သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲရလဒ် ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်း ကြုံမလား စိုးရိမ်မှုရှိ


အမေရိကန် သမ္မတ Donald Trump (ယာ) နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden (ဝဲ)။ (မတ် ၁၂၊ ၂၀၂၀)
အမေရိကန် သမ္မတ Donald Trump (ယာ) နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden (ဝဲ)။ (မတ် ၁၂၊ ၂၀၂၀)

(Zawgyi / Unicode)

သမ္မတ Donald Trump ဟာ စာတိုက်ကတဆင့် သမ္မတရွေးကောက်ပွဲ မဲဆန္ဒပေးတဲ့ တရားဝင်မှုအပေါ်မှာ ဝေဖန်တိုက်ခိုက်နေသလို ရွေးကောက်ပွဲမှာ ရှုံးနိမ့်ရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းပေးဖို့ ကတိပေးဖို့ကိုလည်း ငြင်းဆန်နေဆဲ ဖြစ်တာကြောင့် နိုဝင်ဘာလ ရွေးကောက်ပွဲပြီးရင် အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်ရမလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ထွက်ပေါ်လာနေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒီနှစ် ရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူ သန်း ၈၀ က စာတိုက်ကတဆင့် မဲပေးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားတာပါ။

သမ္မတရွေးကောက်ပွဲ ယှဉ်ပြိုင်သူ နှစ်ဦး စကားစစ်ထိုးပွဲ ကျင်းပမည်
please wait

No media source currently available

0:00 0:03:33 0:00

လူထုသဘောထား စစ်တမ်းတွေမှာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden နောက်မှာ ရောက်နေတဲ့ သမ္မတ Trump က အထောက်အထားမရှိတဲ့ စာတိုက်မဲတွေဟာ ရွေးကောက်ပွဲ မဲလိမ်မှု ဖြစ်တယ်ဆိုပြီး ရှုတ်ချ ပြောဆိုနေတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အမေရိကန်က ပြည်နယ် တော်တော်များများက ဒီနှစ် သမ္မတရွေးကောက်ပွဲမှာ လူကိုယ်တိုင်သွားရောက် မဲပေးစရာ မလိုတဲ့ မဲပေးစနစ်ကို တိုးချဲ့အသုံးပြုလာတာဖြစ်ပြီး မဲဆန္ဒရှင်တွေဆီကို စာတိုက်မဲတွေ ပေးပို့နေတာ ဖြစ်ပါတယ်။

သမ္မတ Trump က အဲဒီလို ကြိုတင်ပြီး စာတိုက်မဲတွေ ပေးပို့နေတဲ့ ပြည်နယ်တွေကို ပိုပြီး တိုက်ခိုက်ပြောဆိုနေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်ကတော့ အဲဒီ စာတိုက်မဲတွေ တရားဝင်မှု ရှိမရှိအပေါ် အကြောင်းပြပြီး သူရှုံးနိမ့်ရင် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းပေးဖို့ ကတိပြု ပြောကြားဖို့ ၂ ကြိမ်တိုင် ငြင်းဆန်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရမှာဖြစ်ကြောင်းနဲ့ စာတိုက်မဲတွေဟာ ဘေးအန္တရာယ် ပျက်ကိန်းတွေပဲလို့လည်း သမ္မတ Trump က ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲလုပ်တုန်းက ပြောခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden ကတော့ သမ္မတ Trump ဟာ ယုတ္တိမရှိတဲ့စကားတွေ ပြောဆိုတတ်သူ ဖြစ်တာကြောင့် အခုလိုပြောတာကို သူ မအံ့ဩဘူးလို့ တုံ့ပြန် ပြောဆိုလိုက်ပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell နဲ့ တခြား ထိပ်တန်း ရီပတ်ဘလစ်ကန် အမတ်တွေကတော့ ဒီမိုကရေစီနည်းအရ ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ထောက်ခံကြောင်း ပြောပေမယ့် သမ္မတကို တိုက်ရိုက် ဝေဖန်ရည်ညွှန်း ပြောဆိုတာတော့ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

----------------

(Unicode)




တရားရုံးချုပ်တရားသူကြီး ရွေးချယ်မှု ရွေးကောက်ပွဲကို ရိုက်ခတ်
please wait

No media source currently available

0:00 0:04:21 0:00

လူထုသဘောထား စဈတမျးတှမှော ဒီမိုကရကျတဈပါတီ သမ်မတလောငျး Joe Biden နောကျမှာ ရောကျနတေဲ့ သမ်မတ Trump က အထောကျအထားမရှိတဲ့ စာတိုကျမဲတှဟော ရှေးကောကျပှဲ မဲလိမျမှု ဖွဈတယျဆိုပွီး ရှုတျခြ ပွောဆိုနတော ဖွဈပါတယျ။





ဒီမိုကရကျတဈပါတီ သမ်မတလောငျး Joe Biden ကတော့ သမ်မတ Trump ဟာ ယုတ်တိမရှိတဲ့စကားတှေ ပွောဆိုတတျသူ ဖွဈတာကွောင့ျ အခုလိုပွောတာကို သူ မအံ့ဩဘူးလို့ တုံ့ပွနျ ပွောဆိုလိုကျပါတယျ။


ဆက်စပ်သတင်းများ ...

XS
SM
MD
LG