သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ တရားသူႀကီး Ruth Bader Ginsburg ကုိ သမၼတ Trump ဂါရ၀ျပဳ


ကြယ္လြန္သူ တရားသူႀကီး Ruth Bader Ginsburg ကုိ သမၼတ Trump နဲ႔ သမၼတကေတာ္ Melania တို႔ ဂါရ၀ျပဳ

(Zawgyi/Unicode)

ကြယ္လြန္သူ တရားသူႀကီး Ruth Bader Ginsburg အတြက္ ဂါရဝျပဳဖို႔ ထားရွိတဲ့ ႏိုင္ငံေတာ္ တရားရံုခ်ဳပ္ကို ၾကာသပေတးေန႔က သမၼတေဒၚနယ္ထရမ့္နဲ႔ သမၼတကေတာ္ Melania တို႔ လာေရာက္တဲ့အခါမွာ သမၼတကို မဲမေပးပဲျဖဳတ္ခ်ၾကဖို႔ ေၾကြးေၾကာ္တာေတြ ေလွာင္ေျပာင္တာေတြနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

တရားသူႀကီး Ginsburg အတြက္ ဗုဒၶဟူးေန႔က အေမရိကန္တရားရံုးခ်ဳပ္ ခန္းမႀကီးထဲမွာ သီးသန္႔ အခမ္းအနားနဲ႔ ဂုဏ္ျပဳခဲ့တာ ျဖစ္ၿပီး သူမရဲ့ မိသားစုဝင္ေတြနဲ႔ ေရာင္းရင္း တရားသူႀကီးေတြ တက္ေရာက္ခဲ့ၾကပါတယ္။ ေနာက္ပိုင္းမွာ တရားရံုးခ်ဳပ္အေရွ႕ ေလွကားဘက္ကို ေရႊ႕ေျပာင္းၿပီး လူထုဂါရဝျပဳႏိုင္ဖုိ႔ ၾကာသပေတးညပိုင္းအထိ ထားရွိေပးမွာ ျစဖ္ပါတယ္။

ေသာၾကာေန႔မွာေတာ့ သူမရဲ့ ရုပ္အေလာင္းကို လႊတ္ေတာ္က အမ်ိဳးသားအထိမ္းအမွတ္ ရုပ္ထုေတြ ထားရွိရာ ခန္းမႀကီး ထဲ ေျပာင္းေရႊ႕မွာ ျဖစ္ပါတယ္။ ဒီေနရာမွာ ၁၈၆၅ ခုႏွစ္တုန္းက ကြယ္လြန္သူ သမၼတ Abraham Lincoln အလုပ္ႀကံခံခ့ဲရၿပီးတဲ့ ေနာက္ သူ႔ရုပ္အေလာင္းထားရွိဖုိ႔ ေဆာက္ထားတဲ့ စင္ျမင့္ရွိၿပီး အဲဒီ ေနရာမွာ သူမရဲ့ရုပ္အေလာင္းကို ထားရွိမွာ ျဖစ္ပါတယ္။ သူမဟာ အခုလိုလႊတ္ေတာ္ထဲ ထားရွိၿပီး ဂုဏ္အျပဳ ခံရတဲ့ ပထမဆံုး အမ်ိဳးသမီးျဖစ္ပါတယ္။

သူမရဲ့ ၾကြင္းက်န္တဲ့ ရုပ္အေလာင္းကိုေတာ့ လာမယ့္ သီတင္းပတ္ထဲမွာ အာလင္တန္စစ္သခ်ိဳင္းမွာ ျမႈပ္ႏွံမွာ ျဖစ္ၿပီး မိသားစုဝင္ေတြပဲ တက္ေရာက္မယ့္ သီးသန္႔အခမ္းအနားတခု ျဖစ္ေၾကာင္း တရားရံုးခ်ဳပ္က ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။

တရားသူႀကီး Ginsburg ကြယ္လြန္သြားတာအတြက္ တရားရံုးခ်ဳပ္က ေၾကကြဲဝမ္းနည္းရေၾကာင္း နဲ႔ တရားသူႀကီး Ginsburg ရဲ့ ဘဝလမ္းဟာ အေမရိကန္အိပ္မက္ ပံုစံမ်ိဳးစံုထဲက တခု ျဖစ္ေၾကာင္း အေမရိကန္ တရားရံုးခ်ဳပ္ တရားသူႀကီးခ်ဳပ္ John Roberts က ေျပာၾကားခဲ့ပါတယ္။

အသက္ ၈၇ ႏွစ္ရွိၿပီျဖစ္တဲ့ တရားသူႀကီး Ginsburg ဟာ ေသာၾကာေန႔က ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားတာ ျဖစ္ၿပီး အေမရိကန္ႏုိင္ငံရဲ့ တရားရံုးခ်ဳပ္မွာ ၂၇ ႏွစ္တာဝန္ထမ္းေဆာင္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


....................

ကွယ်လွန်သူ တရားသူကြီး Ruth Bader Ginsburg ကို သမ္မတ Trump ဂါရဝပြု

(Unicode)

ကွယ်လွန်သူ တရားသူကြီး Ruth Bader Ginsburg အတွက် ဂါရဝပြုဖို့ ထားရှိတဲ့ နိုင်ငံတော် တရားရုံချုပ်ကို ကြာသပတေးနေ့က သမ္မတဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် Melania တို့ လာရောက်တဲ့အခါမှာ သမ္မတကို မဲမပေးပဲဖြုတ်ချကြဖို့ ကြွေးကြော်တာတွေ လှောင်ပြောင်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

တရားသူကြီး Ginsburg အတွက် ဗုဒ္ဓဟူးနေ့က အမေရိကန်တရားရုံးချုပ် ခန်းမကြီးထဲမှာ သီးသန့် အခမ်းအနားနဲ့ ဂုဏ်ပြုခဲ့တာ ဖြစ်ပြီး သူမရဲ့ မိသားစုဝင်တွေနဲ့ ရောင်းရင်း တရားသူကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။ နောက်ပိုင်းမှာ တရားရုံးချုပ်အရှေ့ လှေကားဘက်ကို ရွှေ့ပြောင်းပြီး လူထုဂါရဝပြုနိုင်ဖို့ ကြာသပတေးညပိုင်းအထိ ထားရှိပေးမှာ စြဖ်ပါတယ်။

သောကြာနေ့မှာတော့ သူမရဲ့ ရုပ်အလောင်းကို လွှတ်တော်က အမျိုးသားအထိမ်းအမှတ် ရုပ်ထုတွေ ထားရှိရာ ခန်းမကြီး ထဲ ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ၁၈၆၅ ခုနှစ်တုန်းက ကွယ်လွန်သူ သမ္မတ Abraham Lincoln အလုပ်ကြံခံခဲ့ရပြီးတဲ့ နောက် သူ့ရုပ်အလောင်းထားရှိဖို့ ဆောက်ထားတဲ့ စင်မြင့်ရှိပြီး အဲဒီ နေရာမှာ သူမရဲ့ရုပ်အလောင်းကို ထားရှိမှာ ဖြစ်ပါတယ်။ သူမဟာ အခုလိုလွှတ်တော်ထဲ ထားရှိပြီး ဂုဏ်အပြု ခံရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါတယ်။

သူမရဲ့ ကြွင်းကျန်တဲ့ ရုပ်အလောင်းကိုတော့ လာမယ့် သီတင်းပတ်ထဲမှာ အာလင်တန်စစ်သချိုင်းမှာ မြှုပ်နှံမှာ ဖြစ်ပြီး မိသားစုဝင်တွေပဲ တက်ရောက်မယ့် သီးသန့်အခမ်းအနားတခု ဖြစ်ကြောင်း တရားရုံးချုပ်က ကြေညာချက် ထုတ်ပြန်ပါတယ်။

တရားသူကြီး Ginsburg ကွယ်လွန်သွားတာအတွက် တရားရုံးချုပ်က ကြေကွဲဝမ်းနည်းရကြောင်း နဲ့ တရားသူကြီး Ginsburg ရဲ့ ဘဝလမ်းဟာ အမေရိကန်အိပ်မက် ပုံစံမျိုးစုံထဲက တခု ဖြစ်ကြောင်း အမေရိကန် တရားရုံးချုပ် တရားသူကြီးချုပ် John Roberts က ပြောကြားခဲ့ပါတယ်။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ တရားသူကြီး Ginsburg ဟာ သောကြာနေ့က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာ ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ တရားရုံးချုပ်မှာ ၂၇ နှစ်တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG