သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တရားရုံးချုပ် တရားသူကြီးသစ်အဖြစ် ခန့်မယ့်သူ သမ္မတ Trump ဒီနေ့ကြေညာမယ်


Ruth Bader Ginsburg ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အမေရိကန် တရားရုံးချုပ်မှာ နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထားတဲ့မြင်ကွင်း။
Ruth Bader Ginsburg ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အမေရိကန် တရားရုံးချုပ်မှာ နိုင်ငံတော်အလံ တိုင်ဝက်လွှင့်ထားတဲ့မြင်ကွင်း။

(Zawgyi / Unicode)

အမေရိကန်သမ္မတ Donald Trump က Amy Coney Barrett ကို အမေရိကန် တရားရုံးချုပ် တရားသူကြီးအဖြစ် ဒီနေ့မှာ အဆိုတင်သွင်းလိမ့်မယ်လို့ ခန့်မှန်းရကြောင်း အမေရိကန် သတင်းမီဒီယာတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားတဲ့ အမေရိကန် တရားရုံးချုပ် တရားသူကြီး Ruth Bader Ginsburg နေရာမှာ အစားထိုးဖို့အတွက် အယူခံတရားရုံး တရားသူကြီး Barrett ကို အဆိုပြုဖို့ ဒီနေ့ညနေ ၅ နာရီမှာ ကြေညာသွားမှာဖြစ်တယ်လို့ CNN အပါအဝင် အမေရိကန် သတင်းမီဒီယာ အတော်များများက အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြနေကြပါတယ်။ ဒါပေမယ့် တရားဝင်မကြေညာမချင်း နောက်ဆုံးချိန်အထိ သမ္မတ Trump အနေနဲ့ ပြောင်းနိုင်ချေရှိတယ်လို့လည်း ဆိုပါတယ်။

အသက် ၈၇ နှစ်အရွယ် ပြီးခဲ့တဲ့တပတ်မှာ ကွယ်လွန်သွားခဲ့တဲ့ တရားသူကြီး Ginsburg နေရာမှာ အစားထိုးဖို့အတွက် အမျိုးသမီး တရားသူကြီးကို အဆိုပြုသွားမယ်လို့ သမ္မတ Trump ကတော့ ကတိပြုထားပါတယ်။

အခုလောလောဆယ်မှာတော့ ဒီနေရာအတွက် ဖက်ဒရယ်အယူခံတရားရုံး တရားသူကြီး Barrett နဲ့ နောက်ထပ် အယူခံတရားရုံး တရားသူကြီး Barbara Lagoa တို့က ရှေ့က ဦးဆောင်နေပါတယ်။

သမ္မတ Trump က သူ့အစိုးရ တက်လာခါစမှာ အဲဒီ ၂ ယောက်စလုံးကို ဖက်ဒရယ်အယူခံတရားရုံး တရားသူကြီးတွေအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

လာမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတ Trump က တရားရုံးချုပ် တရားသူကြီး နေရာအတွက် ကွန်ဆာဗေးတစ်ဝါဒီတဦးကို ခန့်အပ်နိုင်ဖို့ လုပ်နေတာဖြစ်ပါတယ်။

ဒီမိုကရက်တွေဘက်ကတော့ ရွေးကောက်ပွဲအနိုင်အရှုံးကို သိရပြီးတော့မှ ခန့်ဖို့ ပြောနေချိန်မှာ အထက်လွှတ်တော် ရီပတ်ဘလစ်ကန်တွေကတော့ ဒါကို အတည်ပြုနိုင်ဖို့အတွက် အမြန်ဆုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)

ကနျတရားရုံးခြုပျ တရားသူကွီးသဈအဖွဈ ခန့ျမယ့ျသူ သမ်မတ Trump ဒီနေ့ကွညောမယျ



အသကျ ၈၇ နှဈအရှယျ ပွီးခဲ့တဲ့တပတျမှာ ကှယျလှနျသှားခဲ့တဲ့ တရားသူကွီး Ginsburg နရောမှာ အစားထိုးဖို့အတှကျ အမြိုးသမီး တရားသူကွီးကို အဆိုပွုသှားမယျလို့ သမ်မတ Trump ကတော့ ကတိပွုထားပါတယျ။


သမ်မတ Trump က သူ့အစိုးရ တကျလာခါစမှာ အဲဒီ ၂ ယောကျစလုံးကို ဖကျဒရယျအယူခံတရားရုံး တရားသူကွီးတှအေဖွဈ ခန့ျအပျခဲ့တာ ဖွဈပါတယျ။



XS
SM
MD
LG