သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Donald Trump နဲ႔ Joe Biden သီးျခားစီ မဲဆြယ္ခရီးထြက္


(Zawgyi/Unicode)

လူထုေမးျမန္းခ်က္ေတြကို ေျဖၾကားတဲ့ town hall ပံုစံ ေရြးေကာက္ပဲြအႀကိဳ စကားစစ္ထုိးပြဲကို ရုပ္သံေတြကေန တဆင့္ လူူခ်င္းမေတြ႔႔ပဲ သီးျခား ပါဝင္ဆင္ႏြဲခဲ့ၾက ၿပီးတဲ့ေနာက္မွာ ရီပတ္ဘလစ္ကင္ပါတီက သမၼတ ေဒၚနယ္ထရမ့္နဲ႔ ဒီမိုကရက္တစ္ပါတီက ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဂ်ိဳးဘိုင္ဒင္တို႔ ဟာ ေသာၾကာေန႔မွာ မဲဆြယ္ပြဲေတြ ျပန္လုပ္ေနၾကပါၿပီ။

ႏိုဝင္ဘာ ၃ ရက္မွာ က်င္းပမယ့္ သမၼတေရြးေကာက္ပြဲ နီးကပ္လာတာနဲ႔ အမ ွ် သူတို႔ ၂ ဦး အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရဖုိ႔ ရွိတဲ့ ျပည္နယ္ ၃ ခု က မဲဆႏၵရွင္ ေတြရဲ႕ ေထာက္ခံမဲ ရဖို႔ ၂ ဦးစလံုး သြားေရာက္ေနၾကတာပါ။ ေရြးေကာက္ပြဲအတြက္ ႀကိဳတင္မဲ ေပးခဲ့သူေပါင္းက အခုဆို ၁၈ သန္း ရွိေနၿပီလို႔ ဖေလာ္ရီဒါတကၠသိုလ္က အေမရိကန္ ေရြးေကာက္ပြဲ ပေရာဂ်က္ စစ္တမ္းမွာ ေဖၚျပထားပါတယ္။

သမၼတထရမ့္ဟာ အေမရိကန္ေတာင္ပိုင္း ျပည္နယ္ ၂ ခုျဖစ္တဲ့ ဖေလာ္ရီဒါနဲ႔ ေဂ်ာ္ဂ်ီယာ ျပည္နယ္ေတြကို သြားေရာက္ခဲ့တာ ျဖစ္ၿပီး ဒီျပည္နယ္ ၂ ခုဟာ သူ႔ရဲ႕ သမၼတ သက္တမ္း ဒုတိယအႀကိမ္ ျပန္ရေရးအတြက္ သိပ္ကို အေရးပါတယ္လို႔ သတ္မွတ္ထားတာပါ။ ဖေလာ္ရီဒါျပည္နယ္ Ocala နဲ႔ ေဂ်ာ္ဂ်ီယာျပည္နယ္ Macon ၿမိဳ႕ေတြမွာ က်င္းပမယ့္ လူထုစုေဝးပြဲကို မတက္ေရာက္ခင္ ဖေလာ္ရီဒါ က Ft. Myers မွာ သမၼတထရမ့္က သက္ႀကီးပိုင္းေတြ အတြက္ ဘယ္လိုကာကြယ္လုပ္ေဆာင္မယ္ ဆိုတာေတြကို ေျပာၾကားခဲ့ပါတယ္။

ဂ်ိဳးဘိုင္ဒင္ကေတာ့ Michigan ျပည္နယ္မွာ Detroit ၿမိဳ႕ လူထုေတြ႔ဆံုပြဲမသြားခင္ Southfield ၿမိဳ႕မွာ မဲဆႏၵရွင္ေတြကို လူတိုင္းတတ္ႏိုင္တဲ့ အဖိုးႏႈန္း သက္သာတဲ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ရေအာင္ တိုးျမွင့္ လုပ္ေဆာင္မႈနဲ႔ပတ္သက္ၿပီး ေျပာၾကားခဲ့တာပါ။

စစ္တမ္းေတြအရ ဘိုင္ဒင့္ကို လူႀကိဳက္ပိုမ်ားေနတာ ျဖစ္ၿပီး သမၼတထရမ့္ကေတာ့ ေအာက္တုိဘာ ၂၂ ရက္ေန႔မွာ က်င္းပဖုိ႔ စီစဥ္ထားတဲ့ တတိယ အႀကိမ္ေျမာက္ စကားစစ္ထုိးပြဲနဲ႔ အခုမဲဆြယ္မႈေတြကေန သူ႔ကို လူႀကိဳက္ျပန္မ်ားလာေအာင္ လုပ္ႏုိင္မယ္လို႔ ေမ ွ်ာ္လင့္ထားတာပါ။

ဂ်ိဳးဘိုင္ဒင္နဲ႔ အတူ ဒုသမၼတအျဖစ္ ဝင္ေရာက္ အေရြးခံမယ့္ Kamala Harris ကေတာ့ သူ႔မဲဆြယ္အဖြဲ႔က ၂ ဦးမွာ COVID-19 အကူးစက္ခံေနရတဲ့ အတြက္ တနလၤာေန႔အထိ မဲဆြယ္ဖို႔ ခရီးသြားလာမႈေတြ မလုပ္ပဲ ရပ္ဆိုင္းထားတာျဖစ္ပါတယ္။

Donald Trump နဲ႔ Joe Biden သီးျခားစီ မဲဆြယ္ခရီးထြက္
please wait

No media source currently available

0:00 0:01:13 0:00
တိုက္႐ိုက္ လင့္ခ္


................

Donald Trump နဲ့ Joe Biden သီးခြားစီ မဲဆွယ်ခရီးထွက်

(Unicode)

လူထုမေးမြန်းချက်တွေကို ဖြေကြားတဲ့ town hall ပုံစံ ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲကို ရုပ်သံတွေကနေ တဆင့် လူူချင်းမတွေ့ပဲ သီးခြား ပါဝင်ဆင်နွဲခဲ့ကြ ပြီးတဲ့နောက်မှာ ရီပတ်ဘလစ်ကင်ပါတီက သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်တို့ ဟာ သောကြာနေ့မှာ မဲဆွယ်ပွဲတွေ ပြန်လုပ်နေကြပါပြီ။

နိုဝင်ဘာ ၃ ရက်မှာ ကျင်းပမယ့် သမ္မတရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမ ျှ သူတို့ ၂ ဦး အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ ရှိတဲ့ ပြည်နယ် ၃ ခု က မဲဆန္ဒရှင် တွေရဲ့ ထောက်ခံမဲ ရဖို့ ၂ ဦးစလုံး သွားရောက်နေကြတာပါ။ ရွေးကောက်ပွဲအတွက် ကြိုတင်မဲ ပေးခဲ့သူပေါင်းက အခုဆို ၁၈ သန်း ရှိနေပြီလို့ ဖလော်ရီဒါတက္ကသိုလ်က အမေရိကန် ရွေးကောက်ပွဲ ပရောဂျက် စစ်တမ်းမှာ ဖေါ်ပြထားပါတယ်။

သမ္မတထရမ့်ဟာ အမေရိကန်တောင်ပိုင်း ပြည်နယ် ၂ ခုဖြစ်တဲ့ ဖလော်ရီဒါနဲ့ ဂျော်ဂျီယာ ပြည်နယ်တွေကို သွားရောက်ခဲ့တာ ဖြစ်ပြီး ဒီပြည်နယ် ၂ ခုဟာ သူ့ရဲ့ သမ္မတ သက်တမ်း ဒုတိယအကြိမ် ပြန်ရရေးအတွက် သိပ်ကို အရေးပါတယ်လို့ သတ်မှတ်ထားတာပါ။ ဖလော်ရီဒါပြည်နယ် Ocala နဲ့ ဂျော်ဂျီယာပြည်နယ် Macon မြို့တွေမှာ ကျင်းပမယ့် လူထုစုဝေးပွဲကို မတက်ရောက်ခင် ဖလော်ရီဒါ က Ft. Myers မှာ သမ္မတထရမ့်က သက်ကြီးပိုင်းတွေ အတွက် ဘယ်လိုကာကွယ်လုပ်ဆောင်မယ် ဆိုတာတွေကို ပြောကြားခဲ့ပါတယ်။

ဂျိုးဘိုင်ဒင်ကတော့ Michigan ပြည်နယ်မှာ Detroit မြို့ လူထုတွေ့ဆုံပွဲမသွားခင် Southfield မြို့မှာ မဲဆန္ဒရှင်တွေကို လူတိုင်းတတ်နိုင်တဲ့ အဖိုးနှုန်း သက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရအောင် တိုးမြှင့် လုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ပြောကြားခဲ့တာပါ။

စစ်တမ်းတွေအရ ဘိုင်ဒင့်ကို လူကြိုက်ပိုများနေတာ ဖြစ်ပြီး သမ္မတထရမ့်ကတော့ အောက်တိုဘာ ၂၂ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တတိယ အကြိမ်မြောက် စကားစစ်ထိုးပွဲနဲ့ အခုမဲဆွယ်မှုတွေကနေ သူ့ကို လူကြိုက်ပြန်များလာအောင် လုပ်နိုင်မယ်လို့ မေ ျှာ်လင့်ထားတာပါ။

ဂျိုးဘိုင်ဒင်နဲ့ အတူ ဒုသမ္မတအဖြစ် ဝင်ရောက် အရွေးခံမယ့် Kamala Harris ကတော့ သူ့မဲဆွယ်အဖွဲ့က ၂ ဦးမှာ COVID-19 အကူးစက်ခံနေရတဲ့ အတွက် တနင်္လာနေ့အထိ မဲဆွယ်ဖို့ ခရီးသွားလာမှုတွေ မလုပ်ပဲ ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

XS
SM
MD
LG