သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Biden ရုပ်သံကတဆင့် လူထုတွေ့ဆုံပွဲ ကျင်းပမည်


(Zawgyi/Unicode)

နိုဝင်ဘာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ယှဉ်ပြိင်ကြမယ့် ရစ်ပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်လောင်း Joe Biden တို့ မဲဆန္ဒရှင်တွေရဲ့ မေးခွန်းတွေကို ရုပ်သံကနေ ဖြေကြားမယ့် အစီအစဉ်ကို ကြာသပတေးနေ့မှာ သီးခြားစီ ပြုလုပ်သွားမှာ ဖြစ် ပါတယ်။ အရင်က စီစဉ်ထားတဲ့ ကိုယ်စားလှယ်လောင်းနှစ်ဦးအကြား ဒုတိယအကြိမ် စကားစစ်ထိုး ပွဲကို ဖျက်သိမ်းလိုက်ပြီးတဲ့နောက် အခုလို မဲဆန္ဒရှင်တွေနဲ့ ရုပ်သံက ဆွေးနွေးဖို့ စီစဉ်ကြတာ ဖြစ်ပါတယ်။

ကြာသပတေးနေ့ ည ၈ နာရီမှာ သမ္မတထရမ့်က ဖလော်ရီဒါ ပြည်နယ်၊ Miami မြို့ကနေ NBC ရုပ်သံဌာနကတဆင့် မဲဆန္ဒရှင်တွေနဲ့ ဆွေးနွေးပြီး မေးခွန်းတွေကို ဖြေကြားသွားမှာ ဖြစ်သလို ဒီမိုကရက် သမ္မတလောင်း Biden ကလည်း အဲဒီ အချိန်မှာပဲ ABC ရုပ်သံ ဌာနကတဆင့် Pennsylvania ပြည်နယ် Philadelphia မြို့ကနေ မဲဆန္ဒရှင်တွေနဲ့ ဆွေးနွေးပြီး မေးခွန်းတွေကို ဖြေကြားသွားမှာ ဖြစ် ပါတယ်။

ဖလော်ရီဒါ ပြည်နယ်နဲ့ Pennsylvania ပြည်နယ်တွေဟာ လာမယ့် ရွေးကောက်ပွဲမှာ ထရမ့်နဲ့ Biden ၂ ယောက်စလုံးအတွက် အကြိတ် အနယ် ယှဉ်ပြိင်ရမယ့် အရေးကြီးတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။ ဆုံးဖြတ်ရ ခက်နေတဲ့ မဲဆန္ဒရှင် တွေအတွက် ကိုယ်စားလှယ်လောင်း ၂ ဦးစလုံးကို ရုပ်သံလိုင်း ၂ ခုကနေ ကြည့်ရှု သုံးသပ်ခွင့်ရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲအတွက် လောလောဆယ် ပြည်နယ် တော်တော် များများမှာ အမေရိကန် မဲဆန္ဒရှင် ၁၂ သန်း ကျော် ကြိုတင် မဲပေးခဲ့ကြပြီး ဖြစ်ပါတယ်။

လူထု သဘောထား စစ်တမ်းတွေ အရ လူထု ထောက်ခံမှုမှာ ဒုတိယ သမ္မတလောင်း Biden က သမ္မတ ထရမ့်ကို လအတော်ကြာ ဦးဆောင်နေခဲ့တာကြောင့် သမ္မတထရမ့်ဟာနှစ် ၄၀ အကြာ ပထမဆုံး အကြိမ် ဒုတိယ သက်တမ်း ရှုံးနိမ့်တဲ့ သမ္မတ ဖြစ်လာမယ့် အရေးကို ရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။

Trump နဲ့ Biden ရုပ်သံကတဆင့် လူထုတွေ့ဆုံပွဲ ကျင်းပမည်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်


...............


(Unicode)






XS
SM
MD
LG