(Zawgyi/Unicode)
အေမရိကန္သမၼတေရြးေကာက္ပြဲရဲ ႔အဓိကအခန္းက႑မွာရွိတဲ့ ေဒသႏၱရေရြးေကာက္ ပြဲအရာရွိေတြဟာ မဲေပးခြင့္ ရွိသူေတြ က်ိန္းေသမဲေပးႏုိင္ေအာင္လုပ္ကိုင္ရသလို မဲရလဒ္ေတြကိုလည္း ထုတ္ျပန္ၾကရပါတယ္။ ခုလို COVID-19 ကပ္ေရာဂါကာလၾကားကပဲ မဲဆႏၵရွင္ေတြ လုံၿခဳံ ေဘးကင္းစြာမဲေပးႏုိင္ေအာင္ ေရြေးေကာက္ပြဲတာ၀န္ရွိသူေတြ လုပ္ကိုင္ေနၾကပါတယ္။VOA သတင္းေထာက္ Veronica Balderas Iglesias သတင္းေပးပို႔ထားတာကို နန္းေလာင္၀္က တင္ျပထားပါတယ္။
ကပ္ေရာဂါကူးစက္ပ်ံ႔ႏွံ႔နတဲ့ခုလိုကာလမွာ ေနရာျခားေပးတဲ့ မွန္ခ်ပ္ေတြ၊ ႏွာေခါင္းစည္းေတြနဲ႔ ပိုးသတ္ေဆးပါ လက္ေဆးရည္ေတြဟာ ေဘးကင္းလုံၿခဳံေရးအတြက္သာမက အေမရိကန္ျပည္ေထာင္စုရဲ ႔ ဒီမိုကေရစီေရး အတြက္ပါ မရွိမျဖစ္အေရးပါပါတယ္။ Alexandria ၿမိဳ ႔ေရြးေကာက္ပြဲမဲမွတ္ပုံတင္အရာရွိ Angie Maniglia Turner က မဲလာေပးသူေတြ ေဘးကင္းေရး ေဆာင္ရြြက္ထားပုံကိုရွင္းျပပါတယ္။
“လူတုိင္း တြတေယာက္နဲ႔တေယာက္ ၆ ေပခြာ ရပ္ရမယ့္အမွတ္အသားေတြ လုပ္ထားပါတယ္။ မဲ႐ုံပရ၀ုဏ္ထဲ ၀င္လာတဲ့လူတုိင္းႏွာေခါင္းစည္းတပ္ဖို႔လည္း သတိေပးထားပါတယ္။ ေနာက္ၿပီး မဲစာရြက္မွာလက္မွတ္ထိုးဖို႔လည္း တခါသုံးေဘာပင္ေတြနဲ႔ တခါသုံး ဖိုင္ေတြကိုပဲ က်မတို႔ အသုံးျပဳထားတာပါ။”
ႏို၀င္ဘာ ၃ ရက္ေန႔မွာက်င္းပမယ့္ သမၼတေရြးေကာက္ပြဲဟာ တႏုိင္ငံလုံးနဲ႔ဆုိင္ေပမယ့္ ေဒသႏၱရ ေရြးေကာက္ပြဲအရာရွိေတြက မဲေရတြက္တာ၊ စာတုိက္ကေန ပို႔လာတဲ့မဲစာရင္းေတြကို ေရတြက္တာေတြကို ႀကီးၾကပ္ရပါတယ္။ Alexandria ၿမိဳ ႔ကမဲ႐ုံမွာ ေအာက္တိုဘာလလယ္ေလာက္ေရာက္တဲ့အခ်ိန္ လူကိုုယ္တိုင္လာၿပီး ႀကိဳတင္မဲထည့္သူ ၁ေသာင္း ၇ ေထာင္နီးပါး ရွိခဲ့ပါတယ္။ လူကိုယ္တုိင္ႀကိဳတင္မဲလာထည့္သူ Fatimah Matteen ကလည္း မဲလာေပးရတဲ့ အေၾကာင္းရင္းကို ရွင္းျပပါတယ္။
"စာတုိက္ကေနမဲထည့္ရင္ က်မရဲ ႔ မဲစာရြက္ ေပ်ာက္သြားတာမ်ိဳး၊ ဒါမွမဟုတ္ မဲစာရြက္မွာ အခ်က္အလက္ မွားၿပီးျဖည့္မိတာမ်ိဳး ျဖစ္မွာစိုးတဲ့အတြက္ မဲ႐ုံမွာ လူကို္ယ္တုိင္မဲလာထည့္တာပါ။"
အေမရိကန္သမုိင္းမွာ လူကို္ယ္တုိင္ဒါမွမဟုတ္ စာတို္က္ကေန ႀကိဳတင္မဲေပးမႈ ဒီႏွစ္မွာ မထင္မွတ္ပဲ တဟုန္ထိုးမ်ားလာပါတယ္။ မဲ႐ုံကမဲစာရင္းေတြကိုေတာ့ ေရြးေကာက္ပြဲေန႔ ည၇ နာရီမတိုင္ခင္ ေရတြက္မွာမဟုတ္ပါဘူး၊ ဒါေပမယ့္ မဲရလဒ္အေျဖ အျမန္ဆုံးထြက္လာေအာင္ ႀကိဳတင္ဆႏၵမဲေတြကိုေတာ့ ႀကိဳ ေရတြက္ထားလို႔လည္းရပါတယ္။ Alexandriaၿမိဳ ႔ ေရြးေကာက္ပြဲမဲမွတ္ပုံတင္ လက္ေထာက္ မွတ္ပုံတင္အရာရွိ Justin Knoernschild ကလည္း မဲရုံတာ၀န္ခံေတြရဲ ႔အလုပ္ကိုရွင္းျပပါတယ္။
“ မဲဆႏၵရွင္ေတြ မဲစာရင္းပါအခ်က္အလက္ေတြ မွန္မွန္ကန္ကန္ျဖည့္ထားသလား၊ ေရြးရမယ့္ေနရာေတြမွာ အမွတ္အသားေတြ ျခစ္ထားရဲ ႔လား၊ လက္မွတ္အားလုံး ထုိးထားရဲ ႔လား ဆိုတာမ်ိဳး က်ေနာ္တို႔ စစ္ေဆးရပါတယ္။"
ေရြးေကာပြဲအရာရွိရဲ ႔တာ၀န္က ျပည္နယ္တခုနဲ႔တခု ကြဲပါတယ္။Swing State လို႔ေခၚတဲ့ ဘယ္သူ႔ကို မဲေပးရမလဲဆိုတာ အေျဖခန္႔မွန္းလို႔မရႏိ္ုင္ေသးတဲ့ Wisconsin နဲ႔ Pennsylvania လိုျပည္နယ္ေတြမွာေတာ့ ေရြးေကာက္ပြေန႔က်မွ မဲ႐ုံေတြဖြင့္လွစ္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ေရြးေကာက္ပြဲ အႏုိင္ရသူစာရင္းထြက္ဖုိ႔ ေနွာင့္ေနွးႏိုင္ပါတယ္။ ခုခ်ိန္မွာေတာ့ ႏုိင္ငံတ၀ွမ္း ေရြေးကာက္ပြဲအရာရွိေတြ အလုပ္မ်ားေနပါၿပီ။ Alexandria ၿမိဳ ႔ကမဲ႐ုံ ၄၀ အတြက္ မဲ႐ုံတာ၀န္ခံ ၆၀၀ ကိုသင္တန္းေတြ ေပးေနပါတယ္။ Justin Knoernschild ကပဲ ခုလိုဆက္ရွင္းျပပါတယ္။
“က်ေနာ္တို႔ဆီမွာ မဲဆႏၵမွတ္တမ္းေတြရွိပါတယ္။ အဲတာကေတာ့ မဲဆႏၵရွင္ေတြ မဲလာေပးတဲ့အခါ စာရင္းသြင္းထားတဲ့ အီလက္ထေရာနစ္ ပစၥည္းေတြျဖစ္ပါတယ္။ ေရြးေကာက္ပြဲေန႔ မဲ႐ုံမွာလာၿပီး ထည့္ၾကတဲ့ မဲစာရင္းေတြကို Scan ဖတ္ၿပိီး ေရတြက္ေပးတဲ့ စက္ကိရိယာေတြလည္းရွိပါတယ္။ မသန္စြမ္းေတြအတြက္လည္း အဲဒီလို စက္ေတြ ထားေပးပါတယ္”
ပ ွ်မ္းမ ွ်ေဒၚလာ ၁၅၀ ရၾကတဲ့ အဲဒီအရာရွိေတြက မဲ႐ုံမွာအေရးေပၚအေျခအေနျဖစ္လာတာ၊ ဒါမွမဟုတ္ အေႏွာင့္အယွက္ေတြေပၚေပါက္လာမလားဆိုတာကို ေစာင့္ၾကည့္ဖို႔လည္း သင္းတန္းတက္ထားၾကရပါတယ္။
Alexandria ၿမိဳ ႔Steve Lomb ေရြးေကာက္ပြဲအရာရွိခ်ဳပ္ကလည္း မဲေပးသူေတြရဲ ႔လုံၿခဳံေရးကို အျပည့္အ၀တာ၀န္ယူေပးထားတဲ့ အစီအစဥ္ကို ရွင္းျပပါတယ္။
"မဲ႐ုံကေန ေပ ၄၀ အကြာအေ၀းအတြင္း လူေတြကို အေနွာင့္အယွက္ေပးတာမ်ိဳးလုပ္လို႔မရပါဘူး။ တစုံတေယာက္က မဲေပးမယ့္သူေတြကို ေႏွာင့္ယွက္တယ္ဆိုရင္ အဲဒီလူကို ထြက္သြားဖို႔ေျပာရပါတယ္။ ဒါေပမယ့္အဲဒီထက္အေျခအေနဆိုးလာမယ္ဆိုရင္ေတာ့ ရဲကိုေခၚၿပီး အကူအညီေတာင္းရမွာပါ။"
မဲရုံတာ၀န္ခံတဦးျဖစ္တဲ့ Denise Blackburn ကလည္း သူတို႔အေနနဲ႔ ပါတီတရပ္ကို ကုိယ္စားျပဳထားသူေတြ မဟုတ္သလို ျပည္နယ္နဲ႔ ျပည္သူျပည္သားေတြ ေဘးကင္းလုံၿခဳံစြာမဲေပးႏုိင္ေအာင္၀န္ေဆာင္မႈေပးဖို႔ပဲ ဆႏၵရွိပါတယ္လို႔ေျပာပါတယ္။၂၀၁၈ ခုႏွစ္မွာ Election Administration and Voting Survey ကေကာက္ယူထားတဲ့စစ္တမ္းအရ မဲ႐ုံ၀န္ထမ္း အမ်ားစုဟာCOVID-19 ကပ္ေရာဂါ ေၾကာင့္အသက္အႏၱရယ္ထိခိုက္ႏုိင္ေျခမ်ားတဲ့ အသက္ ၆၁ နဲ႔အထက္ပိုင္း လူအုပ္စုေတြ မ်ားပါတယ္။
Alexandria ကမဲ႐ုံ၀န္ထမ္းေတြကေတာ့ ကပ္ေရာဂါေဘးရွိေနေပမယ့္ ႐ုိးသားၿပီး မ ွ်တမႈရွိတဲ့ေရြးေကာက္ပြဲတရပ္ျဖစ္လာေစေရး နာက္မတြန္႔ပဲ ခုလို တာ၀န္ထမ္းေဆာင္ေနတာဟာ ေနာင္လာေနာင္သားေတြအတြက္ သူတို႔ရဲ ႔ခိုင္မာတဲ့စိတ္ထားကိုျပတဲ့ သာဓကေကာင္းတခုျဖစ္ဖို႔ ေမ ွ်ာ္မွန္းေနတာျဖစ္ပါတယ္။
.................
COVID ကာလ ကန်ရွေးကောက်ပွဲ အရာရှိများရဲ့ တာဝန်
(Unicode)
အမေရိကန်သမ္မတရွေးကောက်ပွဲရဲ့အဓိကအခန်းကဏ္ဍမှာရှိတဲ့ ဒေသန္တရရွေးကောက် ပွဲအရာရှိတွေဟာ မဲပေးခွင့် ရှိသူတွေ ကျိန်းသေမဲပေးနိုင်အောင်လုပ်ကိုင်ရသလို မဲရလဒ်တွေကိုလည်း ထုတ်ပြန်ကြရပါတယ်။ ခုလို COVID-19 ကပ်ရောဂါကာလကြားကပဲ မဲဆန္ဒရှင်တွေ လုံခြုံ ဘေးကင်းစွာမဲပေးနိုင်အောင် ရွေေးကောက်ပွဲတာဝန်ရှိသူတွေ လုပ်ကိုင်နေကြပါတယ်။VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကပ်ရောဂါကူးစက်ပျံ့နှံ့နတဲ့ခုလိုကာလမှာ နေရာခြားပေးတဲ့ မှန်ချပ်တွေ၊ နှာခေါင်းစည်းတွေနဲ့ ပိုးသတ်ဆေးပါ လက်ဆေးရည်တွေဟာ ဘေးကင်းလုံခြုံရေးအတွက်သာမက အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရေစီရေး အတွက်ပါ မရှိမဖြစ်အရေးပါပါတယ်။ Alexandria မြို့ရွေးကောက်ပွဲမဲမှတ်ပုံတင်အရာရှိ Angie Maniglia Turner က မဲလာပေးသူတွေ ဘေးကင်းရေး ဆောင်ရွက်ထားပုံကိုရှင်းပြပါတယ်။
“လူတိုင်း တွတယောက်နဲ့တယောက် ၆ ပေခွာ ရပ်ရမယ့်အမှတ်အသားတွေ လုပ်ထားပါတယ်။ မဲရုံပရဝုဏ်ထဲ ဝင်လာတဲ့လူတိုင်းနှာခေါင်းစည်းတပ်ဖို့လည်း သတိပေးထားပါတယ်။ နောက်ပြီး မဲစာရွက်မှာလက်မှတ်ထိုးဖို့လည်း တခါသုံးဘောပင်တွေနဲ့ တခါသုံး ဖိုင်တွေကိုပဲ ကျမတို့ အသုံးပြုထားတာပါ။”
နိုဝင်ဘာ ၃ ရက်နေ့မှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲဟာ တနိုင်ငံလုံးနဲ့ဆိုင်ပေမယ့် ဒေသန္တရ ရွေးကောက်ပွဲအရာရှိတွေက မဲရေတွက်တာ၊ စာတိုက်ကနေ ပို့လာတဲ့မဲစာရင်းတွေကို ရေတွက်တာတွေကို ကြီးကြပ်ရပါတယ်။ Alexandria မြို့ကမဲရုံမှာ အောက်တိုဘာလလယ်လောက်ရောက်တဲ့အချိန် လူကိုယ်တိုင်လာပြီး ကြိုတင်မဲထည့်သူ ၁သောင်း ၇ ထောင်နီးပါး ရှိခဲ့ပါတယ်။ လူကိုယ်တိုင်ကြိုတင်မဲလာထည့်သူ Fatimah Matteen ကလည်း မဲလာပေးရတဲ့ အကြောင်းရင်းကို ရှင်းပြပါတယ်။
"စာတိုက်ကနေမဲထည့်ရင် ကျမရဲ့ မဲစာရွက် ပျောက်သွားတာမျိုး၊ ဒါမှမဟုတ် မဲစာရွက်မှာ အချက်အလက် မှားပြီးဖြည့်မိတာမျိုး ဖြစ်မှာစိုးတဲ့အတွက် မဲရုံမှာ လူကိုယ်တိုင်မဲလာထည့်တာပါ။"
အမေရိကန်သမိုင်းမှာ လူကိုယ်တိုင်ဒါမှမဟုတ် စာတိုက်ကနေ ကြိုတင်မဲပေးမှု ဒီနှစ်မှာ မထင်မှတ်ပဲ တဟုန်ထိုးများလာပါတယ်။ မဲရုံကမဲစာရင်းတွေကိုတော့ ရွေးကောက်ပွဲနေ့ ည၇ နာရီမတိုင်ခင် ရေတွက်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် မဲရလဒ်အဖြေ အမြန်ဆုံးထွက်လာအောင် ကြိုတင်ဆန္ဒမဲတွေကိုတော့ ကြို ရေတွက်ထားလို့လည်းရပါတယ်။ Alexandriaမြို့ ရွေးကောက်ပွဲမဲမှတ်ပုံတင် လက်ထောက် မှတ်ပုံတင်အရာရှိ Justin Knoernschild ကလည်း မဲရုံတာဝန်ခံတွေရဲ့အလုပ်ကိုရှင်းပြပါတယ်။
“ မဲဆန္ဒရှင်တွေ မဲစာရင်းပါအချက်အလက်တွေ မှန်မှန်ကန်ကန်ဖြည့်ထားသလား၊ ရွေးရမယ့်နေရာတွေမှာ အမှတ်အသားတွေ ခြစ်ထားရဲ့လား၊ လက်မှတ်အားလုံး ထိုးထားရဲ့လား ဆိုတာမျိုး ကျနော်တို့ စစ်ဆေးရပါတယ်။"
ရွေးကောပွဲအရာရှိရဲ့တာဝန်က ပြည်နယ်တခုနဲ့တခု ကွဲပါတယ်။Swing State လို့ခေါ်တဲ့ ဘယ်သူ့ကို မဲပေးရမလဲဆိုတာ အဖြေခန့်မှန်းလို့မရနိုင်သေးတဲ့ Wisconsin နဲ့ Pennsylvania လိုပြည်နယ်တွေမှာတော့ ရွေးကောက်ပွနေ့ကျမှ မဲရုံတွေဖွင့်လှစ်ရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲ အနိုင်ရသူစာရင်းထွက်ဖို့ နှောင့်နှေးနိုင်ပါတယ်။ ခုချိန်မှာတော့ နိုင်ငံတဝှမ်း ရွေေးကာက်ပွဲအရာရှိတွေ အလုပ်များနေပါပြီ။ Alexandria မြို့ကမဲရုံ ၄၀ အတွက် မဲရုံတာဝန်ခံ ၆၀၀ ကိုသင်တန်းတွေ ပေးနေပါတယ်။ Justin Knoernschild ကပဲ ခုလိုဆက်ရှင်းပြပါတယ်။
“ကျနော်တို့ဆီမှာ မဲဆန္ဒမှတ်တမ်းတွေရှိပါတယ်။ အဲတာကတော့ မဲဆန္ဒရှင်တွေ မဲလာပေးတဲ့အခါ စာရင်းသွင်းထားတဲ့ အီလက်ထရောနစ် ပစ္စည်းတွေဖြစ်ပါတယ်။ ရွေးကောက်ပွဲနေ့ မဲရုံမှာလာပြီး ထည့်ကြတဲ့ မဲစာရင်းတွေကို Scan ဖတ်ပြီး ရေတွက်ပေးတဲ့ စက်ကိရိယာတွေလည်းရှိပါတယ်။ မသန်စွမ်းတွေအတွက်လည်း အဲဒီလို စက်တွေ ထားပေးပါတယ်”
ပ ျှမ်းမ ျှဒေါ်လာ ၁၅၀ ရကြတဲ့ အဲဒီအရာရှိတွေက မဲရုံမှာအရေးပေါ်အခြေအနေဖြစ်လာတာ၊ ဒါမှမဟုတ် အနှောင့်အယှက်တွေပေါ်ပေါက်လာမလားဆိုတာကို စောင့်ကြည့်ဖို့လည်း သင်းတန်းတက်ထားကြရပါတယ်။
Alexandria မြို့Steve Lomb ရွေးကောက်ပွဲအရာရှိချုပ်ကလည်း မဲပေးသူတွေရဲ့လုံခြုံရေးကို အပြည့်အဝတာဝန်ယူပေးထားတဲ့ အစီအစဉ်ကို ရှင်းပြပါတယ်။
"မဲရုံကနေ ပေ ၄၀ အကွာအဝေးအတွင်း လူတွေကို အနှောင့်အယှက်ပေးတာမျိုးလုပ်လို့မရပါဘူး။ တစုံတယောက်က မဲပေးမယ့်သူတွေကို နှောင့်ယှက်တယ်ဆိုရင် အဲဒီလူကို ထွက်သွားဖို့ပြောရပါတယ်။ ဒါပေမယ့်အဲဒီထက်အခြေအနေဆိုးလာမယ်ဆိုရင်တော့ ရဲကိုခေါ်ပြီး အကူအညီတောင်းရမှာပါ။"
မဲရုံတာဝန်ခံတဦးဖြစ်တဲ့ Denise Blackburn ကလည်း သူတို့အနေနဲ့ ပါတီတရပ်ကို ကိုယ်စားပြုထားသူတွေ မဟုတ်သလို ပြည်နယ်နဲ့ ပြည်သူပြည်သားတွေ ဘေးကင်းလုံခြုံစွာမဲပေးနိုင်အောင်ဝန်ဆောင်မှုပေးဖို့ပဲ ဆန္ဒရှိပါတယ်လို့ပြောပါတယ်။၂၀၁၈ ခုနှစ်မှာ Election Administration and Voting Survey ကကောက်ယူထားတဲ့စစ်တမ်းအရ မဲရုံဝန်ထမ်း အများစုဟာCOVID-19 ကပ်ရောဂါ ကြောင့်အသက်အန္တရယ်ထိခိုက်နိုင်ခြေများတဲ့ အသက် ၆၁ နဲ့အထက်ပိုင်း လူအုပ်စုတွေ များပါတယ်။
Alexandria ကမဲရုံဝန်ထမ်းတွေကတော့ ကပ်ရောဂါဘေးရှိနေပေမယ့် ရိုးသားပြီး မ ျှတမှုရှိတဲ့ရွေးကောက်ပွဲတရပ်ဖြစ်လာစေရေး နာက်မတွန့်ပဲ ခုလို တာဝန်ထမ်းဆောင်နေတာဟာ နောင်လာနောင်သားတွေအတွက် သူတို့ရဲ့ခိုင်မာတဲ့စိတ်ထားကိုပြတဲ့ သာဓကကောင်းတခုဖြစ်ဖို့ မေ ျှာ်မှန်းနေတာဖြစ်ပါတယ်။