သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမဲအများစုနေထိုင်ရာ Baltimore မြို့ နဲ့ လွှတ်တော်အမတ်အပေါ် Trump ဆက်လက်ဝေဖန်


 လွှတ်တော်အမတ်Elijah Cummings
လွှတ်တော်အမတ်Elijah Cummings

အမေရိကန်သမ္မတ Donald Trump ဟာ အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသား အများစုနေထိုင်တဲ့ Baltimore မြို့တော်နဲ့ အဲဒီဒေသ ကိုယ်စားပြု ထင်ရှားတဲ့ လွှတ်တော်အမတ်Elijah Cummings ကို ဦးတည်တိုက်ခိုက်မှုတွေ ဆက်လုပ်နေတာ ဖြစ်ပြီး ဒါဟာ လူမျိုးရေးခွဲခြားမှု တခု အဖြစ် Trump ကိုဝေဖန်သူတချို့ ကပြောဆိုနေကြတာပါ။

လွှတ်တော်အမတ် Elijah Cummings ဟာ သမ္မတ မိသားစု ဝင်တွေ အပါအဝင် အိမ်ဖြူတော် အရာရှိတွေရဲ့ ဆက်သွယ်မှုတွေနဲ့ ပတ်သက်ပြီး အချက်လက်တွေ ရယူဖို့ ကြိုးစားနေတဲ့ အောက်လွှတ်တော်ရဲ့ အင်အားကြီးတဲ့ စောင့်ကြည့်ရေးနဲ့ ပြုပြင်ပြောင်းလဲရေး ကော်မတီဝင် တဦးဖြစ်ပါတယ်။

လူမဲအောက်လွှတ်တော်အမတ်ဖြစ်တဲ့ Cummings ကို ဝေဖန်တိုက်ခိုက်နေပြီး သူဟာ ရက်စက်ပြီး ဗိုလ်ကျတဲ့ သူအဖြစ် တိုက်ခိုက်ပြောဆိုသလို သူ့ရဲ့ မဲဆန္ဒနယ်မြေ Baltimore ဟာလည်း ရွံရှာဖွယ်ဖြစ်ပြီး ကြွက်တွေ သောင်းကျန်းနေတဲ့ နယ်မြေဖြစ်တယ်လို့ Trump ဟာ သူ့တွစ်တာကနေ တဆင့်တိုက်ခိုက်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတကို ဝေဖန်နေသူ နောက် တဦးဖြစ်တဲ့ Baptist တရားဟောဆရာလည်းဖြစ် ပြည်သူ့အခွင့်ရေးလှုပ်ရှားတဲ့ ထင်ရှားသူ Al Sharpton ကိုလည်း Trump က တနင်္လာနေ့ အစောပိုင်းမှာ တွစ်တာကတဆင့် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

Baltimore မှာ ရောက်ရှိနေတဲ့ Al Sharpton က Trump ဟာ ကလေးဆန်ပြီး သူ့ကို တယောက်ယောက်က တခုခု ပြောတိုင်း ပြန်တုန့်ပြန်လေ့ ရှိကြောင်း ခံနိုင်ရည် နဲပြီး ရင့်ကျက်မှု မရှိကြောင်း လူမဲတွေနဲ့ အသားရောင်ရှိ လူမျိုးတွေ အပေါ် အထူးသဖြင့် တိုက်ခိုက် ပြောဆိုလေ့ ရှိကြောင်း ဝေဖန်လိုက်ပါတယ်။

တနင်္လာနေ့ ညနေပိုင်းက Trump ဟာ ဆင်းရဲမွဲတေတဲ့ မြို့တွေက တရားဟော ဆရာ ၂၀ ခန့်နဲ့ ၂ နာရီကြာ တွေ့ဆုံခဲ့ပါတယ်။ အခုလို တွေ့ဆုံမှု အတွင်း သူက စကားသိပ်မပြောပဲ ပိုပြီး နားထောင်ခဲ့တယ်လို့ အစည်းဝေးကို တက်ရောက်ခဲ့တဲ့ အာဖရိကန် အမေရိကန် တရားဟော ဆရာများ ဆိုင်ရာ ညွန့်ပေါင်းအဖွဲ့ ဥက္ကဌာ Bill Owens က ပြောပါတယ်။ အခုလို တွေ့ဆုံမှုဟာ Cummings ကို မတိုက်ခိုက်ခင်မှာ စီစဉ်ထားတာ ဖြစ်ပါတယ်။

လူမဲအများစုနေထိုင်ရာ Baltimore မြို့ နဲ့ လွှတ်တော်အမတ်အပေါ် Trump ဆက်လက်ဝေဖန်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG