သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ တရားသူကြီး Ginsburg နေရာမှာ အစားထိုးခန့်ထားဖို့ Amy Coney Barrett ကို သမ္မတ Trump အဆိုပြု


အမေရိကန်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖို့ သမ္မတ Trump အဆိုပြုခဲ့တဲ့ Amy Coney Barrett. (စက်တင်ဘာ ၂၆၊ ၂၀၂၀)
အမေရိကန်တရားရုံးချုပ် တရားသူကြီးအဖြစ် ခန့်အပ်ဖို့ သမ္မတ Trump အဆိုပြုခဲ့တဲ့ Amy Coney Barrett. (စက်တင်ဘာ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

တရားသူကြီး Ruth Bader Ginsburg ကွယ်လွန်သွားတဲ့အတွက် လစ်လပ်သွားတဲ့ အမေရိကန်တရားရုံးချုပ် တရားသူကြီးနေရာမှာ Amy Coney Barrett ကို အစားထိုး ခန့်အပ်ဖို့ သမ္မတ Donald Trump က စနေနေ့မှာ အမည်တင်သွင်းလိုက်ပါတယ်။

သမ္မတရွေးကောက်ပွဲဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အတွက် ရွေးကောက်ပွဲမတိုင်ခင် ၃၇ ရက်အလိုမှာ တရားရုံးချုပ်အတွက် ကွန်ဆာဗေးတစ် တယောက်ကို ခန့်အပ်ဖို့ သမ္မတ Trump အခွင့်အရေးရသွားတာ ဖြစ်ပါတယ်။

တရားရုံးချုပ် တရားသူကြီးအဖြစ် အတော်ဆုံး တရားရေးကျွမ်းကျင်သူတဦး ဖြစ်တဲ့ Amy Coney Barrett ကို အမည်စာရင်း တင်သွင်းခွင့်ရတာအတွက် ဂုဏ်ယူကြောင်း သမ္မတ Trump က အိမ်ဖြူတော် နှင်းဆီဥယျာဉ်မှာ ပြောကြားလိုက်တာပါ။

ဒါ့အပြင် သူ အမည်စာရင်း တင်သွင်းထားသူကို အမြန်အတည်ပြုပေးသင့်ကြောင်းနဲ့ လွှတ်တော်အမတ်တွေနဲ့ သတင်းမီဒီယာတွေ အနေနဲ့ သူမကို ပုဂ္ဂိုလ်ရေးအရရော ပါတီစွဲအရပါ တိုက်ခိုက်မှုတွေ မလုပ်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တကယ်လို့ Barrett ကိုသာ အတည်ပြုပေးခဲ့ရင် ကျောင်းသားအရွယ် လူမမယ် ကလေးတွေရဲ့ မိခင်တဦး တရားရုံးချုပ်မှာ တရားသူကြီးအဖြစ် ပထမဆုံး တာဝန်ထမ်းဆောင်တာ ဖြစ်လာမယ်လို့လည်း သမ္မတက ပြောပါတယ်။

ကွယ်လွန်သူ အသက် ၈၇ နှစ်အရွယ် တရားသူကြီး Ginsburg နေရာကို ဆက်ခံဖို့ သမ္မတ အမည်တင်သွင်းခဲ့တဲ့ Barrett ဟာ သမ္မတ Trump ခန့်အပ်ခဲ့တဲ့ အယူခံတရားရုံး တရားသူကြီးတဦး ဖြစ်ပါတယ်။ တရားသူကြီး Ginsburg မကွယ်လွန်ခင်ကလည်း တရားရုံးချုပ် တရားသူကြီး ၉ ဦးမှာ ကွန်ဆာဗေးတစ်က ၅ ဦးရှိနေတာ ဖြစ်ပါတယ်။

---------------------------

(Unicode)

ကှယျလှနျသူ တရားသူကွီး Ginsburg နရောမှာ အစားထိုးခန့ျထားဖို့ Amy Coney Barrett ကို သမ်မတ Trump အဆိုပွု







ဆက်စပ်သတင်းများ ...

XS
SM
MD
LG