သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ တရားသူကြီး Ginsburg ရုပ်အလောင်းကို လွှတ်တော်အဆောက်အဦးမှာ ဂါရဝပြု


ကွယ်လွန်သူ တရားသူကြီး Ginsburg ရုပ်အလောင်းကို လွှတ်တော်အဆောက်အဦးမှာ ဂါရပြု
ကွယ်လွန်သူ တရားသူကြီး Ginsburg ရုပ်အလောင်းကို လွှတ်တော်အဆောက်အဦးမှာ ဂါရပြု

(Zawgyi/Unicode)

ကွယ်လွန်သူ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ကို ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်နဲ့ အတူ သူ့ဇနီး Jill တို့က သူ့ရုပ်အလောင်း ထားရှိရာ လွှတ်တော်မှာ လာရောက် ဂါရဝပြုကြပါတယ်။ တရားသူကြီး Ginsburg ဟာ လွှတ်တော်မှာ အခုလို ဂုဏ်အပြုခံရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။

တရားသူကြီး Ginsburg အတွက် လွှတ်တော်က အမျိုးသားဂုဏ်ဆောင် ရုပ်တုတွေ ထားရှိရာခန်းမကြီးထဲမှာ ပြုလုပ်တဲ့ ဂုဏ်ပြုနှုတ်ဆက်တဲ့ အခန်းအနားကို ဂျိုးဘိုင်ဒင်နဲ့ ဇနီးတို့ တက်ရောက်ခဲ့ကြတာပါ။ အခန်းအနားမှာ လွှတ်တော်ဥက္ကဌ Nancy Pelosi က ကွယ်လွန်သူ တရားသူကြီး Ruth Bader Ginsburg ကို လွှတ်တော်မှာ အခုလို ဂုဏ်ပြုခွင့်ရတဲ့ အတွက် ဂုဏ်ယူကြောင်းပြောပါတယ်။

ဂျူးတရားဟောဆရာမ ရာဘိုင် - Lauren Holtzblatt က ကွယ်လွန်သူ အတွက် အောက်မေ့ဘွယ် အမှတ်တရ စကားတွေပြောကြားရာမှာ တရားသူကြီး Ginsburg ဟာ သူမ ဘဝတသက်တာလုံး တရားမ ျှတမှုအတွက်ပဲ လုံးပမ်းခဲ့တာဖြစ်ပြီး သူ့လုပ်ရပ် မအောင်မမြင် ဖြစ်ချိန်မျိုး မှာတောင် ဆက်ပြီး တိုက်ပွဲဝင်လေ့ရှိသူ တဦးဖြစ်ကြောင်း ပြောပါတယ်။

သူမရဲ့ ရုပ်အလောင်းကို အမေရိကန်တရားရုံးချုပ်ကနေ လွှတ်တော်ခန်းမထဲကို ပြောင်းရွှေ့ခဲ့တာပါ။ ၁၈၆၅ ခုနှစ်က အလုပ်ကြံခံခဲ့ရတဲ့ သမ္မတဟောင်း Abraham Lincoln ရဲ့ ရုပ်အလောင်းတင်ဖို့ ဒီလွှတ်တော် ခန်းမထဲမှာ တည်ဆောက်ခဲ့တဲ့ စင်မြင့်ပေါ်မှာ သူမရဲ့ ရုပ်အလောင်းကို ထားရှိ ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ဒုသမ္မတလောင်းနေရာကနေ ပါဝင်အရွေးခံဖို့ ယှဉ်ပြိုင်မယ့် Kamala Harris လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လူအကန့်အသတ်နဲ့ ကျင်းပတဲ့ ဒီအခမ်းအနား ကို တက်ရောက်ခွင့်မရတဲ့ လွှတ်တော် အမတ်တွေကတော့ သောကြာနေ့ နှောင်းပိုင်း သူမရုပ်အလောင်းကို မရွှေ့ခင်အချိန်အထိ လာရောက် ဂါရဝ ပြုနိုင်ကြပါတယ်။

ဒါဟာ လွှတ်တော်အဆောက်အဦးထဲမှာ ပထမဆုံးအဖြစ် ဂျူးလူမျိုးတဦးကို ဂုဏ်ပြုခဲ့တာပါ။ တရားသူကြီး Ginsburg ရဲ့ ရုပ်အလောင်းကို လာမယ့် သီတင်းပတ်ထဲမှာ Arlington စစ်သင်္ချိုင်းမှာ သီးသန့်အခမ်းအနားနဲ့ မြေမြှုပ်သင်္ဂြိုဟ်မှာ ဖြစ်ကြောင်း အမေရိကန်တရားရုံးချုပ်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)







XS
SM
MD
LG