သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်နေတဲ့ တရားရုံးချုပ် တရားသူကြီးနေရာ အမည်စာရင်း ငါးခု Trump အဆိုပြုဖို့ရှိ


 အမေရိကန်တရားရုံးချုပ်
အမေရိကန်တရားရုံးချုပ်

(Zawgyi/Unicode)

အမေရိကန်နိုင်ငံမှာ သောကြာနေ့က ကွယ်လွန်သွားခဲ့တဲ့ နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg နေရာမှာ အစာထိုးခန့်အပ်ဖို့ လူ ၅ ဦး ကို အမည်စာရင်း တင်သွင်းမှာဖြစ်ပြီ်း ဒီစာရင်းကို သောကြာ ဒါမှမဟုတ် စနေနေ့မှာ ကြေညာဖို့ရှိကြောင်း သမ္မတဒေါ်နယ်ထရမ့်က တနင်္လာနေ့မှာ ပြောပါတယ်။

တရားသူကြီးအဖြစ် အမျိုးသမီးခန့်အပ်ဖို့ အမည်စာရင်းတင်သွင်းမှာ ဖြစ်ပြီး သူတို့ထဲမှာ မကြခင်နှစ်တွေ အတွင်းမှာ ပြည်ထောင်စု အယူခံ တရားရုံး တရားသူကြီးတွေအဖြစ် သူခန့်အပ်ခဲ့တဲ့ ကွန်ဆာဗေးတစ် တွေ ဖြစ်တဲ့ Amy Coney Barrett ၊ Barbara Lagoa နဲ့ Allison Jones Rushing တို့ ပါဝင်ကြောင်း သမ္မတထရမ့်က ပြောပါတယ်။ ဒါပေမယ့် နောက် ၂ ဦးက ဘယ်သူတွေ ဆိုတာကိုတော့ ထုတ်မပြောပါဘူး။

ပြည်သူရွေးကောက်တင်မြှောက်ထားသူ အနေနဲ့ လုပ်သင့်တာကို လုပ်ရမှာ ဖြစ်ပြီး အခုကိစ္စမှာ တတ်နိုင်သမ ျှ အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၆ ပတ်လောက်ပဲ လိုတော့တာ ဖြစ်ပြီး ဒီရွေးကောက်ပွဲမတိုင်ခင်မှာ သူအမည်စာရင်း တင်သွင်းသူအတွက် အထက်လွှတ်တော်က မဲပေးရွေးချယ် အတည်ပြုပေးသင့်တယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဖြစ်တဲ့ ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်က တော့ လစ်လပ်သွားတဲ့ တရားရုံးချုပ် တရားသူကြီးနေရာကို ရွေးကောက်ပွဲ အပြီးတက်လာတဲ့ သမ္မတက သာ ရွေးချယ်စေချင်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

..............

(Unicode)





ဆက်စပ်သတင်းများ ...

XS
SM
MD
LG