သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီ ကွယ်လွန်


ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီ (ဇူလိုင်၊ ၂၉၊ ၂၀၁၈)
ဇင်ဘာဘွေသမ္မတဟောင်း ရောဘတ်မူဂါဘီ (ဇူလိုင်၊ ၂၉၊ ၂၀၁၈)

Zimbabwe နိုင်ငံသမ္မတဟောင်း Robert Mugabe အသက် ၉၅ နှစ်မှာ ကွယ်လွန်သွားပါတယ်။ သမ္မတဟောင်း Mugabe ကွယ်လွန်ကြောင်းကို လက်ရှိသမ္မတ Emmerson Mnangagwa က Twitter လူမှုကွန်ယက်ပေါ်ကနေ အသိပေးခဲ့ပါတယ်။ နိုင်ငံရဲ့ ဖခင်ကြီးလို့ သမ္မတ Mnangagwa ကပြောဆိုပြီး အင်မတန် စိတ်မကောင်းဖြစ်ကြောင်း Twitter ပေါ်မှာ ရေးသားပါတယ်။

Zimbabwe နိုင်ငံ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့ ပြီးနောက်ပိုင်း ၁၉၈၀ ခုနှစ်ကစပြီး Robert Mugabe ဟာ နှစ်ပေါင်း ၃၇ နှစ်ကြာ နိုင်ငံကို အုပ်ချုပ်ခဲ့တာပါ။

Zimbabwe သမ္မတဟောင်း Mugabe ကို တချို့က လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ တော်လှန်ရေးသမားတယောက်လို့ မြင်ကြသလို တချို့ကလည်း အာဏာရှင်တယောက်လို့ မြင်ကြပါတယ်။

သူ့ရဲ့ဇနီး Grace Mugabe အာဏာလွှဲပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့ချိန် ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ ဖိအားပေးမှုကြောင့် သမ္မတ Mugabe အာဏာကနေ ဆင်းပေးခဲ့ရပါတယ်။ နိုင်ငံလွတ်မြောက်ရေးကို ဦးဆောင်ခဲ့သ ူတယောက်ဖြစ်တဲ့ Mugabe အာဏာရလာခဲ့ပြီးနောက် နိုင်ငံ စီးပွားရေး တိုးတက်အောင်လုပ်ခဲ့ပေမဲ့ နောက်ပိုင်း အတိုက်အခံတွေကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်တဲ့အထိ လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ ဝေဖန်ခံခဲ့ရပါတယ်။

သက္ကရာဇ် ၂၀၀၀ တုန်းက နိုင်ငံထဲက လူဖြူတွေပိုင်တဲ့ လယ်ယာမြေတွေကို သိမ်းဆည်းပြီး လူမည်းတွေကို လွှဲပြောင်း လယ်လုပ်ခွင့်ပြုခဲ့တာကြောင့် အနောက်နိုင်ငံတွေက Mugabe နဲ့ သူ့ရဲ့မဟာမိတ်တွေအပေါ် ဒဏ်ခတ်အရေးယူခဲ့ကြပါတယ်။

၂၀၀၈ ခုနှစ်တုန်းကလည်း Zimbabwean ဒေါ်လာငွေကြေး ဖောင်းပွမှု ရာခိုင်နှုန်း သန်း ၂၃၀ ကျော်အထိ မြင့်တက်ခဲ့တဲ့အတွက် ငွေစနစ်ကို ဖျက်သိမ်းခဲ့ရပါတယ်။

Zimbabwe သမ္မတဟောင်းဟာ စင်္ကာပူဆေးရုံတခုမှာ ဆေးကုသမှုခံယူရင်း သေဆုံးသွားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG