တဲ့ Biden ရဲ့ ထိုးထွင်းဉာဏ်နဲ့ ပတ်သက်ပြီး မကြာခဏ မေးခွန်းထုတ်လေ့ရှိတာပါ။

Biden ကတော့ Trump ရဲ့ စွပ်စွဲမှုတွေကို ဂရုမစိုက်ဘဲ စကားစစ်ထိုးပွဲမှာ စောင့်ကြည့်ဖို့ ABC သတင်းဌာန မေးမြန်းခန်းမှာ ပြောပါတယ်။

သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲကို ၃ ကြိမ် ပြုလုပ်မှာဖြစ်ပြီး ပထမပွဲကိုတော့ လာမယ့် အင်္ဂါနေ့မှာ Ohio ပြည်နယ်၊ Cleveland မြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Fox သတင်းဌာနက Chris Wallace က မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲအတွက် တာဝန်ယူ မေးမြန်းတင်ပြသွားမှာဖြစ်ပြီး သမ္မတလောင်း ၂ ဦးအနေနဲ့ ကဏ္ဍ ၆ ခုအတွက် တခုကို ၁၅ မိနစ်စီ ဆွေးနွေးခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအထဲမှာ လက်ရှိကြုံတွေ့နေရတဲ့ COVID-19 ပြဿနာတွေ၊ စီးပွားရေး၊ ရွေးကောက်ပွဲနဲ့ မြို့ကြီးတွေမှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေအပြင် မကြာခင်ကမှ လစ်လပ်သွားတဲ့ တရားရုံးချုပ် တရားသူကြီးခန့်အပ်ရေး ဆိုင်ရာတွေကို ဆွေးနွေးပြောဆိုဖို့ ရှိပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG