သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတေရြးေကာက္ပဲြ စည္းရံုးေဟာေျပာမႈေတြ အရွိန္ျမင့္


အေမရိကန္ သမၼတ Donald Trump နဲ႔ ဒီမုိကရက္တစ္ပါတီကုိယ္စားျပဳ သမၼတေလာင္း ဒုသမၼတေဟာင္း Joe Biden (စက္တင္ဘာ ၂၉၊ ၂၀၂၀)

[Zawgyi/Unicode]

ဒီမုိကရက္တစ္ပါတီကုိယ္စားျပဳ သမၼတေလာင္း ဒုသမၼတေဟာင္း Joe Biden ဟာ ဖေလာ္ရီဒါျပည္နယ္က သူ႔အဆိုအားျဖင့္ သမၼတေရြးေကာက္ပြဲ အႏိုင္ရရွိေရးမွာ အထူးအေရးပါတဲ့ ခ႐ိုင္တခုမွာ အဂၤါေန႔က မဲဆြယ္စည္း႐ံုးခဲ့ပါတယ္။

ဖေလာ္ရီဒါျပည္နယ္မွာ ဒုတိယ လူဦးေရအထူထပ္ဆံုးျဖစ္တဲ့ Broward ခ႐ုိင္၊ Pembrook Pines အရပ္က သက္ႀကီးရြယ္အိုေဂဟာတခုမွာ အဂၤါေန႔လယ္ပိုင္းကလုပ္တဲ့ မဲဆြယ္ပြဲအတြင္း မစၥတာဘိုင္ဒန္က "ဒီခ႐ိုင္ဟာ ေရြးေကာက္ပြဲကို အဆံုးအျဖတ္ေပးမွာျဖစ္တယ္။" လို႔ ေျပာခဲ့ပါတယ္။

၂၀၁၆ ခုနွစ္ သမၼတေရြးေကာက္ပြဲတံုးက ဒီခ႐ိုင္မွာ ဒီမိုကရက္သမၼတေလာင္း ဟီလာရီ ကလင္တန္က သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ကို ၂ မဲ ၁ မဲ အသာနဲ႔ အျပတ္အသတ္ အႏုိင္ရခဲ့တာပါ။ ဒါေပမဲ့လည္း ဖေလာ္ရီဒါျပည္နယ္တခုလံုးမွာေတာ့ သမၼတထရမ့္ပ္က အႏုိင္ရခဲ့ပါတယ္။

Pennsylvania ျပည္နယ္ Johnstown ၿမိဳ႕မွာ အေမရိကန္ Donald Trump ရဲ႕ ကန္သမၼတေရြးေကာက္ပဲြ စည္းရံုးေဟာေျပာျမင္ကြင္း။ (ေအာက္တိုဘာ ၁၃၊ ၂၀၂၀)
Pennsylvania ျပည္နယ္ Johnstown ၿမိဳ႕မွာ အေမရိကန္ Donald Trump ရဲ႕ ကန္သမၼတေရြးေကာက္ပဲြ စည္းရံုးေဟာေျပာျမင္ကြင္း။ (ေအာက္တိုဘာ ၁၃၊ ၂၀၂၀)

သမၼတထရမ့္ပ္ကလည္း တနလၤာေန႔တုန္းက ဖေလာ္ရီဒါျပည္နယ္၊ Seminole ခ႐ိုင္က ေလဆိပ္တခုတြင္းမွာ မဲဆြယ္ပြဲႀကီးတခု လုပ္ခ့ဲ့ပါတယ္။ လြန္ခဲ့တဲ့ေလးႏွစ္ သမၼတေရြးေကာက္ပြဲတံုးက အဲဒီခ႐ိုင္မွာ အေရအတြက္ ၄,၀၀၀ ေတာင္မျပည့္တဲ့ မဲအေရအတြက္အသာနဲ႔ သမၼတထရမ့္ပ္ အႏုိင္ရခဲ့တာပါ။ ဒီမဲဆြယ္ပြဲဟာ COVID-19 ေရာဂါနဲ႔ သမၼတထရမ့္ပ္ ေဆး႐ံုတက္ခ့ဲရၿပီးကတည္းကဆိုရင္ ပထမဆံုး မဲဆြယ္ပြဲျဖစ္ပါတယ္။

အဂၤါေန႔ကေတာ့ အက်ိတ္အနယ္ၿပိဳင္ၾကရမယ့္ ျပည္နယ္တခုအျဖစ္ ေလ့လာသူေတြ ယူဆထားတဲ့ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္မွာ သမၼတထရမ့္ပ္ မဲဆြယ္စည္း႐ံုးခဲ့ပါတယ္။ ဒီျပည္နယ္ဟာ ဒုသမၼတေဟာင္း ဘိုင္ဒန္ရဲ႕ ေမြးဇာတိျပည္နယ္ပါ။

မၾကာေသးခင္က ေကာက္ယူထားတဲ့ လူထုသေဘာထားစစ္တမ္းေတြကို ပ ွ်မ္းမ ွ်ခ်ယူထားတဲ့ ရလဒ္အရကေတာ့ ဖေလာ္ရီဒါမွာေရာ ပန္ဆယ္လ္ေဗးနီးယားမွာ မစၥတာဘိုင္ဒန္က အသာရေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်သမ္မတရွေးကောက်ပွဲ စည်းရုံးဟောပြောမှုတွေ အရှိန်မြင့်

ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဒုသမ္မတဟောင်း Joe Biden ဟာ ဖလော်ရီဒါပြည်နယ်က သူ့အဆိုအားဖြင့် သမ္မတရွေးကောက်ပွဲ အနိုင်ရရှိရေးမှာ အထူးအရေးပါတဲ့ ခရိုင်တခုမှာ အင်္ဂါနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဖလော်ရီဒါပြည်နယ်မှာ ဒုတိယ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ Broward ခရိုင်၊ Pembrook Pines အရပ်က သက်ကြီးရွယ်အိုဂေဟာတခုမှာ အင်္ဂါနေ့လယ်ပိုင်းကလုပ်တဲ့ မဲဆွယ်ပွဲအတွင်း မစ္စတာဘိုင်ဒန်က "ဒီခရိုင်ဟာ ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမှာဖြစ်တယ်။" လို့ ပြောခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတုံးက ဒီခရိုင်မှာ ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်က သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို ၂ မဲ ၁ မဲ အသာနဲ့ အပြတ်အသတ် အနိုင်ရခဲ့တာပါ။ ဒါပေမဲ့လည်း ဖလော်ရီဒါပြည်နယ်တခုလုံးမှာတော့ သမ္မတထရမ့်ပ်က အနိုင်ရခဲ့ပါတယ်။

သမ္မတထရမ့်ပ်ကလည်း တနင်္လာနေ့တုန်းက ဖလော်ရီဒါပြည်နယ်၊ Seminole ခရိုင်က လေဆိပ်တခုတွင်းမှာ မဲဆွယ်ပွဲကြီးတခု လုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့လေးနှစ် သမ္မတရွေးကောက်ပွဲတုံးက အဲဒီခရိုင်မှာ အရေအတွက် ၄,၀၀၀ တောင်မပြည့်တဲ့ မဲအရေအတွက်အသာနဲ့ သမ္မတထရမ့်ပ် အနိုင်ရခဲ့တာပါ။ ဒီမဲဆွယ်ပွဲဟာ COVID-19 ရောဂါနဲ့ သမ္မတထရမ့်ပ် ဆေးရုံတက်ခဲ့ရပြီးကတည်းကဆိုရင် ပထမဆုံး မဲဆွယ်ပွဲဖြစ်ပါတယ်။

အင်္ဂါနေ့ကတော့ အကျိတ်အနယ်ပြိုင်ကြရမယ့် ပြည်နယ်တခုအဖြစ် လေ့လာသူတွေ ယူဆထားတဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ သမ္မတထရမ့်ပ် မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဒီပြည်နယ်ဟာ ဒုသမ္မတဟောင်း ဘိုင်ဒန်ရဲ့ မွေးဇာတိပြည်နယ်ပါ။

မကြာသေးခင်က ကောက်ယူထားတဲ့ လူထုသဘောထားစစ်တမ်းတွေကို ပ ျှမ်းမ ျှချယူထားတဲ့ ရလဒ်အရကတော့ ဖလော်ရီဒါမှာရော ပန်ဆယ်လ်ဗေးနီးယားမှာ မစ္စတာဘိုင်ဒန်က အသာရနေပါတယ်။

XS
SM
MD
LG