အေမရိကန္ႏိုင္ငံေရးအသိုင္းအဝိုင္းမွာ ၾသဇာေညာင္းသူတေယာက္ျဖစ္တဲ့ ေအာက္လႊတ္ေတာ္အမတ္ Elijah Cummings ဟာ အသက္ ၆၈ ႏွစ္မွာ ကြယ္လြန္သြားပါတယ္။
အခ်ိန္အေတာ္ၾကာထဲက ႐ွိေနတဲ့ က်န္းမာေရးျပႆနာေတြေၾကာင့္ ကြယ္လြန္သြားတယ္လို႔ သူ႔ရဲ႕႐ံုးက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။ Maryland ျပည္နယ္ Baltimore ၿမိဳ႕သားတေယာက္ျဖစ္တဲ့ လႊတ္ေတာ္အမတ္ Cummings ဟာ ေအာက္လႊတ္ေတာ္မွာ အဓိကစံုစမ္းေရးေကာ္မတီတခုျဖစ္တဲ့ စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠ႒တာဝန္ကို ယူခဲ့သူျဖစ္ပါတယ္။
လက္႐ွိသမၼတ Donald Trump အေပၚ တရားစြဲဆိုႏိုင္ေရး စံုစမ္းမႈေတြကို အဓိကေဆာင္႐ြက္ေနတဲ့ ေကာ္မတီျဖစ္ပါတယ္။ သူဟာ ၁၉၉၆ ခုႏွစ္ထဲက Congress လႊတ္ေတာ္အမတ္အျဖစ္ အေ႐ြးခံခဲ့ရတာပါ။ Howard တကၠသိုလ္နဲ႔ Maryland ဥပေဒတကၠသိုလ္တို႔ကေန ဘဲြ႔ရခဲ့ၿပီး Maryland ျပည္နယ္ ေအာက္လႊတ္ေတာ္မွာလည္း တာဝန္ထမ္းခဲ့ပါတယ္။
အေမရိကန္ Mexico နယ္စပ္ကိစၥနဲ႔ ပတ္သက္လို႔ ဇူလိုင္လတုန္းက လုပ္ခဲ့တဲ့ လႊတ္ေတာ္ၾကားနာပြဲေတြမွာ Trump အစိုးရရဲ႕ လူဝင္မႈႀကီးၾကပ္ေရးဆုိင္ရာ မူဝါဒေတြအေပၚ စစ္ေဆးသံုးသပ္ခဲ့တာေၾကာင့္ သမၼတ Trump က သူ႔အေပၚ Twitter လူမႈကြန္ယက္ေပၚမွာ တိုက္ခိုက္ေျပာဆိုခဲ့ပါတယ္။
ႏိုင္ငံထဲတရားမဝင္ ဝင္လာသူေတြကိုထားတဲ့ နယ္စပ္ထိန္းသိမ္းေရးစခန္းေတြရဲ႕ အေျခအေနနဲ႔ ခဲြခံရတဲ့ ကေလးငယ္ေတြရဲ႕မိဘေတြ ဘယ္မွာ႐ွိသလဲဆိုတာကို အစုိးရက မွတ္တမ္းအေသအခ်ာ မထားတဲ့အေပၚ အမိေျမလံုၿခံဳေရးယာယီအႀကီးအကဲ Kevin McAleenan အေပၚ ေကာ္မတီဥကၠ႒ Cummings က ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ပါတယ္။
အဲဒီေနာက္ သမၼတ Trump ကလႊတ္ေတာ္အမတ္ Cummings ဟာ သိပ္ကိုဗိုလ္က် အႏုိင္က်င့္သူျဖစ္တယ္လို႔ ေျပာခဲ့သလို ေအာက္လႊတ္ေတာ္အမတ္ကိုယ္စားျပဳတဲ့ Baltimore ကမွ ပိုၿပီးေၾကာက္စရာေကာင္းတယ္လို႔ ေဝဖန္တိုက္ခိုက္ခဲ့ပါတယ္။
[Unicode Version]
အမေရိကန်နိုင်ငံရေးအသိုင်းအဝိုင်းမှာ သြဇာညောင်းသူတယောက်ဖြစ်တဲ့ အောက်လွှတ်တော်အမတ် Elijah Cummings ဟာ အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားပါတယ်။
အချိန်အတော်ကြာထဲက ရှိနေတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ကွယ်လွန်သွားတယ်လို့ သူ့ရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ Maryland ပြည်နယ် Baltimore မြို့သားတယောက်ဖြစ်တဲ့ လွှတ်တော်အမတ် Cummings ဟာ အောက်လွှတ်တော်မှာ အဓိကစုံစမ်းရေးကော်မတီတခုဖြစ်တဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌတာဝန်ကို ယူခဲ့သူဖြစ်ပါတယ်။
လက်ရှိသမ္မတ Donald Trump အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းမှုတွေကို အဓိကဆောင်ရွက်နေတဲ့ ကော်မတီဖြစ်ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်ထဲက Congress လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရတာပါ။ Howard တက္ကသိုလ်နဲ့ Maryland ဥပဒေတက္ကသိုလ်တို့ကနေ ဘွဲ့ရခဲ့ပြီး Maryland ပြည်နယ် အောက်လွှတ်တော်မှာလည်း တာဝန်ထမ်းခဲ့ပါတယ်။
အမေရိကန် Mexico နယ်စပ်ကိစ္စနဲ့ ပတ်သက်လို့ ဇူလိုင်လတုန်းက လုပ်ခဲ့တဲ့ လွှတ်တော်ကြားနာပွဲတွေမှာ Trump အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေအပေါ် စစ်ဆေးသုံးသပ်ခဲ့တာကြောင့် သမ္မတ Trump ကသူ့အပေါ် Twitter လူမှုကွန်ယက်ပေါ်မှာ တိုက်ခိုက်ပြောဆိုခဲ့ပါတယ်။
နိုင်ငံထဲတရားမဝင် ဝင်လာသူတွေကိုထားတဲ့ နယ်စပ်ထိန်းသိမ်းရေးစခန်းတွေရဲ့ အခြေအနေနဲ့ ခွဲခံရတဲ့ ကလေးငယ်တွေရဲ့မိဘတွေ ဘယ်မှာရှိသလဲဆိုတာကို အစိုးရက မှတ်တမ်းအသေအချာ မထားတဲ့အပေါ် အမိမြေလုံခြုံရေးယာယီအကြီးအကဲ Kevin McAleenan အပေါ် ကော်မတီဥက္ကဋ္ဌ Cummings က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။
အဲဒီနောက် သမ္မတ Trump ကလွှတ်တော်အမတ် Cummings ဟာ သိပ်ကိုဗိုလ်ကျ အနိုင်ကျင့်သူဖြစ်တယ်လို့ ပြောခဲ့သလို အောက်လွှတ်တော်အမတ်ကိုယ်စားပြုတဲ့ Baltimore ကမှ ပိုပြီးကြောက်စရာကောင်းတယ်လို့ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။