သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတလောင်းနှစ်ဦး နောက်ဆုံးအကြိမ် အပြင်းအထန် စကားစစ်ထိုး


ကန်သမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲ မြင်ကွင်း။ အောက်တိုဘာ ၂၂၊ ၂၀၂၀)
ကန်သမ္မတလောင်းနှစ်ဦးရဲ့ စကားစစ်ထိုးပွဲ မြင်ကွင်း။ အောက်တိုဘာ ၂၂၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတရွေးကောက်ပွဲပြိုင့်မယ့် သမ္မတလောင်း နှစ်ယောက်ဖြစ်တဲ့ လက်ရှိသမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန်တို့ရဲ့ ဒုတိယနဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို Tennessee ပြည်နယ် Nashville မြို့မှာ မနေ့ ကြာသပတေးနေ့ညက ပြုလုပ်ခဲ့ကြပါတယ်။

ဒီစကားစစ်ထိုးပွဲအတွင်း ပထမဆုံး အခြေအတင်ပြောခဲ့ကြတာကတော့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးကိစ္စပါ။

"ဒါက တကမ္ဘာလုံးဖြစ်နေတဲ့ ကပ်ရောဂါပါ။ တကမ္ဘာလုံးမှာဖြစ်နေတာပါ။ အခုချိန်မှာ ဥရောပနဲ့ တခြားနေရာ အတော်များများမှာ ကူးစက်မှုတွေ သိသိသာသာတိုးလာနေတာ ခင်ဗျားလည်းတွေ့မှာပါ။" လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးတွေလည်း သိပ်မကြာခင်မှာ အဆင်သင့်ဖြစ်လာတော့မှာလို့ သမ္မတထရမ့်ကဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဂျိုးဘိုင်ဒန်ကတော့ အမေရိကန် ၂၂၀,၀၀၀ သေဆုံးခဲ့ပြီးဖြစ်တဲ့အတွက် ကာကွယ်ဆေးကိစ္စပြောနေတာဟာ သိပ်ကိုနောက်ကျနေပြီလို့ ပြောပါတယ်။

"အဲဒီလောက် လူတွေအများကြီးသေရတာအတွက် တာဝန်ရှိတဲ့သူ ဘယ်သူမဆို အမေရိကန်သမ္မတအဖြစ်နဲ့ ဆက်ပြီးတော့ ရှိမနေသင့်ဘူး။" လို့ ဂျိုး ဘိုင်ဒန်က ပြောပါတယ်။

စကားစစ်ထိုးပွဲအတွင်း သမ္မတလောင်း နှစ်ယောက်စလုံးဟာ အရေးပါတဲ့အချက်တွေကို ထိထိမိမိပြောပြီး အမှတ်တွေ ယူနိုင်ခဲ့ကြပေမယ့် ရွေးကောက်ပွဲ အခြေအနေကြီးတခုလုံးကို ချက်ချင်း အပြောင်းအလဲဖြစ်သွားလောက်အောင် ထိတော့ မစွမ်းဆောင်နိုင်ခဲ့ကြပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပတ်တောင် မလိုတော့တဲ့အချိန်မှာ လုပ်ခဲ့တဲ့ ဒီစကားစစ်ထိုးပွဲအတွင်းမှာ သူတို့ နှစ်ယာက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ထိုးနှက်တိုက်ခိုက်တာတွေရှိခဲ့ပေမဲ့လည်း ပထမအကြိမ် စကားစစ်ထိုးပွဲထက်တော့ ပိုပြီး တဘက်နဲ့ တဘက် ယဉ်ကျေးမှု ရှိခဲ့တယ်လို့ ပြောရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]




"ဒါက တကမ်ဘာလုံးဖွဈနတေဲ့ ကပျရောဂါပါ။ တကမ်ဘာလုံးမှာဖွဈနတောပါ။ အခုခြိနျမှာ ဥရောပနဲ့ တခွားနရော အတောျမြားမြားမှာ ကူးစကျမှုတှေ သိသိသာသာတိုးလာနတော ခငျဗြားလညျးတှေ့မှာပါ။" လို့ သမ်မတ ဒေါျနယျလျထရမ့ျက ပွောပါတယျ။





XS
SM
MD
LG