သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုတိယအကြိမ်စကားစစ်ထိုးပွဲ အွန်လိုင်းကလုပ်မယ့်ကိစ္စ Donald Trump လက်မခံ


မှတ်တမ်းဓါတ်ပုံ- သမ္မတ Trump နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden
မှတ်တမ်းဓါတ်ပုံ- သမ္မတ Trump နှင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden

(Zawgyi/Unicode)

ကျန်းမာရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အားလုံးကို အကာကွယ်ပေးနိုင်အောင် သမ္မတလောင်း ၂ ဦးရဲ့ စကာစစ်ထိုးပွဲကို အွန်လိုင်းကပဲ ကျင်းပမယ်လို့ အမေရိကန် သမ္မတရွေးကောက်ပွဲ စကားစစ်ထိုးပွဲဆိုင်ရာ ကော်မရှင်က ကြာသပတေးနေ့မှာ ကြေညာခဲ့တဲ့ နောက် သမ္မတ ဒေါ်နယ်ထရမ့်က ရှေ့သီတင်းပတ် စကားစစ်ထိုးပွဲကို သူဝင်မှာ မဟုတ်ဖူးလို့ ပြောကြားလိုက်ပါတယ်။

COVID-19 အကူးစက်ခံရလို့ ဆေးကုသမှုခံယူနေရတဲ့ သမ္မတထရမ့်နဲ့ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်တို့ ၂ ဦးဟာ အဝေးကနေပဲ စကားစစ်ထိုးပွဲကို ပါဝင်ရမှာ ဖြစ်ကြောင်း ကော်မရှင်က ပြောကြားခဲ့တာပါ။ ကော်မရှင်က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ဒီစကားစစ်ထိုးပွဲကို ရှေ့သီတင်းပတ် ကြာသပတေးနေ့မှာ ကျင်းပဖို့ နဂိုကတည်းက စီစဉ်ထားတဲ့ ဖလော်ရီဒါပြည်နယ် မီယာမီက Adrienne Arsht စင်တာမှာပဲ ကျင်းပမှာဖြစ်ကြောင်း နဲ့ Town hall ပုံစံ ကျင်းပမယ့် လူတွေ့အမေးအဖြေလုပ်နိုင်တဲ့ ဒီအခမ်းအနား မှာ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေက သမ္မတလောင်း၂ ယောက်ကို မေးခွန်းတွေ အရင်လိုပဲ မေးနိုင်မှာ ဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။

ဒီလို ကြေညာချက်နဲ့ ပတ်သက်ပြီး သမ္မတထရမ့်ကတော့ အခြေအတင်ငြင်းခုံတယ် ဆိုတာ ဒါမျိုး မဟုတ်ကြောင်း၊ ပြောစကားတွေကို ဖြတ်ချင်တဲ့ အချိန် ဖြတ်လို့ ရတာကြောင့် ကွန်ပြုတာရှေ့ထိုင်ပြီး အငြင်းအခုံလုပ်တာဟာ အဓိပ္ပါယ်မရှိကြောင်းနဲ့ သူ့အနေနဲ့ အွန်လိုင်းကနေ အခြေအတင်ငြင်းခုံရင်း အချိန်ဖြုန်းနေမှာ မဟုတ်ကြောင်း Fox သတင်းဌာနရဲ့ မေးမြန်းချက်ကို ဖြေကြားခဲ့တာပါ။

ဒုသမ္မတဟောင်းဂျိုးဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့ကတော့ ဒီ စကားစစ်ထိုးပွဲမှာ ဘိုင်ဒင် ပါဝင် မှာ ဖြစ်ကြောင်း ပြောပါတယ်။ ဒါ့အပြင် သမ္မတ ငြင်းလို့ မရအောင် ဒီ Town Hall တွေ့ဆုံမေးမြန်း တဲ့ စကားစစ်ထိုးပွဲကို အောက်တိုဘာ ၁၅ ရက် အစား နောက်တပတ် အောက်တိုဘာ ၂၂ ရက်ကို ကော်မရှင်က ရွှေ့ပေးမယ်လို့ မေ ျှာ်လင့်ကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဘိုင်ဒင့်မဲဆွယ်အဖွဲ့ ကြေညာချက်အတွက် ထရမ့်မဲဆွယ် အဖွဲ့က သဘောတူကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အောက်တိုဘာ ၂၂ ရက်နေ့မှာ ဒုတိယ စကားစစ်ထိုးပွဲကျင်းပဖို့နဲ့ တတိယပွဲကို အောက်တိုဘာ ၂၉ ရက်နေ့ ကို ရွှေ့ဖို့ ပြောကြားခဲ့ပါတယ်။

COVID-19 အကူးစက်ခံရတဲ့ သမ္မတထရမ့်ဟာ အခုအခါမှာ ပြန်နလံထူလာနေပြီဖြစ်ပြီး Walter Reed စစ်ဆေးရုံကနေ တနင်္လာနေ့ ပြန်ဆင်းလာချိန်ကစပြီး သမ္မတအိမ်ဖြူမှာပဲ ရှိနေတာပါ။ သမ္မတက သူ နေကောင်းနေကြောင်းနဲ့ မဲဆွယ်ပွဲ လူထုစုဝေးမှုတွေ လုပ်ဖို့ အသင့်ရှိနေကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...............

(Unicode)







XS
SM
MD
LG