သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကြယ္လြန္သူ ကန္တရားရံုးခ်ဳပ္တရားသူႀကီး အမ်ားျပည္သူဂါရဝျပဳႏိုင္


ကြယ္လြန္သူ တရားသူႀကီး Ruth Bader Ginsburg ကို ၾကည့္႐ႈ ႏႈတ္ဆက္ဖို႔ လာေရာက္ၾကသူတခ်ိဳ႕ကို တရား႐ံုးခ်ဳပ္ အေဆာက္အဦးေရွ႕မွာေတြ႔ရ။ (စက္တင္ဘာ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ကြယ္လြန္သူ အေမရိကန္တရား႐ံုးခ်ဳပ္ တရားသူႀကီး Ruth Bader Ginsburg ရဲ႕ ႂကြင္းက်န္ရစ္တဲ့ ႐ုပ္ကလပ္ကို မိတ္ေဆြေတြနဲ႔ သူ႔ကို ေလးစားသူေတြ ဒီကေန႔ကစၿပီး ေနာက္ဆံုးအႀကိမ္အျဖစ္ ဂါရဝျပဳ ႏႈတ္ဆက္ခြင့္ရၾကေတာ့မွာျဖစ္ပါတယ္။

Ginsburg ရဲ႕ ႐ုပ္ကလပ္ကို ဒီကေန႔မနက္ပိုင္းမွာ တရား႐ံုးခ်ဳပ္ အေဆာက္အဦးထဲက Great Hall မဟာခန္းမႀကီးထဲကို သယ္ယူလာၿပီး မိသားစုဝင္ေတြနဲ႔ သူ႔ရဲ႕လုပ္ေဖာ္ကိုင္ဖက္ တရားသူႀကီးေတြပဲ တက္ေရာက္မယ့္ သီးျခား ဂုဏ္ျပဳႏႈတ္ဆက္ပြဲတခု လုပ္မွာျဖစ္ပါတယ္။

အဲဒီေနာက္ တရား႐ံုးခ်ဳပ္ အေဆာက္အဦးရဲ႕ ေရွ႕ေလွခါးထစ္ေတြေပၚ ႐ုပ္ကလပ္ကို ေရႊ႕ထားမွာျဖစ္ၿပီး အမ်ားျပည္သူအေနနဲ႔ ၾကာသပေတးေန႔အထိ ၾကည့္႐ႈ ႏႈတ္ဆက္ခြင့္ရၾကပါမယ္။

အဲဒီေနရာဟာ ၁၈၆၅ ခုႏွစ္က သမၼတ ေအဘရာဟင္မ္ လင္ကြန္း လုပ္ၾကံခံရလို႔ ကြယ္လြန္သြားၿပီးတဲ့ေနာက္ သူ႔ရဲ႕႐ုပ္ကလပ္ကိုထားဖို႔ သစ္သားနဲ႔ ေဆာက္လုပ္ခဲ့တဲ့ေနရာျဖစ္ပါတယ္။

ေသာၾကာေန႔မွာေတာ့ တရား႐ံုးခ်ုပ္နဲ႔ တဘက္ျခမ္းက အေမရိကန္ လႊတ္ေတာ္အေဆာက္အဦးထဲ ႐ုပ္ကလပ္ကို ေရႊ႕မွာျဖစ္ပါတယ္။ လႊတ္ေတာ္အေဆာက္အဦးထဲက ႐ုပ္တုခန္းမ Statuary Hall မွာ ႐ုပ္ကလပ္ကို ထားမွာျဖစ္တာေၾကာင့္ ဒီလိုဂုဏ္ျပဳခံရတဲ့ ပထမဆံုး အမ်ဳိးသမီးျဖစ္ပါလိမ့္မယ္။ အဲဒီခန္းမထဲမွာ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတာ္ေတြနဲ႔ အစဥ္အလာ ဂုဏ္ျပဳႏႈတ္ဆက္ပြဲ လုပ္ၿပီးတဲ့ေနာက္ အမ်ားျပည္သူ ၾကည့္႐ႈႏႈတ္ဆက္ခြင့္ ရၾကပါမယ္။

Ginsburg ရဲ႕ ႐ုပ္ႂကြင္းကို ေနာက္သီတင္းပတ္မွာ အာလင္တန္ ႏုိင္ငံေတာ္ သခ်ုိဳ ၤင္းမွာ သၿဂိဳ ၤဟ္မယ္လုိ႔ တရား႐ံုးခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္တခုမွာ ေျပာထားပါတယ္။ အဲဒီသခ်ဳိ ၤင္းဟာ သမၼတ John F. Kennedy နဲ႔ သူ႔ရဲ႕အကို အထက္လႊတ္ေတာ္အမတ္ေတြျဖစ္ၾကတဲ့ Robert Kennedy နဲ႔ Edward Kennedy၊ ဟဲဗီးဝိတ္ လက္ေဝွ႔ခ်န္ပီယံ Joe Louis တို႔လို အထင္ကရပုဂၢိဳလ္ႀကီးေတြကို ေျမျမွဳပ္သၿဂိ ၤဳဟ္တဲ့ေနရာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကွယ်လွန်သူ ကန်တရားရုံးချုပ်တရားသူကြီး အများပြည်သူဂါရဝပြုနိုင်

ကွယ်လွန်သူ အမေရိကန်တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg ရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်ကို မိတ်ဆွေတွေနဲ့ သူ့ကို လေးစားသူတွေ ဒီကနေ့ကစပြီး နောက်ဆုံးအကြိမ်အဖြစ် ဂါရဝပြု နှုတ်ဆက်ခွင့်ရကြတော့မှာဖြစ်ပါတယ်။

Ginsburg ရဲ့ ရုပ်ကလပ်ကို ဒီကနေ့မနက်ပိုင်းမှာ တရားရုံးချုပ် အဆောက်အဦးထဲက Great Hall မဟာခန်းမကြီးထဲကို သယ်ယူလာပြီး မိသားစုဝင်တွေနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် တရားသူကြီးတွေပဲ တက်ရောက်မယ့် သီးခြား ဂုဏ်ပြုနှုတ်ဆက်ပွဲတခု လုပ်မှာဖြစ်ပါတယ်။

အဲဒီနောက် တရားရုံးချုပ် အဆောက်အဦးရဲ့ ရှေ့လှေခါးထစ်တွေပေါ် ရုပ်ကလပ်ကို ရွှေ့ထားမှာဖြစ်ပြီး အများပြည်သူအနေနဲ့ ကြာသပတေးနေ့အထိ ကြည့်ရှု နှုတ်ဆက်ခွင့်ရကြပါမယ်။

အဲဒီနေရာဟာ ၁၈၆၅ ခုနှစ်က သမ္မတ အေဘရာဟင်မ် လင်ကွန်း လုပ်ကြံခံရလို့ ကွယ်လွန်သွားပြီးတဲ့နောက် သူ့ရဲ့ရုပ်ကလပ်ကိုထားဖို့ သစ်သားနဲ့ ဆောက်လုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။

သောကြာနေ့မှာတော့ တရားရုံးချုပ်နဲ့ တဘက်ခြမ်းက အမေရိကန် လွှတ်တော်အဆောက်အဦးထဲ ရုပ်ကလပ်ကို ရွှေ့မှာဖြစ်ပါတယ်။ လွှတ်တော်အဆောက်အဦးထဲက ရုပ်တုခန်းမ Statuary Hall မှာ ရုပ်ကလပ်ကို ထားမှာဖြစ်တာကြောင့် ဒီလိုဂုဏ်ပြုခံရတဲ့ ပထမဆုံး အမျိုးသမီးဖြစ်ပါလိမ့်မယ်။ အဲဒီခန်းမထဲမှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေနဲ့ အစဉ်အလာ ဂုဏ်ပြုနှုတ်ဆက်ပွဲ လုပ်ပြီးတဲ့နောက် အများပြည်သူ ကြည့်ရှုနှုတ်ဆက်ခွင့် ရကြပါမယ်။

Ginsburg ရဲ့ ရုပ်ကြွင်းကို နောက်သီတင်းပတ်မှာ အာလင်တန် နိုင်ငံတော် သချို ၤင်းမှာ သဂြို ၤဟ်မယ်လို့ တရားရုံးချုပ်ရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။ အဲဒီသချို ၤင်းဟာ သမ္မတ John F. Kennedy နဲ့ သူ့ရဲ့အကို အထက်လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Robert Kennedy နဲ့ Edward Kennedy၊ ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ Joe Louis တို့လို အထင်ကရပုဂ္ဂိုလ်ကြီးတွေကို မြေမြှုပ်သဂြိ ၤုဟ်တဲ့နေရာဖြစ်ပါတယ်။

XS
SM
MD
LG