သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID ကိုင်တွယ်မှုအားနည်းချက် Biden ဝေဖန်မှု Trump ပယ်ချ


Pennsylvania ပြည်နယ်မှာ ကျင်းပတဲ့ လူထုစုဝေးပွဲ သမ္မတ Trump တက်ရောက်
Pennsylvania ပြည်နယ်မှာ ကျင်းပတဲ့ လူထုစုဝေးပွဲ သမ္မတ Trump တက်ရောက်

(Zawgyi/Unicode)

ရီပတ်ဘလစ်ကင်ပါတီက သမ္မတ ဒေါ်နယ်ထရမ့်က သူ့ကို ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအတွက် လက်မြှောက် အရှုံးပေးတယ်လို့ ဒီမိုကရက်တစ်ပါတီက သူ့ပြိုင်ဘက် ဂျိုးဘိုင်ဒင်ရဲ့ ဝေဖန်မှုတွေဟာ မှားယွင်းကြောင်းနဲ့ သူ့အနေနဲ့ ဒီကပ်ရောဂါတိုက်ဖျက်ရေးအတွက် လက်လေ ျှာ့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတက သူအကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် Pennsylvania ပြည်နယ်မှာ ကျင်းပတဲ့ လူထုစုဝေးပွဲ ၃ ခု ကို တနင်္လာနေ့ မသွားခင် Allentown လေဆိပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။ ဒါ့အပြင် သူ့ပြိုင်ဘက် ဘိုင်ဒင်ကသာ သူ့နေအိမ်ကမခွါပဲ ဘဝအတွက် လက်မြှောက် အရှုံးပေး နေတာ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ဟာ စနေနေ့မှာ Pennsylvania က ကားပေါ်ကနေ ပြုလုပ်တဲ့ လူထုစုဝေးပွဲ ၂ ခုကို တက်ရောက်ခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်ရေးအတွက် လူချင်းခပ်ခွါခွါနေဖို့ စည်းကမ်းအတိုင်း လုပ်ဆောင်ခဲ့သလို တနင်္လာနေ့မှာလည်း မဲဆွယ်ပွဲမပြုလုပ်ခဲ့ပါဘူး။

အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ် Mark Meadows က အမေရိကန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ထိန်းချုပ်မှာ မဟုတ်ကြောင်း တနင်္ဂနွေနေ့ CNN ရုပ်သံအစီစဉ်မှာ ပြောခဲ့သလို ဒီရောဂါဟာ တုပ်ကွေးလို ကူးစက်ဗိုင်းရပ်စ် တမျိုး ဖြစ်တဲ့ အတွက်

သူ့အတွက် ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ နဲ့ ဒီရောဂါလျော့ပါးစေဖို့ လုပ်ရမှာတွေကို ရအောင် လုပ်နေကြောင်း ပြောကြားခဲ့တာပါ။

ဒါကြောင့် ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒင်က တနင်္ဂနွေနေ့မှာပဲ ကြေညာချက် ထုတ်ပြန်ပြီး Meadows ရဲ့ ပြောကြားချက်တွေဟာ သမ္မတထရမ့်ရဲ့ မဟာဗျူဟာကို ထင်ဟပ်နေကြောင်းနဲ့ လွယ်လွယ်နဲ့ ပျောက်မသွားမယ့် ဒီဗိုင်းရပ်စ်ရောဂါအတွက် လက်မြှောက် အရှုံးပေးတာ ဖြစ်ကြောင်း ဝေဖန်ခဲ့တာဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးဌာနက အကြီးအကဲ Tedros Adhanom Ghebreyesus ကလည်း COVID-19 ကပ်ရောဂါ ကို နိုင်ငံရေးအရ အသုံးမချကြဖို့ တနင်္လာနေ့မှာပဲ ထပ်မံ သတိပေးခဲ့ပါတယ်။

COVID ကိုင်တွယ်မှုအားနည်းချက် Biden ဝေဖန်မှု Trump ပယ်ချ
please wait

No media source currently available

0:00 0:01:26 0:00
တိုက်ရိုက် လင့်ခ်


................

(Unicode)








XS
SM
MD
LG