သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ တရား႐ံုးခ်ဳပ္တရားသူႀကီး Ruth Bader Ginsburg အေၾကာင္း


Ruth Bader Ginsburg. (ေအာက္တုိဘာ ၂၁၊ ၂၀၁၉)

(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုရဲ႕ အျမင့္ဆံုးတရား႐ံုးခ်ဳပ္မွာ အမ်ဳိးသမီးေတြထဲက ဒုတိယေျမာက္ တရားသူႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ၈၇ ႏွစ္အရြယ္ Ruth Bader Ginsburg ဟာ ပန္ခရိယကင္ဆာနဲ႔ ကြယ္လြန္ခဲ့ပါၿပီ။ သူအသက္ရွင္စဥ္ ကာလတေလွ်ာက္လံုး အမ်ဳိးသမီးေတြ တန္းတူအခြင့္အေရး ပိုရလာဖို႔ကို တစိုက္မတ္မတ္ ေဆာင္ရြက္ခဲ့တာေၾကာင့္ တိုးတက္တဲ့အျမင္ရွိသူေတြရဲ႕ အလယ္မွာ အမ်ားရဲ႕ ၾကည္ညိဳေလးစားမႈ ခံခဲ့ရသူလည္း ျဖစ္ပါတယ္။ Ruth Bader Ginsburg အသက္ရွင္စဥ္ကာလ ႀကိဳးပမ္းလႈပ္ရွားမႈေတြအေၾကာင္း ဗီြအုိေအသတင္းေထာက္ Julie Taboh ရဲ႕ သတင္းလႊာကို မခြာညိဳ တင္ျပေပးထားပါတယ္။

အမ်ဳိးသမီးေရွ႕ေနေတြကို လက္ခ်ဳိးေရလို႔ ရႏုိင္တဲ့အခ်ိန္မွာ ၁၉၉၃ ခုႏွစ္၊ ၾသဂုတ္လ ၁၀ ရက္ေန႔မွာပဲ Ruth Bader Ginsburg ဟာ အေမရိကန္သမိုင္းမွာ တရား႐ုံးခ်ဳပ္ရဲ႕ ဒုတိယေျမာက္ အမ်ဳိးသမီး တရားသူႀကီး ျဖစ္လာခဲ့တာပါ။ သူ ေရွ႕ေနတေယာက္ ျဖစ္ခ်င္ခဲ့တယ္ဆိုတာ သူ႔ရဲ႕ တတိယႏွစ္ ေကာလိပ္ေက်ာင္းသူ ဘဝကတည္းက သိခဲ့ပါတယ္။

၁၉၅၀ ျပည့္ႏွစ္ဝန္းက်င္ ဆိုဗီယက္ျပည္ေထာင္စုရဲ႕ ထင္သာျမင္သာတ့ဲ ၿခိမ္းေျခာက္မႈ ဆိုတာေၾကာင့္ တႏုိင္ငံလံုးမွာ ေပၚလာခဲ့တဲ့ "Red Scare" လို႔ေခၚတဲ့ ကြန္ျမဴနစ္ေၾကာက္စိတ္က Ginsburg ကို တြန္းအားျဖစ္ေစခဲ့ပါတယ္။

အထက္လႊတ္ေတာ္အမတ္ Joseph McCarthy က ဦးေဆာင္ၿပီး ေထာင္နဲ႔ခ်ီတဲ့ လူေတြကို ကြန္ျမဴနစ္ေတြဆုိၿပီးေတာ့ စြပ္စြဲခဲ့ၾကတာပါ။

ဒီအျဖစ္နဲ႔ပတ္သက္လို႔ Ruth Bader Ginsburg က အခုလို ျပန္ေျပာျပပါတယ္။

“သတိၱခဲ ေရွ႕ေနေတြဟာ အဲဒီလူေတြအတြက္ မားမားမတ္မတ္ ရပ္ေပးခဲ့ၾကရင္း အထက္လႊတ္ေတာ္ကိုလည္း ‘ဖြဲ႔စည္းပံုအေျခခံဥပေဒကို ၾကည့္ပါ၊ ပထမဆံုး ျပင္ဆင္ျဖည့္စြက္ခ်က္ကို ၾကည့္ပါ၊ အဲဒီမွာ ဘာေျပာထားသလဲ’ ဆိုၿပီး သတိေပးခဲ့ၾကပါတယ္။ ေရွ႕ေနေတြက က်မတို႔အတြက္ အေျခခံအက်ဆံုး တန္ဖိုးေတြနဲ႔ ျပန္ၿပီး ေနသားတက်ျဖစ္ေအာင္ ကူညီေပးႏိုင္ၾကတယ္ဆိုရင္ က်မ ျဖစ္ခ်င္တာက အဲဒါပါပဲ။”

အမ်ဳိးသားေတြပဲ လႊမ္းမိုး ေနရာယူထားတဲ့ ဥပေဒေလာကမွာ အလုပ္ရွာမရမွာစိုးလို႔ သူ ဥပေဒေက်ာင္းတက္ဖို႔ကို မိဘေတြက အားမေပးခဲ့ၾကပါဘူး။ ဒါေပမယ့္လည္း သူကေတာ့ သႏၷိ႒ာန္ခ်ထားၿပီးသားျဖစ္လို႔ ၁၉၅၄ ခုႏွစ္မွာ ေကာ္နဲလ္တကၠသိုလ္ကေန ဘြဲ႔ရၿပီးတဲ့ေနာက္ အမ်ဳိးသမီးေတြကို စတင္လက္ခံတာ ၅ ႏွစ္သာ ရိွေသးတဲ့ ဟားဗတ္စ္ ဥပေဒေက်ာင္းမွာ တက္ခြင့္ရခဲ့ပါတယ္။

“က်မ ဥပေဒေက်ာင္းစတက္ေတာ့ ဥပေဒေက်ာင္းသားက ၅၀၀ ေက်ာ္ရွိၿပီး ေက်ာင္းသူကေတာ့ ၉ ဦးပဲ ရွိခဲ့ပါတယ္။”

ေနာက္ ၂ ႏွစ္ၾကာေတာ့ အခြန္ဆိုင္ရာ အက်ဳိးေဆာင္ေရွ႕ေနနဲ႔ ဥပေဒပါေမာကၡျဖစ္တဲ့ ခင္ပြန္းသည္ Martin Ginsburg က နယူးေယာက္ၿမိဳ႕မွာ အလုပ္ေျပာင္းလုပ္ခဲ့တဲ့အတြက္ မစၥစ္ Ginsburg လည္း ကိုလံဘီယာ ဥပေဒေက်ာင္းကို ေျပာင္းေရႊ႕ၿပီး အဲဒီေက်ာင္းကပဲ ၁၉၅၉ ခုမွာ ဥပေဒဘြဲ႔ ရခဲ့ပါတယ္။ မိဘေတြ ခန္႔မွန္းထားတဲ့အတုိင္း အမ်ဳိးသားေတြလႊမ္းမိုးတဲ့ ဥပေဒေလာကထဲ ဝင္ဖို႔က စိန္ေခၚမႈ ႀကီးမားခဲ့ပါတယ္။

“နယူးေယာက္ၿမိဳ႕က ဥပေဒအက်ဳိးေဆာင္အဖြဲ႔ တဖြဲ႔တေလကေတာင္မွ က်မကို လိုလိုလားလား အလုပ္ခန္႔ခ်င္ၾကတာ မရွိပါဘူး။”

စာနာတတ္တဲ့ ပါေမာကၡတေယာက္ရဲ႕ အကူအညီနဲ႔ အလုပ္သင္ အလုပ္တခုကို ရခဲ့ပါတယ္။ မၾကာခင္မွာ Ginsburg ဟာ Rutgers University နဲ႔ ကိုလံဘီယာ ဥပေဒေက်ာင္းေတြမွာ စၿပီး စာသင္ေပးခဲ့ပါတယ္။ ၁၉၇၂ ခုႏွစ္မွာ ဘဝအမ်ဳိးမ်ဳိး က်င္လည္ေနၾကရတဲ့ အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးေတြအတြက္ အမ်ဳိးသမီး အခြင့္အေရး စီမံခ်က္ WOMEN'S RIGHTS PROJECT ဆိုတဲ့အဖြဲ႔ကို စတင္ထူေထာင္ခဲ့ပါတယ္။

Lenora Lapidus က WOMEN'S RIGHTS PROJECT အဖြဲ႔ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာပါ။

“အဲဒီေခတ္တုန္းက အမ်ဳိးသားေတြကို ဦးစားေပးတဲ့ ဥပေဒအမ်ားအျပား ရွိခဲ့ၾကပါတယ္။ Ginsburg က ၁၉၇၀ ျပည့္ႏွစ္ေတြအတြင္း အမ်ဳိးသမီး အခြင့္အေရးေတြကို ဦးေဆာင္ၿပီး လိင္ပိုင္းဆုိင္ရာ ခြဲျခားဆက္ဆံမႈကို တားျမစ္တဲ့ ဖြဲ႔စည္းပံုဥပေဒကို တည္ေထာင္ဖို႔ တရား႐ံုးခ်ဳပ္အထိ တမႈၿပီးတမႈ ေလွ်ာက္လဲတင္ျပခဲ့သူပါ။”

အဲဒီေနာက္ ႏွစ္ေပါင္း ၂၀ ၾကာအၿပီး ၁၉၉၃ ခုႏွစ္မွာေတာ့ သမၼတ ဘီလ္ ကလင္တန္က တရား႐ံုးခ်ဳပ္ တရားသူႀကီးတဦးအျဖစ္ Ruth Bader Ginsburg ကို အမည္တင္သြင္းခဲ့ၿပီးတဲ့ေနာက္ အတည္ျပဳ ခန္႔ထားခံခဲ့ရပါတယ္။

တရား႐ံုးခ်ဳပ္မွာ သူ တာဝန္ထမ္းေဆာင္စဥ္ ကာလအတြင္း ဘက္မလိုက္တဲ့ တရားေရးဆံုးျဖတ္မႈေတြအတြက္ Ginsburg က ရွင္းရွင္းလင္းလင္း ရပ္တည္ေျပာဆိုခဲ့ပါတယ္။ က်ား၊ မ ဆိုတဲ့ အကန္႔အသတ္ေတြကို လုပ္ငန္းခြင္မွန္သမွ်မွာ အမ်ဳိးသမီးေတြ ရင္ဆိုင္ေနၾကရဆဲ ျဖစ္ေပမယ့္ အေမရိကန္မွာေတာ့ ဒီခြဲျခားမႈမ်ဳိး မရွိေတာ့ပါဘူးလို႔လည္း သူက ေျပာပါတယ္။

က်န္ေနတာကေတာ့ အေမရိကန္ လူ႔အဖြဲ႔အစည္းမွာ လုပ္ငန္းခြင္မွာျဖစ္ေစ၊ မိသားစုတြင္းျဖစ္ေစ က်ား၊ မ ညီမွ်မႈရွိဖို႔ လိုအပ္တယ္ဆိုတာကို တရား႐ံုးမွာ ဥပေဒအျဖစ္ မျပ႒ာန္းႏိုင္ေသးတာဘဲ ျဖစ္တယ္လို႔လည္း သူက ေျပာပါတယ္။ Ginsburg ဟာ အလုပ္လည္းလုပ္၊ ၂၀၁၀ ခုႏွစ္က ကြယ္လြန္သြားတဲ့ ခင္ပြန္းသည္ရဲ႕ အားေပးေထာက္ခံမႈေတြနဲ႔ ကေလးႏွစ္ေယာက္မိခင္အျဖစ္ အိမ္ေထာင့္တာဝန္ေတြၾကားမွာ ဟန္ခ်က္ညီေအာင္ ထိန္းညႇိ ရွင္သန္ခဲ့သူပါ။

“က်မဘဝမွာ အေရးအပါဆံုးကေတာ့ က်မခင္ပြန္းသည္ပါ။ သူက က်မအလုပ္ကို သူ႔အလုပ္လိုပဲ အေရးႀကီးတယ္လို႔ သေဘာထားပါတယ္။ ၿပီးေတာ့ သူ႔ကေလးေတြကိုလည္း ေကာင္းေကာင္း လူလားေျမာက္ေစလိုတဲ့စိတ္လည္း ရွိတဲ့သူပါ။”

တရား႐ံုးခ်ဳပ္ တရားသူႀကီး Ruth Bader Ginsburg က သူယံုၾကည္တာကိုလုပ္ဖို႔ အၿမဲႀကိဳးစားပါတယ္လို႔လည္း ေျပာပါတယ္။

“ဥပေဒကို၊ ကိုယ့္တုိင္းျပည္ကိုယ္ ခ်စ္ျမတ္ႏိုးသူ၊ တဦးခ်င္းစီရဲ႕ လူ႔အခြင့္အေရးနဲ႔ လူ႔ဂုဏ္သိကၡာကို ခ်စ္သူ၊ ပင္ကုိယ္စြမ္းရည္ ဘာပဲရွိရွိ ကိုယ္စြမ္းရွိသမွ် အားသြန္ခြန္စိုက္ ႀကိဳးပမ္းအားထုတ္ၿပီး ကမၻာေလာကႀကီးကို ပိုၿပီးေကာင္းမြန္ေအာင္ ႀကိဳးပမ္းအားထုတ္ခဲ့သူ တေယာက္အျဖစ္ က်မကို သတိရေနၾကလိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”

၁၉၃၃ ခုႏွစ္၊ မတ္လ ၁၅ ရက္မွာ နယူးေယာက္ျပည္နယ္၊ Brooklyn ၿမိဳ႕မွာ ေမြးဖြားခဲ့သူ Ruth Bader Ginsburg ဟာ အသက္ ၈၇ ခုႏွစ္အရြယ္ ဝါရွင္တန္မွာ ကြယ္လြန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ကွယ်လွန်သူ တရားရုံးချုပ်တရားသူကြီး Ruth Bader Ginsburg အကြောင်း

အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံးတရားရုံးချုပ်မှာ အမျိုးသမီးတွေထဲက ဒုတိယမြောက် တရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ၈၇ နှစ်အရွယ် Ruth Bader Ginsburg ဟာ ပန်ခရိယကင်ဆာနဲ့ ကွယ်လွန်ခဲ့ပါပြီ။ သူအသက်ရှင်စဉ် ကာလတလျှောက်လုံး အမျိုးသမီးတွေ တန်းတူအခွင့်အရေး ပိုရလာဖို့ကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာကြောင့် တိုးတက်တဲ့အမြင်ရှိသူတွေရဲ့ အလယ်မှာ အများရဲ့ ကြည်ညိုလေးစားမှု ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ Ruth Bader Ginsburg အသက်ရှင်စဉ်ကာလ ကြိုးပမ်းလှုပ်ရှားမှုတွေအကြောင်း ဗွီအိုအေသတင်းထောက် Julie Taboh ရဲ့ သတင်းလွှာကို မခွာညို တင်ပြပေးထားပါတယ်။

အမျိုးသမီးရှေ့နေတွေကို လက်ချိုးရေလို့ ရနိုင်တဲ့အချိန်မှာ ၁၉၉၃ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှာပဲ Ruth Bader Ginsburg ဟာ အမေရိကန်သမိုင်းမှာ တရားရုံးချုပ်ရဲ့ ဒုတိယမြောက် အမျိုးသမီး တရားသူကြီး ဖြစ်လာခဲ့တာပါ။ သူ ရှေ့နေတယောက် ဖြစ်ချင်ခဲ့တယ်ဆိုတာ သူ့ရဲ့ တတိယနှစ် ကောလိပ်ကျောင်းသူ ဘဝကတည်းက သိခဲ့ပါတယ်။

၁၉၅၀ ပြည့်နှစ်ဝန်းကျင် ဆိုဗီယက်ပြည်ထောင်စုရဲ့ ထင်သာမြင်သာတဲ့ ခြိမ်းခြောက်မှု ဆိုတာကြောင့် တနိုင်ငံလုံးမှာ ပေါ်လာခဲ့တဲ့ "Red Scare" လို့ခေါ်တဲ့ ကွန်မြူနစ်ကြောက်စိတ်က Ginsburg ကို တွန်းအားဖြစ်စေခဲ့ပါတယ်။

အထက်လွှတ်တော်အမတ် Joseph McCarthy က ဦးဆောင်ပြီး ထောင်နဲ့ချီတဲ့ လူတွေကို ကွန်မြူနစ်တွေဆိုပြီးတော့ စွပ်စွဲခဲ့ကြတာပါ။

ဒီအဖြစ်နဲ့ပတ်သက်လို့ Ruth Bader Ginsburg က အခုလို ပြန်ပြောပြပါတယ်။

“သတ္တိခဲ ရှေ့နေတွေဟာ အဲဒီလူတွေအတွက် မားမားမတ်မတ် ရပ်ပေးခဲ့ကြရင်း အထက်လွှတ်တော်ကိုလည်း ‘ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်ပါ၊ ပထမဆုံး ပြင်ဆင်ဖြည့်စွက်ချက်ကို ကြည့်ပါ၊ အဲဒီမှာ ဘာပြောထားသလဲ’ ဆိုပြီး သတိပေးခဲ့ကြပါတယ်။ ရှေ့နေတွေက ကျမတို့အတွက် အခြေခံအကျဆုံး တန်ဖိုးတွေနဲ့ ပြန်ပြီး နေသားတကျဖြစ်အောင် ကူညီပေးနိုင်ကြတယ်ဆိုရင် ကျမ ဖြစ်ချင်တာက အဲဒါပါပဲ။”

အမျိုးသားတွေပဲ လွှမ်းမိုး နေရာယူထားတဲ့ ဥပဒေလောကမှာ အလုပ်ရှာမရမှာစိုးလို့ သူ ဥပဒေကျောင်းတက်ဖို့ကို မိဘတွေက အားမပေးခဲ့ကြပါဘူး။ ဒါပေမယ့်လည်း သူကတော့ သန္နိဋ္ဌာန်ချထားပြီးသားဖြစ်လို့ ၁၉၅၄ ခုနှစ်မှာ ကော်နဲလ်တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့နောက် အမျိုးသမီးတွေကို စတင်လက်ခံတာ ၅ နှစ်သာ ရှိသေးတဲ့ ဟားဗတ်စ် ဥပဒေကျောင်းမှာ တက်ခွင့်ရခဲ့ပါတယ်။

“ကျမ ဥပဒေကျောင်းစတက်တော့ ဥပဒေကျောင်းသားက ၅၀၀ ကျော်ရှိပြီး ကျောင်းသူကတော့ ၉ ဦးပဲ ရှိခဲ့ပါတယ်။”

နောက် ၂ နှစ်ကြာတော့ အခွန်ဆိုင်ရာ အကျိုးဆောင်ရှေ့နေနဲ့ ဥပဒေပါမောက္ခဖြစ်တဲ့ ခင်ပွန်းသည် Martin Ginsburg က နယူးယောက်မြို့မှာ အလုပ်ပြောင်းလုပ်ခဲ့တဲ့အတွက် မစ္စစ် Ginsburg လည်း ကိုလံဘီယာ ဥပဒေကျောင်းကို ပြောင်းရွှေ့ပြီး အဲဒီကျောင်းကပဲ ၁၉၅၉ ခုမှာ ဥပဒေဘွဲ့ ရခဲ့ပါတယ်။ မိဘတွေ ခန့်မှန်းထားတဲ့အတိုင်း အမျိုးသားတွေလွှမ်းမိုးတဲ့ ဥပဒေလောကထဲ ဝင်ဖို့က စိန်ခေါ်မှု ကြီးမားခဲ့ပါတယ်။

“နယူးယောက်မြို့က ဥပဒေအကျိုးဆောင်အဖွဲ့ တဖွဲ့တလေကတောင်မှ ကျမကို လိုလိုလားလား အလုပ်ခန့်ချင်ကြတာ မရှိပါဘူး။”

စာနာတတ်တဲ့ ပါမောက္ခတယောက်ရဲ့ အကူအညီနဲ့ အလုပ်သင် အလုပ်တခုကို ရခဲ့ပါတယ်။ မကြာခင်မှာ Ginsburg ဟာ Rutgers University နဲ့ ကိုလံဘီယာ ဥပဒေကျောင်းတွေမှာ စပြီး စာသင်ပေးခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဘဝအမျိုးမျိုး ကျင်လည်နေကြရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအတွက် အမျိုးသမီး အခွင့်အရေး စီမံချက် WOMEN'S RIGHTS PROJECT ဆိုတဲ့အဖွဲ့ကို စတင်ထူထောင်ခဲ့ပါတယ်။

Lenora Lapidus က WOMEN'S RIGHTS PROJECT အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာပါ။

“အဲဒီခေတ်တုန်းက အမျိုးသားတွေကို ဦးစားပေးတဲ့ ဥပဒေအများအပြား ရှိခဲ့ကြပါတယ်။ Ginsburg က ၁၉၇၀ ပြည့်နှစ်တွေအတွင်း အမျိုးသမီး အခွင့်အရေးတွေကို ဦးဆောင်ပြီး လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုကို တားမြစ်တဲ့ ဖွဲ့စည်းပုံဥပဒေကို တည်ထောင်ဖို့ တရားရုံးချုပ်အထိ တမှုပြီးတမှု လျှောက်လဲတင်ပြခဲ့သူပါ။”

အဲဒီနောက် နှစ်ပေါင်း ၂၀ ကြာအပြီး ၁၉၉၃ ခုနှစ်မှာတော့ သမ္မတ ဘီလ် ကလင်တန်က တရားရုံးချုပ် တရားသူကြီးတဦးအဖြစ် Ruth Bader Ginsburg ကို အမည်တင်သွင်းခဲ့ပြီးတဲ့နောက် အတည်ပြု ခန့်ထားခံခဲ့ရပါတယ်။

တရားရုံးချုပ်မှာ သူ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း ဘက်မလိုက်တဲ့ တရားရေးဆုံးဖြတ်မှုတွေအတွက် Ginsburg က ရှင်းရှင်းလင်းလင်း ရပ်တည်ပြောဆိုခဲ့ပါတယ်။ ကျား၊ မ ဆိုတဲ့ အကန့်အသတ်တွေကို လုပ်ငန်းခွင်မှန်သမျှမှာ အမျိုးသမီးတွေ ရင်ဆိုင်နေကြရဆဲ ဖြစ်ပေမယ့် အမေရိကန်မှာတော့ ဒီခွဲခြားမှုမျိုး မရှိတော့ပါဘူးလို့လည်း သူက ပြောပါတယ်။

ကျန်နေတာကတော့ အမေရိကန် လူ့အဖွဲ့အစည်းမှာ လုပ်ငန်းခွင်မှာဖြစ်စေ၊ မိသားစုတွင်းဖြစ်စေ ကျား၊ မ ညီမျှမှုရှိဖို့ လိုအပ်တယ်ဆိုတာကို တရားရုံးမှာ ဥပဒေအဖြစ် မပြဋ္ဌာန်းနိုင်သေးတာဘဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ Ginsburg ဟာ အလုပ်လည်းလုပ်၊ ၂၀၁၀ ခုနှစ်က ကွယ်လွန်သွားတဲ့ ခင်ပွန်းသည်ရဲ့ အားပေးထောက်ခံမှုတွေနဲ့ ကလေးနှစ်ယောက်မိခင်အဖြစ် အိမ်ထောင့်တာဝန်တွေကြားမှာ ဟန်ချက်ညီအောင် ထိန်းညှိ ရှင်သန်ခဲ့သူပါ။

“ကျမဘဝမှာ အရေးအပါဆုံးကတော့ ကျမခင်ပွန်းသည်ပါ။ သူက ကျမအလုပ်ကို သူ့အလုပ်လိုပဲ အရေးကြီးတယ်လို့ သဘောထားပါတယ်။ ပြီးတော့ သူ့ကလေးတွေကိုလည်း ကောင်းကောင်း လူလားမြောက်စေလိုတဲ့စိတ်လည်း ရှိတဲ့သူပါ။”

တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg က သူယုံကြည်တာကိုလုပ်ဖို့ အမြဲကြိုးစားပါတယ်လို့လည်း ပြောပါတယ်။

“ဥပဒေကို၊ ကိုယ့်တိုင်းပြည်ကိုယ် ချစ်မြတ်နိုးသူ၊ တဦးချင်းစီရဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို ချစ်သူ၊ ပင်ကိုယ်စွမ်းရည် ဘာပဲရှိရှိ ကိုယ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ကြိုးပမ်းအားထုတ်ပြီး ကမ္ဘာလောကကြီးကို ပိုပြီးကောင်းမွန်အောင် ကြိုးပမ်းအားထုတ်ခဲ့သူ တယောက်အဖြစ် ကျမကို သတိရနေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

၁၉၃၃ ခုနှစ်၊ မတ်လ ၁၅ ရက်မှာ နယူးယောက်ပြည်နယ်၊ Brooklyn မြို့မှာ မွေးဖွားခဲ့သူ Ruth Bader Ginsburg ဟာ အသက် ၈၇ ခုနှစ်အရွယ် ဝါရှင်တန်မှာ ကွယ်လွန်ခဲ့ပါတယ်။

XS
SM
MD
LG