သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဟိႏၵဴ - မြတ္ဆလင္ ေျမေနရာအျငင္းပြားမႈ ဆံုးျဖတ္ခ်က္ ခ်ေတာ့မည္


အိႏၵိယႏုိင္ငံေတာ္ တရားရံုး

(Zawgyi/Unicode)

အိႏၵိယႏိုင္ငံ အယုဒၶယၿမိဳ႕ေလးမွာ ႏွစ္ေပါင္း အစိတ္ေက်ာ္ ဟိႏၵဴနဲ႔ မြတ္ဆလင္တို႔ၾကား အျငင္းပြားေနတဲ့ ၂.၇၇ ဧက အက်ယ္ရွိတဲ့ ေျမေနရာ ပိုင္ဆိုင္မႈ အတြက္ စေနေန႔မွာ ႏုိင္ငံေတာ္ တရားရံုးက ဆံုးျဖတ္ခ်က္ ခ်ေပးေတာ့မွာ ျဖစ္ပါတယ္။

ဒီေနရာမွာ တည္ေဆာက္ထားတဲ့ မြတ္ဆလင္ဗလီကို လြန္ခဲ့တဲ့ ၂၅ ႏွစ္ေက်ာ္တုန္းက ဟိႏၵဴေတြကၿဖိဳခ် ဖ်က္ဆီးပစ္ခဲ့တာေၾကာင့္ အိႏၵိယႏုိင္ငံမွာ အျပင္းထန္ဆံုး ဘာသာေရးအၾကမ္းဖက္မႈေတြ ျဖစ္ပြား ခဲ့တာပါ။ ဒီေနရာဟာ သူတုိ႔ရဲ႕ ရာမဘုရား ေမြးဖြားရာလို႔ ဟိႏၵဴေတြကယံုၾကည္ၾကၿပီး ဒီေနရာမွာ ဘုရားေက်ာင္းေဆာက္ခ်င္ေနသလို မြတ္ဆလင္ေတြကလည္း ဗလီေဆာက္ခ်င္ေနၾကတာ ျဖစ္ပါတယ္။

တရားရံုးဆံုးျဖတ္ခ်က္ ခ်ဖို႔လုပ္ေနခ်ိန္မွာပဲ လူဦးေရ ၅ ေသာင္းခဲြေလာက္ ေနထုိင္တဲ့ ဒီၿမိဳ႕ကေလးအတြက္ လံုၿခံဳေရးရဲနဲ႔ ျပည္သူ႔စစ္ ၅ ေထာင္ေလာက္ ကင္းလွည့္ ေစာင့္ၾကည့္ေနတာပါ။ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ရွိၾကဖို႔ ဟိႏၵဴနဲ႔ မြတ္ဆလင္ အဖြဲ႔ေတြက ေဆာ္ၾသေနၾကသလို ဝန္ႀကီးခ်ဳပ္ Narendra Modi နဲ႔ တျခားႏုိင္ငံေရး ေခါင္းေဆာင္ေတြကလည္း တည္တည္ၿငိမ္ၿငိမ္ရွိဖို႔ ေျပာဆိုေနၾကတာပါ။ လူစု ဆႏၵျပမႈကိုလည္း တားျမစ္ထားပါတယ္။

ဟိႏၵဴေတြရဲ့ ဘုရားေက်ာင္းပ်က္ေနရာမွာ အဲဒီအခ်ိန္က အုပ္စိုးခဲ့တဲ့ မြတ္ဆလင္ေတြက ဗလီတည္ေဆာက္ခဲ့တယ္လို႔ ေျပာၿပီး ၁၉၉၂ မွာ မူစလင္ေတြရဲ့ ဒီ ၁၆ ရာစုက ဗလီဝတ္ေက်ာင္းကို ဟိႏၵဴအစြန္းေရာက္ေတြက ၿဖိဳခ်ခဲ့တာ ျဖစ္ၿပီး အဲဒီခ်ိန္ကစၿပီး အယုဒၶယမွာ ဘာသာေရး အဓိကရုဏ္းေတြ ျဖစ္ေနတာပါ။

ဒီနယ္ေျမအတြက္ သံုးပံု ၂ ပုံကို ဟိႏၵဴေတြယူၿပီး တပံုကို မြတ္ဆလင္ေတြ ယူဖို႔ ၂၀၁၀ တုန္းက တရားရံုး ဆံုးျဖတ္ခ်က္ကို မေက်နပ္တဲ့ ဟိႏၵဴနဲ႔ မြတ္ဆလင္ အုပ္စုေတြက အထက္တရားရံုးအထိ တက္ၿပီး တိုင္ၾကားခဲ့တဲ့ အတြက္ စေနေန႔မွာ ဆံုးျဖတ္ခ်က္ ခ်ေပးေတာ့မွာ ျဖစ္ပါတယ္။

.................

ဟိန္ဒူ - မွတ်ဆလင် မြေနေရာအငြင်းပွားမှု ဆုံးဖြတ်ချက် ချတော့မည်

(Unicode)

အိန္ဒိယနိုင်ငံ အယုဒ္ဓယမြို့လေးမှာ နှစ်ပေါင်း အစိတ်ကျော် ဟိန္ဒူနဲ့ မွတ်ဆလင်တို့ကြား အငြင်းပွားနေတဲ့ ၂.၇၇ ဧက အကျယ်ရှိတဲ့ မြေနေရာ ပိုင်ဆိုင်မှု အတွက် စနေနေ့မှာ နိုင်ငံတော် တရားရုံးက ဆုံးဖြတ်ချက် ချပေးတော့မှာ ဖြစ်ပါတယ်။

ဒီနေရာမှာ တည်ဆောက်ထားတဲ့ မွတ်ဆလင်ဗလီကို လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်တုန်းက ဟိန္ဒူတွေကဖြိုချ ဖျက်ဆီးပစ်ခဲ့တာကြောင့် အိန္ဒိယနိုင်ငံမှာ အပြင်းထန်ဆုံး ဘာသာရေးအကြမ်းဖက်မှုတွေ ဖြစ်ပွား ခဲ့တာပါ။ ဒီနေရာဟာ သူတို့ရဲ့ ရာမဘုရား မွေးဖွားရာလို့ ဟိန္ဒူတွေကယုံကြည်ကြပြီး ဒီနေရာမှာ ဘုရားကျောင်းဆောက်ချင်နေသလို မွတ်ဆလင်တွေကလည်း ဗလီဆောက်ချင်နေကြတာ ဖြစ်ပါတယ်။

တရားရုံးဆုံးဖြတ်ချက် ချဖို့လုပ်နေချိန်မှာပဲ လူဦးရေ ၅ သောင်းခွဲလောက် နေထိုင်တဲ့ ဒီမြို့ကလေးအတွက် လုံခြုံရေးရဲနဲ့ ပြည်သူ့စစ် ၅ ထောင်လောက် ကင်းလှည့် စောင့်ကြည့်နေတာပါ။ ငြိမ်းငြိမ်းချမ်းချမ်း ရှိကြဖို့ ဟိန္ဒူနဲ့ မွတ်ဆလင် အဖွဲ့တွေက ဆော်သြနေကြသလို ဝန်ကြီးချုပ် Narendra Modi နဲ့ တခြားနိုင်ငံရေး ခေါင်းဆောင်တွေကလည်း တည်တည်ငြိမ်ငြိမ်ရှိဖို့ ပြောဆိုနေကြတာပါ။ လူစု ဆန္ဒပြမှုကိုလည်း တားမြစ်ထားပါတယ်။

ဟိန္ဒူတွေရဲ့ ဘုရားကျောင်းပျက်နေရာမှာ အဲဒီအချိန်က အုပ်စိုးခဲ့တဲ့ မွတ်ဆလင်တွေက ဗလီတည်ဆောက်ခဲ့တယ်လို့ ပြောပြီး ၁၉၉၂ မှာ မူစလင်တွေရဲ့ ဒီ ၁၆ ရာစုက ဗလီဝတ်ကျောင်းကို ဟိန္ဒူအစွန်းရောက်တွေက ဖြိုချခဲ့တာ ဖြစ်ပြီး အဲဒီချိန်ကစပြီး အယုဒ္ဓယမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်နေတာပါ။

ဒီနယ်မြေအတွက် သုံးပုံ ၂ ပုံကို ဟိန္ဒူတွေယူပြီး တပုံကို မွတ်ဆလင်တွေ ယူဖို့ ၂၀၁၀ တုန်းက တရားရုံး ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ဟိန္ဒူနဲ့ မွတ်ဆလင် အုပ်စုတွေက အထက်တရားရုံးအထိ တက်ပြီး တိုင်ကြားခဲ့တဲ့ အတွက် စနေနေ့မှာ ဆုံးဖြတ်ချက် ချပေးတော့မှာ ဖြစ်ပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG