(Zawgyi / Unicode)
အေမရိကန္ႏိုင္ငံမွာ သမၼတေရြးေကာက္ပြဲ က်င္းပဖို႔ သီတင္း ၆ ပတ္ပဲ လိုေတာ့ခ်ိန္မွာ တရား႐ုံးခ်ဳပ္တရားသူႀကီး Ruth Bader Ginsburg ေသာၾကာေန႔က ကြယ္လြန္သြားတဲ့အတြက္ သူ႔ေနရာမွာ အစားထိုးခန္႔အပ္ဖို႔ အမည္စာရင္းတင္သြင္းတဲ့အခါ ၾကန္႔ၾကာမႈမရွိေအာင္လုပ္ဖို႔ ရီပတ္ဘလစ္ကန္ေတြ ႀကီးစိုးတဲ့ အထက္လႊတ္ေတာ္ကို စေနေန႔မွာ သမၼတ Donald Trump က တိုက္တြန္းလိုက္ပါတယ္။
တရား႐ုံးခ်ဳပ္မွာ လစ္ဘရယ္အယူဝါဒရွိသူ တဦးျဖစ္တဲ့ တရားသူႀကီး Ginsburg ရဲ႕ ေနရာမွာ အစားထိုးခန္႔အပ္မယ့္သူအတြက္ အမည္စာရင္းတင္သြင္းဖုိ႔ သမၼတအိမ္ျဖဴေတာ္က ျပင္ဆင္ေနပါတယ္။
တရားသူႀကီး Ginsburg ကြယ္လြန္ၿပီး နာရီပိုင္းအတြင္းမွာပဲ အထက္လႊတ္ေတာ္ အမတ္အမ်ားစု ေခါင္းေဆာင္ ကန္တပ္ကီျပည္နယ္က Mitch McConnell က သမၼတ Trump အမည္စာရင္းတင္သြင္းလာသူ ဘယ္သူ႔ကိုျဖစ္ျဖစ္ မဲခြဲၾကဖို႔ ပန္ၾကားခဲ့ပါတယ္။
ဒီမိုကရက္တစ္ပါတီဝင္ေတြကေတာ့ ရီပတ္ဘလစ္ကန္ ပါတီဝင္ေတြအေနနဲဲ႔ ေရြးေကာက္ပြဲအခ်ိန္အတြင္း တရား႐ုံးခ်ဳပ္အတြက္ တရားသူႀကီး ေရြးခ်ယ္မႈေတြကို မစဥ္းစားဘဲ ၂၀၁၆ တုန္းကလို လုပ္ေဆာင္သင့္တယ္လို႔ ေျပာပါတယ္။ ၂၀၁၆ တုန္းကေတာ့ အဲဒီအခ်ိန္က သမၼတျဖစ္တဲ့ Barack Obama က လစ္လပ္ေနတဲ့ တရားသူႀကီးေနရာအတြက္ ေရြးခ်ယ္မွာကို McConnell က လက္မခံ ျငင္းပယ္ခဲ့တာပါ။
သမၼတ Trump ကေတာ့ အေမရိကန္ တရား႐ုံးခ်ဳပ္ တရားသူႀကီး ေရြးခ်ယ္မႈဟာ အေရးအႀကီးဆံုးလို႔ သတ္မွတ္ထားတာေၾကာင့္ ျပည္သူေတြအတြက္ အေရးပါတဲ့ ဆံုးျဖတ္ခ်က္ေတြ ခ်မွတ္ေပးဖို႔ တာဝန္ရွိသူကို အခ်ိန္မဆိုင္းဘဲ ေရြးခ်ယ္တင္ေျမႇာက္ေပးရမွာျဖစ္ေၾကာင္း စေနေန႔မွာပဲ သူ႔တြစ္တာကေန ေရးပါတယ္။
သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီက ဝင္ေရာက္အေရြးခံမယ့္ Joe Biden ကေတာ့ ႏိုဝင္ဘာလ ၃ ရက္ ေရြးေကာက္ပြဲေနာက္ပိုင္းမွာမွ ေရြးခ်ယ္ၾကဖုိ႔ ေျပာပါတယ္။ မဲေပးမယ့္သူေတြအေနနဲ႔ သမၼတကို အရင္မဲေပးေရြးခ်ယ္ရမွာျဖစ္ၿပီး အဲဒီအခါမွာ တက္္လာမယ့္ သမၼတကသာ တရား႐ုံးခ်ဳပ္ တရားသူႀကီးကို ေရြးဖို႔ ေျပာပါတယ္။
------------------------------
(Unicode)
အထက်လွှတ်တော်မှာ သူရွေးချယ်မယ့် တရားသူကြီးအသစ်ကို နှောင့်နှေးခြင်းမရှိ မဲပေးဖို့ သမ္မတ Trump တိုက်တွန်း
အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ သီတင်း ၆ ပတ်ပဲ လိုတော့ချိန်မှာ တရားရုံးချုပ်တရားသူကြီး Ruth Bader Ginsburg သောကြာနေ့က ကွယ်လွန်သွားတဲ့အတွက် သူ့နေရာမှာ အစားထိုးခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းတဲ့အခါ ကြန့်ကြာမှုမရှိအောင်လုပ်ဖို့ ရီပတ်ဘလစ်ကန်တွေ ကြီးစိုးတဲ့ အထက်လွှတ်တော်ကို စနေနေ့မှာ သမ္မတ Donald Trump က တိုက်တွန်းလိုက်ပါတယ်။
တရားရုံးချုပ်မှာ လစ်ဘရယ်အယူဝါဒရှိသူ တဦးဖြစ်တဲ့ တရားသူကြီး Ginsburg ရဲ့ နေရာမှာ အစားထိုးခန့်အပ်မယ့်သူအတွက် အမည်စာရင်းတင်သွင်းဖို့ သမ္မတအိမ်ဖြူတော်က ပြင်ဆင်နေပါတယ်။
တရားသူကြီး Ginsburg ကွယ်လွန်ပြီး နာရီပိုင်းအတွင်းမှာပဲ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် ကန်တပ်ကီပြည်နယ်က Mitch McConnell က သမ္မတ Trump အမည်စာရင်းတင်သွင်းလာသူ ဘယ်သူ့ကိုဖြစ်ဖြစ် မဲခွဲကြဖို့ ပန်ကြားခဲ့ပါတယ်။
ဒီမိုကရက်တစ်ပါတီဝင်တွေကတော့ ရီပတ်ဘလစ်ကန် ပါတီဝင်တွေအနေနဲ့ ရွေးကောက်ပွဲအချိန်အတွင်း တရားရုံးချုပ်အတွက် တရားသူကြီး ရွေးချယ်မှုတွေကို မစဉ်းစားဘဲ ၂၀၁၆ တုန်းကလို လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။ ၂၀၁၆ တုန်းကတော့ အဲဒီအချိန်က သမ္မတဖြစ်တဲ့ Barack Obama က လစ်လပ်နေတဲ့ တရားသူကြီးနေရာအတွက် ရွေးချယ်မှာကို McConnell က လက်မခံ ငြင်းပယ်ခဲ့တာပါ။
သမ္မတ Trump ကတော့ အမေရိကန် တရားရုံးချုပ် တရားသူကြီး ရွေးချယ်မှုဟာ အရေးအကြီးဆုံးလို့ သတ်မှတ်ထားတာကြောင့် ပြည်သူတွေအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ တာဝန်ရှိသူကို အချိန်မဆိုင်းဘဲ ရွေးချယ်တင်မြှောက်ပေးရမှာဖြစ်ကြောင်း စနေနေ့မှာပဲ သူ့တွစ်တာကနေ ရေးပါတယ်။
သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်အရွေးခံမယ့် Joe Biden ကတော့ နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲနောက်ပိုင်းမှာမှ ရွေးချယ်ကြဖို့ ပြောပါတယ်။ မဲပေးမယ့်သူတွေအနေနဲ့ သမ္မတကို အရင်မဲပေးရွေးချယ်ရမှာဖြစ်ပြီး အဲဒီအခါမှာ တက်လာမယ့် သမ္မတကသာ တရားရုံးချုပ် တရားသူကြီးကို ရွေးဖို့ ပြောပါတယ်။