သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ ကူးစက္ခံထားရတဲ့ သမၼတ Trump ကုိ စစ္ေဆးရုံမွာ ေျပာင္းေရႊ႕ကုသမႈေပး


ေမရီလန္းျပည္နယ္ Bethesda မွာရွိတဲ့ Walter Reed စစ္ေဆးရံု အထူးကုသခန္းသို႔ သမၼတ Trump ေရာက္ရွိ

(Zawgyi/Unicode)

COVID-19 အကူးစက္ခံေနရတဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကို ေဆးရံုတင္ထားပါၿပီ။

သမၼတထရမ့္ကို ေမရီလန္းျပည္နယ္ Bethesda မွာရွိတဲ့ Walter Reed စစ္ေဆးရံု အထူးကုသခန္းကို ေျပာင္းေရႊ႕ကုသေပးေနတယ္လို႔ သမၼတအိမ္ျဖဴက ေဒသစံေတာ္ခ်ိန္ ေသာၾကာေန႔ ညေနမွာ ေျပာပါတယ္။

အသက္ ၇၄ ႏွစ္ရွိၿပီျဖစ္တဲ့ သမၼတ ထရမ့္အတြက္ ႀကိဳတင္ကာကြယ္ေရး သတိထားေဆာင္ရြက္တဲ့ အေနနဲ႔ ေနာက္ရက္အနည္းငယ္ ေလာက္ အဲဒီေဆးရံုမွာပဲ ေစာင့္ၾကည့္ကုသမွာ ျဖစ္ေၾကာင္း သမၼတအိမ္ျဖဴ ျပန္ၾကားေရးအရာရွိ Kayleigh McEnany က ေျပာပါတယ္။

သမၼတရဲ့ သမားေတာ္ႀကီးနဲ႔ က်န္းမာေရးကၽြမ္းက်င္သူေတြရဲ့ အႀကံေပးခ်က္အရ အထူးသတိထားတဲ့ အေနနဲ႔ အခုလို လုပ္ေဆာင္တာ ျဖစ္ၿပီး သမၼတအေနနဲ႔ မူလတာဝန္ေတြကို ေနာက္ရက္အနည္းငယ္အတြင္း ဒီ Walter Reed ေဆးရံုကေနပဲ ထမ္းေဆာင္မွာ ျဖစ္ေၾကာင္း ျပန္ၾကားေရး အရာရွိက ေၾကညာခ်က္ ထုတ္ျပန္ ေျပာဆိုပါတယ္။

သမၼတမွာ အဖ်ားအနည္းငယ္ရွိတယ္လို႔ ဒီကိစၥအကၽြမ္းဝင္သူတဦးက ေျပာသလို သမၼတရဲ့ သမားေတာ္ Sean P. Conley ကလည္း သမၼတဟာ ပင္ပန္းႏြမ္းနယ္ ေနေပမယ့္ စိတ္ဓါတ္ ခိုင္မာမႈ ရွိေၾကာင္း ေျပာပါတယ္။

သမၼတေဒၚနယ္ထရမ့္နဲ႔ သမၼတကေတာ္ Melania Trump တို႔ဟာ COVID-19 ေရာဂါပိုး အကူးစက္ခံေနရေၾကာင္း ေတြ႔ရွိခဲ့တဲ့ေနာက္မွာ သမၼတဟာ သိပ္မျပင္းထန္တဲ့ ေရာဂါလကၡဏာ ခံစားလာရေပမယ့္ စိတ္ဓါတ္ႀကံ႕ခိုင္လ်က္ရွိတယ္လို႔ သမၼတအိမ္ျဖဴ ဝန္ထမ္းအႀကီးအကဲ Mark Meadows က ေသာၾကာေန႔မွာ ေျပာပါတယ္။

သမၼတမွာ ေရာဂါလကၡဏာ နဲနဲျပလာေၾကာင္းနဲ႔ သမၼတရဲ့ က်န္းမာေရးတင္မကပဲ အႏၱရာယ္ကင္းေရးနဲ႔ ေကာင္းက်ိဳးအတြက္ လုပ္ေဆာင္မွာ ျဖစ္သလို အေမရိကန္ျပည္သူအားလံုးအတြက္ပါ ဆက္ၿပီး လုပ္ေဆာင္မွာ ျဖစ္ေၾကာင္း. Meadows က သမၼတအိမ္ျဖဴမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

ဒါ့အျပင္ သမၼတဟာ စိတ္ဓါတ္ႀကံ႕ခိုင္ရံုတင္မကပဲ တက္ၾကြမႈပါ ရွိၿပီး အေမရိကန္ျပည္သူေတြ ကိုယ္စား ႀကိဳးႀကိဳးစားစားလုပ္ေဆာင္ဖုိ႔ ခ်ထားတဲ့ သံဓိဌာန္ အတိုင္း ခိုင္ခိုင္မာမာ ဆက္ရပ္တည္ဆဲပဲ လို႔လည္း ေျပာပါတယ္။

ေသာၾကာေန႔ မနက္အေစာပိုင္းမွာ သမၼတထရမ့္က သူနဲ႔ သမၼတကေတာ္တုိ႔မွာ COVID 19 အကူးစက္ခံေနရေၾကာင္းနဲ႔ သူတို႔ဟာ စၿပီး quarantine လုပ္ သီးျခားခြဲေနေနၿပီ ျဖစ္ေၾကာင္းနဲ႔ ဒီကိစၥကို ၂ ေယာက္အတူ လက္တြဲ ေက်ာ္ျဖတ္ၾကမွာ ျဖစ္ေၾကာင္း သမၼတက သူ႔တြစ္တာမွာ ေရးခဲ့တာပါ။

သမၼတကေတာ္ Melania Trump ကလည္း COVID-19 အကူးစက္ခံခဲ့ရတဲ့ေနာက္ ဒီႏွစ္ထဲ အေမရိကန္ အမ်ားအျပားလိုပဲ သူနဲ႔သမၼတတို႔ ေနအိမ္မွာပဲ quarantine ဝင္ သီးျခားခြဲေနၾကေၾကာင္းနဲ႔ သူတုိ႔ ၂ ဦးစလံုး ေနေကာင္းသလို စီစဥ္ထားတဲ့ ေတြ႔ဆံုမႈအားလံုးကိုေတာ့ ဆိုင္းငံ့လိုက္ေၾကာင္းလည္း ေျပာပါတယ္။

သမၼတထရမ့္ရဲ့ ႏိုင္ငံေရးပြဲစဥ္ အားလံုးကို ပယ္ဖ်က္ခဲ့တယ္ လို႔လည္း သမၼတအိမ္ျဖဴအရာရွိ တဦးက ေျပာပါတယ္။သမၼတရဲ့ က်န္းမာေရးသတင္းထြက္လာခဲ့ၿပီးတဲ့ေနာက္ အေမရိကန္ စေတာ့ရွယ္ယာေစ်းေတြ တဟုန္ထုိး က်ဆင္းသြားသလို တလေက်ာ္ပဲ လိုေတာ့တဲ့ ေရြးေကာက္ပြဲအတြက္ မဲဆြယ္ဖို႔ ျပင္ထားတဲ့ သမၼတရဲ့ မဲဆြယ္မႈေတြလည္း ရပ္ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။

အခုလို COVID 19 အကူးစက္ခံရတဲ့အတြက္ လာမယ့္ ႏိုဝင္ဘာ ၃ ရက္ သမၼတေရြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီက ၿပိဳင္ဘက္ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္ ေလာက္ လူႀကိဳက္မမ်ားဘူးလို႔ ေရြးေကာက္ပြဲအႀကိဳစစ္တမ္းေတြမွာ ျပေနတဲ့ ရီပတ္ဘလစ္ကင္ သမၼတ ေဒၚနယ္ထရမ့္အတြက္ မဲဆြယ္ဖုိ႔ အခက္အခဲေတြ ျဖစ္လာေစတာပါ။

တိုက္႐ိုက္ လင့္ခ္


............

ကိုဗစ် ကူးစက်ခံထားရတဲ့ သမ္မတ Trump ကို စစ်ဆေးရုံမှာ ပြောင်းရွှေ့ကုသမှုပေး

(Unicode)

COVID-19 အကူးစက်ခံနေရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကို ဆေးရုံတင်ထားပါပြီ။

သမ္မတထရမ့်ကို မေရီလန်းပြည်နယ် Bethesda မှာရှိတဲ့ Walter Reed စစ်ဆေးရုံ အထူးကုသခန်းကို ပြောင်းရွှေ့ကုသပေးနေတယ်လို့ သမ္မတအိမ်ဖြူက ဒေသစံတော်ချိန် သောကြာနေ့ ညနေမှာ ပြောပါတယ်။

အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ သမ္မတ ထရမ့်အတွက် ကြိုတင်ကာကွယ်ရေး သတိထားဆောင်ရွက်တဲ့ အနေနဲ့ နောက်ရက်အနည်းငယ် လောက် အဲဒီဆေးရုံမှာပဲ စောင့်ကြည့်ကုသမှာ ဖြစ်ကြောင်း သမ္မတအိမ်ဖြူ ပြန်ကြားရေးအရာရှိ Kayleigh McEnany က ပြောပါတယ်။

သမ္မတရဲ့ သမားတော်ကြီးနဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရ အထူးသတိထားတဲ့ အနေနဲ့ အခုလို လုပ်ဆောင်တာ ဖြစ်ပြီး သမ္မတအနေနဲ့ မူလတာဝန်တွေကို နောက်ရက်အနည်းငယ်အတွင်း ဒီ Walter Reed ဆေးရုံကနေပဲ ထမ်းဆောင်မှာ ဖြစ်ကြောင်း ပြန်ကြားရေး အရာရှိက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။

သမ္မတမှာ အဖျားအနည်းငယ်ရှိတယ်လို့ ဒီကိစ္စအကျွမ်းဝင်သူတဦးက ပြောသလို သမ္မတရဲ့ သမားတော် Sean P. Conley ကလည်း သမ္မတဟာ ပင်ပန်းနွမ်းနယ် နေပေမယ့် စိတ်ဓါတ် ခိုင်မာမှု ရှိကြောင်း ပြောပါတယ်။

သမ္မတဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် Melania Trump တို့ဟာ COVID-19 ရောဂါပိုး အကူးစက်ခံနေရကြောင်း တွေ့ရှိခဲ့တဲ့နောက်မှာ သမ္မတဟာ သိပ်မပြင်းထန်တဲ့ ရောဂါလက္ခဏာ ခံစားလာရပေမယ့် စိတ်ဓါတ်ကြံ့ခိုင်လျက်ရှိတယ်လို့ သမ္မတအိမ်ဖြူ ဝန်ထမ်းအကြီးအကဲ Mark Meadows က သောကြာနေ့မှာ ပြောပါတယ်။

သမ္မတမှာ ရောဂါလက္ခဏာ နဲနဲပြလာကြောင်းနဲ့ သမ္မတရဲ့ ကျန်းမာရေးတင်မကပဲ အန္တရာယ်ကင်းရေးနဲ့ ကောင်းကျိုးအတွက် လုပ်ဆောင်မှာ ဖြစ်သလို အမေရိကန်ပြည်သူအားလုံးအတွက်ပါ ဆက်ပြီး လုပ်ဆောင်မှာ ဖြစ်ကြောင်း. Meadows က သမ္မတအိမ်ဖြူမှာ သတင်းထောက်တွေကို ပြောပါတယ်။

ဒါ့အပြင် သမ္မတဟာ စိတ်ဓါတ်ကြံ့ခိုင်ရုံတင်မကပဲ တက်ကြွမှုပါ ရှိပြီး အမေရိကန်ပြည်သူတွေ ကိုယ်စား ကြိုးကြိုးစားစားလုပ်ဆောင်ဖို့ ချထားတဲ့ သံဓိဌာန် အတိုင်း ခိုင်ခိုင်မာမာ ဆက်ရပ်တည်ဆဲပဲ လို့လည်း ပြောပါတယ်။

သောကြာနေ့ မနက်အစောပိုင်းမှာ သမ္မတထရမ့်က သူနဲ့ သမ္မတကတော်တို့မှာ COVID 19 အကူးစက်ခံနေရကြောင်းနဲ့ သူတို့ဟာ စပြီး quarantine လုပ် သီးခြားခွဲနေနေပြီ ဖြစ်ကြောင်းနဲ့ ဒီကိစ္စကို ၂ ယောက်အတူ လက်တွဲ ကျော်ဖြတ်ကြမှာ ဖြစ်ကြောင်း သမ္မတက သူ့တွစ်တာမှာ ရေးခဲ့တာပါ။

သမ္မတကတော် Melania Trump ကလည်း COVID-19 အကူးစက်ခံခဲ့ရတဲ့နောက် ဒီနှစ်ထဲ အမေရိကန် အများအပြားလိုပဲ သူနဲ့သမ္မတတို့ နေအိမ်မှာပဲ quarantine ဝင် သီးခြားခွဲနေကြကြောင်းနဲ့ သူတို့ ၂ ဦးစလုံး နေကောင်းသလို စီစဉ်ထားတဲ့ တွေ့ဆုံမှုအားလုံးကိုတော့ ဆိုင်းငံ့လိုက်ကြောင်းလည်း ပြောပါတယ်။

သမ္မတထရမ့်ရဲ့ နိုင်ငံရေးပွဲစဉ် အားလုံးကို ပယ်ဖျက်ခဲ့တယ် လို့လည်း သမ္မတအိမ်ဖြူအရာရှိ တဦးက ပြောပါတယ်။သမ္မတရဲ့ ကျန်းမာရေးသတင်းထွက်လာခဲ့ပြီးတဲ့နောက် အမေရိကန် စတော့ရှယ်ယာဈေးတွေ တဟုန်ထိုး ကျဆင်းသွားသလို တလကျော်ပဲ လိုတော့တဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ပြင်ထားတဲ့ သမ္မတရဲ့ မဲဆွယ်မှုတွေလည်း ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

အခုလို COVID 19 အကူးစက်ခံရတဲ့အတွက် လာမယ့် နိုဝင်ဘာ ၃ ရက် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင် လောက် လူကြိုက်မများဘူးလို့ ရွေးကောက်ပွဲအကြိုစစ်တမ်းတွေမှာ ပြနေတဲ့ ရီပတ်ဘလစ်ကင် သမ္မတ ဒေါ်နယ်ထရမ့်အတွက် မဲဆွယ်ဖို့ အခက်အခဲတွေ ဖြစ်လာစေတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG