(Zawgyi/Unicode)
ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ပထမဆံုးအမ်ိဳးသမီး မဟာမင္းႀကီးအျဖစ္ တာဝန္ယူခဲ့တဲ့ ဂ်ပန္ႏိုင္ငံသူ Sadako Ogata ဟာ ေအာက္တိုဘာလ ၂၂ ရက္ေန႔က ကြယ္လြန္သြားပါတယ္။
အသက္ ၉၂ ႏွစ္အ႐ြယ္ရွိတဲ့ ဆာဒါကို အိုဂါတာ ကြယ္လြန္သြားတဲ့အေၾကာင္း သူေနာက္ဆုံး တာဝန္ယူလုပ္ကိုင္သြားတဲ့ ဂ်ပန္ႏိုင္ငံရဲ႕ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ေအဂ်င္စီ (JICA) အဖြဲ႔က ေၾကညာခ်က္ထုတ္ျပန္ပါတယ္။
ေသဆုံးရတဲ့ အေၾကာင္းအရင္းကိုေတာ့ ေၾကညာခ်က္မွာ ေဖာ္ျပမထားပါဘူး။ Ogata ဟာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း Tsuyoshi Inukai ရဲ႕ ျမစ္ေတာ္စပ္ၿပီး အေမရိကန္ျပည္ေထာင္စု Georgetown တကၠသိုလ္ကေန မဟာဘြဲ႔ရခဲ့သလို ကယ္လီဖိုးနီးယားတကၠသိုလ္ Berkeley ကေန ႏိုင္ငံေရးသိပၸံနဲ႔ ပါရဂူဘြဲ႔ရခဲ့တာ ျဖစ္ပါတယ္။
၁၉၉၁ ခုႏွစ္ကေန ၂၀၀၀ ခုႏွစ္အထိ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီးအျဖစ္ တာဝန္ယူခဲ့ပါတယ္။ ၁၉၉၀ ျပည့္ႏွစ္ေတြအတြင္း ျမန္မာႏိုင္ငံမွာ ေ႐ြးေကာက္ပြဲၿပီး အဲဒီအခ်ိန္က အတိုက္ခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္ က်ခံခဲ့ရတဲ့အခ်ိန္ေတြမွာ ဆာဒါကို အိုဂါတာ ဟာ ျမန္မာႏိုင္ငံကို အႀကိမ္ႀကိမ္ သြားေရာက္ခဲ့ပါတယ္။
ကုလသမဂၢ လူ႔အခြင့္အေရး ကိုယ္စားလွယ္ တဦးလည္းျဖစ္ခဲ့တဲ့ ဆာဒါကို ဟာ ျမန္မာႏိုင္ငံခရီးစဥ္အတြင္း ေတြ႔ရွိခ်က္ေတြကိုလည္း ကုလသမဂၢအေထြေထြညီလာခံကို အစီရင္ခံစာ တင္ျပခဲ့ဖူးပါတယ္။
[Unicode Version]
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ပထမဆုံးအမျိုးသမီး မဟာမင်းကြီးအဖြစ် တာဝန်ယူခဲ့တဲ့ ဂျပန်နိုင်ငံသူ Sadako Ogata ဟာ အောက်တိုဘာလ ၂၂ ရက်နေ့က ကွယ်လွန်သွားပါတယ်။
အသက် ၉၂ နှစ်အရွယ်ရှိတဲ့ ဆာဒါကို အိုဂါတာ ကွယ်လွန်သွားတဲ့အကြောင်း သူနောက်ဆုံး တာဝန်ယူလုပ်ကိုင်သွားတဲ့ ဂျပန်နိုင်ငံရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။
သေဆုံးရတဲ့ အကြောင်းအရင်းကိုတော့ ကြေညာချက်မှာ ဖော်ပြမထားပါဘူး။ Ogata ဟာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Tsuyoshi Inukai ရဲ့ မြစ်တော်စပ်ပြီး အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ်ကနေ မဟာဘွဲ့ရခဲ့သလို ကယ်လီဖိုးနီးယားတက္ကသိုလ် Berkeley ကနေ နိုင်ငံရေးသိပ္ပံနဲ့ ပါရဂူဘွဲ့ရခဲ့တာ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေအတွင်း မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲပြီး အဲဒီအချိန်က အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံခဲ့ရတဲ့အချိန်တွေမှာ ဆာဒါကို အိုဂါတာ ဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တဦးလည်းဖြစ်ခဲ့တဲ့ ဆာဒါကို ဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း တွေ့ရှိချက်တွေကိုလည်း ကုလသမဂ္ဂအထွေထွေညီလာခံကို အစီရင်ခံစာ တင်ပြခဲ့ဖူးပါတယ်။