သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump နဲ႔ ၿပိဳင္ဘက္ Joe Biden တို႔ ေရြးေကာက္ပြဲအတြက္ အၿပိဳင္မဲဆြယ္


မဲဆြယ္စည္း႐ုံးပြဲတခုမွာ ေျပာၾကားေနတဲ့ အေမရိကန္သမၼတ Donald Trump. (ေအာက္တိုဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္ေရြးေကာက္ပြဲကုိ ႏိုဝင္ဘာ ၃ ရက္ က်င္းပေတာ့မွာမို႔ က်န္ ၉ ရက္အတြင္း ဘယ္သူ႔ကို မဲထည့္ရမယ္ဆိုတာ မဆံုးျဖတ္ရေသးတဲ့ မဲဆႏၵရွင္ေတြကို ဆြဲေဆာင္ႏုိင္ဖုိ႔ ရီပတ္ဘလစ္ကန္ပါတီက သမၼတ Donald Trump နဲ႔ ဒီမိုကရက္တစ္ပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ Joe Biden တို႔ဟာ သူတို႔ေရြးခ်ယ္ထားတဲ့ ဒုသမၼတေလာင္းေတြနဲ႔အတူ တနဂၤေႏြေန႔မွာလည္း အၿပိဳင္မဲဆြယ္ေနၾကပါတယ္။

သမၼတ Trump ဟာ ျပည္နယ္ အငယ္ေလး ၂ ခုျဖစ္တဲ့ New Hampshire နဲ႔ မိန္းျပည္နယ္ေတြကို မဲဆြယ္ဖို႔ သြားေရာက္ေနပါတယ္။ ဒီျပည္နယ္ေလးေတြမွာ Electoral Votes လို႔ေခၚတဲ့ ကိုယ္စားလွယ္မဲအေရအတြက္က နည္းေပမယ့္ ေရြးေကာက္ပြဲအတြက္ အႏိုင္အ႐ႈံး မဲဆံုးျဖတ္ရာမွာ သိပ္ကို အေရးပါတာပါ။ သမၼတ Trump ေရာ Joe Biden ပါ သူတို႔အေရြးခံရဖို႔ လိုအပ္တဲ့ ကိုယ္စားလွယ္မဲ ၂၇၀ ရဖို႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။

၂၀၁၆ သမၼတေရြးေကာက္ပြဲတုန္းက Trump ဟာ ဒီမိုကရက္တစ္ပါတီက ၿပိဳင္ဘက္ Hillary Clinton ကို New Hampshire ျပည္နယ္မွာ ကိုယ္စားလွယ္မဲ ၄ မဲနဲ႔ ကပ္႐ႈံးခဲ့တာ ျဖစ္ေပမယ့္ မိန္းျပည္နယ္မွာေတာ့ သူ အႏိုင္ရခဲ့တာပါ။

သမၼတ Trump က သူ႔ကိုေထာက္ခံသူ အမ်ားအျပား တက္ေရာက္တဲ့ လူထုစုေဝးပြဲေတြနဲ႔ မဲဆြယ္ေနခ်ိန္မွာပဲ ဒီမိုကရက္တစ္ပါတီက Joe Biden ကေတာ့ လူနည္းနည္းပဲ စုေဝးတဲ့ပြဲမ်ိဳးကိုသာ လုပ္ေဆာင္ေနၿပီး မ်ားေသာအားျဖင့္ ကြန္ပ်ဴတာ အြန္လုိင္းကေနပဲ တိုက္႐ုိက္ထုတ္လႊင့္သလို အခု တနဂၤေႏြေန႔ ညဘက္မွာလည္း အြန္လိုင္းကေန က်င္းပတဲ့ “I will vote” မဲေပးမယ္ဆိုတဲ့ ျပပြဲမွာ မဲဆြယ္မိန္႔ခြန္းေျပာၾကားမွာ ျဖစ္ပါတယ္။

ရီပတ္ဘလစ္ကန္ပါတီက ဒုသမၼတ Mike Pence က တနဂၤေႏြေန႔ ညမွာ ေျမာက္ကာ႐ုိလိုင္းနားျပည္နယ္ Kinston လူထုစုေဝးပြဲမွာ မဲဆြယ္မွာျဖစ္သလို ဒီမိုကရက္တစ္ပါတီက ဒုသမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ကယ္လီဖိုးနီးယား လႊတ္ေတာ္အမတ္ Kamala Harris ကလည္း ပါတီ ၂ ခုၾကား အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ ေနာက္ျပည္နယ္တခုျဖစ္တဲ့ Michigan မွာ မဲဆြယ္မွာ ျဖစ္ပါတယ္။

ကို႐ုိနာဗုိင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ မဲေပးမယ့္ေန႔ မဲ႐ုံမွာ အခ်ိန္ၾကာၾကာ တန္းမစီရေအာင္အျပင္ တျခားလူေတြနဲ႔ပါ ရင္ဆိုင္ မေတြ႔ရေအာင္ ကာကြယ္တဲ့အေနနဲ႔ အေမရိကန္ႏိုင္ငံသား ၅၈ သန္းေက်ာ္က ႀကိဳတင္မဲေပးၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

သမ္မတ Trump နဲ့ ပြိုင်ဘက် Joe Biden တို့ ရွေးကောက်ပွဲအတွက် အပြိုင်မဲဆွယ်

အမေရိကန်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက် ကျင်းပတော့မှာမို့ ကျန် ၉ ရက်အတွင်း ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ မဆုံးဖြတ်ရသေးတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နိုင်ဖို့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် Joe Biden တို့ဟာ သူတို့ရွေးချယ်ထားတဲ့ ဒုသမ္မတလောင်းတွေနဲ့အတူ တနင်္ဂနွေနေ့မှာလည်း အပြိုင်မဲဆွယ်နေကြပါတယ်။

သမ္မတ Trump ဟာ ပြည်နယ် အငယ်လေး ၂ ခုဖြစ်တဲ့ New Hampshire နဲ့ မိန်းပြည်နယ်တွေကို မဲဆွယ်ဖို့ သွားရောက်နေပါတယ်။ ဒီပြည်နယ်လေးတွေမှာ Electoral Votes လို့ခေါ်တဲ့ ကိုယ်စားလှယ်မဲအရေအတွက်က နည်းပေမယ့် ရွေးကောက်ပွဲအတွက် အနိုင်အရှုံး မဲဆုံးဖြတ်ရာမှာ သိပ်ကို အရေးပါတာပါ။ သမ္မတ Trump ရော Joe Biden ပါ သူတို့အရွေးခံရဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲတုန်းက Trump ဟာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် Hillary Clinton ကို New Hampshire ပြည်နယ်မှာ ကိုယ်စားလှယ်မဲ ၄ မဲနဲ့ ကပ်ရှုံးခဲ့တာ ဖြစ်ပေမယ့် မိန်းပြည်နယ်မှာတော့ သူ အနိုင်ရခဲ့တာပါ။

သမ္မတ Trump က သူ့ကိုထောက်ခံသူ အများအပြား တက်ရောက်တဲ့ လူထုစုဝေးပွဲတွေနဲ့ မဲဆွယ်နေချိန်မှာပဲ ဒီမိုကရက်တစ်ပါတီက Joe Biden ကတော့ လူနည်းနည်းပဲ စုဝေးတဲ့ပွဲမျိုးကိုသာ လုပ်ဆောင်နေပြီး များသောအားဖြင့် ကွန်ပျူတာ အွန်လိုင်းကနေပဲ တိုက်ရိုက်ထုတ်လွှင့်သလို အခု တနင်္ဂနွေနေ့ ညဘက်မှာလည်း အွန်လိုင်းကနေ ကျင်းပတဲ့ “I will vote” မဲပေးမယ်ဆိုတဲ့ ပြပွဲမှာ မဲဆွယ်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီက ဒုသမ္မတ Mike Pence က တနင်္ဂနွေနေ့ ညမှာ မြောက်ကာရိုလိုင်းနားပြည်နယ် Kinston လူထုစုဝေးပွဲမှာ မဲဆွယ်မှာဖြစ်သလို ဒီမိုကရက်တစ်ပါတီက ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကယ်လီဖိုးနီးယား လွှတ်တော်အမတ် Kamala Harris ကလည်း ပါတီ ၂ ခုကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် နောက်ပြည်နယ်တခုဖြစ်တဲ့ Michigan မှာ မဲဆွယ်မှာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မဲပေးမယ့်နေ့ မဲရုံမှာ အချိန်ကြာကြာ တန်းမစီရအောင်အပြင် တခြားလူတွေနဲ့ပါ ရင်ဆိုင် မတွေ့ရအောင် ကာကွယ်တဲ့အနေနဲ့ အမေရိကန်နိုင်ငံသား ၅၈ သန်းကျော်က ကြိုတင်မဲပေးပြီး ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG