သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကူးစက်ခံထားရတဲ့ သမ္မတ Trump နဲ့ အမျိုးသားလုံခြုံရေး အကျပ်အတည်း


အောက်တိုဘာ ၂ ရက်နေ့ က Walter Reed ဆေးရုံကို မသွားရောက်မီ သမ္မတ Trump ကိုတွေ့ရစဉ်
အောက်တိုဘာ ၂ ရက်နေ့ က Walter Reed ဆေးရုံကို မသွားရောက်မီ သမ္မတ Trump ကိုတွေ့ရစဉ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ သမ္မတ ဒေါ်နယ် ထရမ့်ကို ကြိုတင် ပြင်ဆင်ပြီး စောင့်ရှောက်မှုပေးနိုင်အောင် အိမ်ဖြူတော်ကနေ ဝါရှင်တန်မြို့အနားက Walter Reed ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပြီဖြစ်ပါတယ်။ သမ္မတ ထရမ့် အဲဒီ ဆေးရုံမှ ရက်အနည်းငယ်ကြာနေမယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတရဲ့ လတ်တလော အခြေအနေက အမျိုးသား လုံခြုံရေး အကျပ်အတည်း ကျ ရောက် နိုင်တဲ့ အလားအလာ ထွက်ပေါ် လာသလို လာမယ့် သမ္မတ ရွေးကောက်ပွဲ အခြေအနေမှာ မရေမရာမှုတွေလည်း တိုးလာခဲ့ပါတယ်။ အိမ်ဖြူတော် သတင်းထောက် Patsy Widakuswara သတင်းပေးပို့ထားတာကို ကိုရဲမင်းထွန်းပြောပြမှာပါ။

သောကြာနေ့မနက် အိပ်ရာကနိုးတော့ အမေရိကန် ပြည်သူတွေ စိုးရိမ်ထိတ်လန့်စရာ သတင်းဆိုးတစ်ခုကို ကြားလိုက်ရပါတယ်။ သမ္မတ ထရမ့်က သူနဲ့သူ့ဇနီး COVID-19 ပိုးကူးခံရတယ်ဆိုပြီး ည ၁ နာရီကြီး တွစ်တာမှာ ရေးထားတဲ့ သတင်းဖြစ်ပါတယ်။

သမ္မတလိုပဲ သမ္မတရဲ့ထိပ်တန်း အကြံပေး Hope Hicks လည်းကူးစက်ခံထားရတာပါ။ Hope Hicks က သမ္မတနဲ့ တောက်လျှောက်လိုက်ပါနေသူ တစ်ယောက် ဖြစ်သလို မဲဆွယ် စည်းရုံးရေးဆင်းချိန်မှာလည်း သမ္မတနဲ့ အတူ မကြာခဏ ခရီးသွားနေတာပါ။

ကပ်ရောဂါ ကာလထဲ အခုလို ပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်တာက တိုင်းပြည်အခြေအနေ ပုံမှန်ပြန်ရောက်နေတဲ့ ပုံပေါ်နေတာပါ။

George Washington University က Todd Belt ကတော့ အခုလိုပြောပါတယ်။

“သမ္မတ ပိုးကူးခံရတာက ပုံမှန်မဟုတ်ဘူးဆိုတာကို ပြနေပါတယ်။ quarantine နေရမှာမို့ အနည်းဆုံး ၂ ပတ်လောက် မဲဆွယ်ပွဲတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။”

အိမ်ဖြူတော်က သမားတော်ကြီးက ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ရောဂါကုရင်း သမ္မတထရမ့် သူ့အလုပ် တာဝန်တွေကို ဆက်လုပ်သွား နိုင်လိမ့်မယ်လို့ ပြောပါတယ်။

ကျွမ်းကျင်သူတွေကတော့COVID 19 ရောဂါက အသက် ၇၄ နှစ်အရွယ် သမ္မတ ထရမ့်အတွက် အလွန် အန္တရာယ်များတယ်လို့ ဆိုပါတယ်။

University of Pittsburgh School of Medicine က Dr. David A. Nace ကတော့ အခုလိုပြောပါတယ်။

“သူက လောလောလတ်လတ် ပိုးကူးခံထားရတာပါ။ လာမယ့်ရက်တွေထဲ ဘာဖြစ်မလဲဆိုတာ စောင့်ကြည့်ဖို့ လိုပါမယ်။ ရောဂါ လက္ခဏာ ပိုတိုး မပြဖို့ လိုပါတယ်။”

ထရမ့်ရဲ့ ကျန်းမာရေးအခြေအနေက လက်ရှိ အစိုးရလုပ်ငန်းတွေ ဆက်လက်လုပ်နိုင်ဖို့အရေး ရတက်မအေးစရာ ဖြစ်လာရပါတယ်။

Bipartisan Policy Center က John Fortier ကတော့ အခုလို ပြောပါတယ်။

“သမ္မတ တကယ်သာ အပြင်းအထန် နာမကျန်းဖြစ်ပြီး အလုပ် မလုပ်နိုင်တော့ဘူးဆိုရင် အခြေခံဥပဒေ ပြင်ဆင်ချက် အမှတ် ၂၅ အရ ဒုတိယ သမ္မတကို အာဏာ လွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ နေပြန်ကောင်းမှ သူ သမ္မတတာဝန် ပြန်ယူရမှာပါ။”

သမ္မတထရမ့်ရဲ့ COVID သတင်းက လောလောဆယ် မတည်မငြိမ်ဖြစ်နေတဲ့ ရွေးကောက်ပွဲ အခြေအနေထဲ မရေမရာမှုတွေ ထပ်ဆောင်း တိုးလာစေပါတယ်။ သမ္မတသာ မပြောကောင်း မဆိုကောင်း အခြေအနေကို ရောက်သွားရင် ထရမ့်နဲ့ Pence ဆိုတဲ့ အတွဲ ဘာဖြစ်သွားမလဲ ဆိုတဲ့ မေးခွန်းလည်း ထွက်လာပါတယ်။

George Washington University က Todd Belt ကတော့ ထပ်ပြီး အခုလိုပြောပါတယ်။

“သမ္မတထရမ့် အလုပ်မလုပ်နိုင်တော့ဘူးဆိုရင် ဒုတိယ သမ္မတ Pence က သမ္မတ ဖြစ်လာလိမ့်ယ်။ ဒါပေမဲ့ ဒုတိယ သမ္မတကျတော့ ဘယ်မှာ လဲ။ ဒါက မေးစရာကောင်းတဲ့ မေးခွန်းပါ။”

အင်္ဂါနေ့က ရွေးကောက်ပွဲအကြို အခြေအတင် စကားစစ်ထိုးပွဲမှာ သမ္မတထရမ့်က နှာခေါင်းစည်းဝတ်ဖို့ကိစ္စကို အရေးမပါသယောင် ပြောဆိုခဲ့တာပါ။

“သူ့လို နှာခေါင်းစည်း ကျွန်တော်မဝတ်ဘူး။ သူ့ကို ကျွန်တော် မြင်လိုက်တိုင်း နှာခေါင်းစည်း ဝတ်ထားတယ်။ ကျွန်တော်နဲ့ ပေ ၂၀၀ လောက် အကွာက စကားပြောချင်ပြောနေပေမဲ့ မြင်ဖူးသမျှထဲ အကြီးဆုံး နှာခေါင်းစည်းကြီးနဲ့ သူပေါ်လာလိမ့်မယ်။”

စကားစစ်ထိုးပွဲတုန်းက Biden နဲ့ ထရမ့်တို့ နှစ်ယောက်အကြား တော်တော်လေးခြားသလို လူချင်းလည်း ထိတွေ့တာ မရှိပါဘူး။ ထရမ့် သတင်းကြားတော့ Biden က သမ္မတနဲ့ သမ္မတ ကတော် အမြန်ဆုံးနေကောင်းစေကြောင်း ဆုတောင်းပေးပါတယ်။

Biden ကိုယ်တိုင်လည်း COVID စမ်းသပ်စစ်ဆေးခဲ့ပေမယ့်လို့ ပိုးကင်းစင်နေတာကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ဆက် လုပ်သွားမှာ ဖြစ်ပါတယ်။ သူ့ ရဲ့မဲဆွယ်ပွဲ အများစုကိုတော့ အဆောက်အဦး ပြင်ပမှာ အကျဉ်းရုံး လုပ်လေ့ရှိတာပါ။

တိုက်ရိုက် လင့်ခ်

..............

ကိုဗဈကူးစကျခံထားရတဲ့ သမ်မတ Trump နဲ့ အမြိုးသားလုံခွုံရေးအကပြျအတညျး

(Unicode)








ကြှမျးကငြျသူတှကေတော့COVID 19 ရောဂါက အသကျ ၇၄ နှဈအရှယျ သမ်မတ ထရမ့ျအတှကျ အလှနျ အန်တရာယျမြားတယျလို့ ဆိုပါတယျ။

University of Pittsburgh School of Medicine က Dr. David A. Nace ကတော့ အခုလိုပွောပါတယျ။

“သူက လောလောလတျလတျ ပိုးကူးခံထားရတာပါ။ လာမယ့ျရကျတှထေဲ ဘာဖွဈမလဲဆိုတာ စောင့ျကွည့ျဖို့ လိုပါမယျ။ ရောဂါ လက်ခဏာ ပိုတိုး မပွဖို့ လိုပါတယျ။”





George Washington University က Todd Belt ကတော့ ထပျပွီး အခုလိုပွောပါတယျ။

“သမ်မတထရမ့ျ အလုပျမလုပျနိုငျတော့ဘူးဆိုရငျ ဒုတိယ သမ်မတ Pence က သမ်မတ ဖွဈလာလိမ့ျယျ။ ဒါပမေဲ့ ဒုတိယ သမ်မတကတြော့ ဘယျမှာ လဲ။ ဒါက မေးစရာကောငျးတဲ့ မေးခှနျးပါ။”





ဆက်စပ်သတင်းများ ...

XS
SM
MD
LG