သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ျပည္နယ္ ၅၀ ထဲမွာ ၂၇ ျပည္နယ္ ကိုဗစ္ကူးစက္


နယူးေယာက္ျပည္နယ္ Brooklyn ၿမိဳ႕ရွိ ေဆးရံုတခုမွာ COVID လူနာတဦးကို သယ္ေဆာင္သြားတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၂၅၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ရွိတဲ့ ျပည္နယ္ ၅၀ ထဲက ၂၇ ျပည္နယ္မွာ ၿပီးခဲ့တဲ့ စက္တင္ဘာလက ကိုဗစ္ ၁၉ ေရာဂါ ကူးစက္မႈေတြဟာ ၾသဂုတ္လနဲ႔ႏႈိင္းယွဥ္ရင္ ပိုမ်ားလာခဲ့ၿပီး၊ Wisconsin ျပည္နယ္မွာဆုိ ၁၁၁ ရာခိုင္ႏႈန္း အထိ ပိုမ်ားလာတယ္လို႔ ႐ုိက္တာသတင္းဌာနရဲ႕ ေလ့လာသုံးသပ္မႈတခုက ေဖာ္ျပလိုက္ပါတယ္။

အေမရိကန္အလယ္ပိုင္းက North Dakota, South Dakota နဲ႔ Wisconsin ျပည္နယ္ေတြအျပင္ Montana, Utah, West Virginia နဲ႔ Wyoming ျပည္နယ္ေတြမွာ ဗုိင္းရပ္စ္ကူးစက္မႈေတြဟာ တလၿပီးတလ ၅၀ ရာခိုင္ႏႈန္း ေလာက္တုိးလာေနပါတယ္။

ကူးစက္မႈေတြ တုိးလာေနတဲ့ ျပည္နယ္ ၂၇ ခုထဲမွာ Illinois ျပည္နယ္ကေတာ့ ကူးစက္မႈတုိးတာ အနည္းဆုံးျဖစ္ၿပီး ၅ ရာခိုင္ႏႈန္းပဲရွိပါတယ္။ အလယ္ပိုင္းျပည္နယ္ေတြထဲက ကူးစက္မႈႏႈန္းက်ဆင္းတဲ့ ျပည္နယ္ေတြကေတာ့ Ohio နဲ႔ Indiana ျပည္နယ္ေတြျဖစ္ပါတယ္။

အေမရိကန္တႏုိင္ငံလုံးမွာေတာ့ ၿပီးခဲ့တဲ့ စက္တင္ဘာလက ဗုိင္းရပ္စ္ကူးစက္ခံရသူ ၁.၁၈ သန္း ရွိခဲ့ၿပီး၊ ၾသဂုတ္လတုန္းကေတာ့ ၁.၄၁ သန္းရွိခဲ့ပါတယ္။

တႏုိင္ငံလုံးမွာ စုစုေပါင္းဗုိင္းရပ္စ္ကူးစက္ခံရသူအေရအတြက္ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လကုန္မွာ ၆.၀၅ သန္းရွိရာကေန အခုအခါမွာေတာ့ ၇.၂၆ သန္းရွိလာတာေၾကာင့္ ၁၉ ရာခိုင္ႏႈန္း တက္လာခဲ့ပါတယ္။ လအလိုက္ ကူးစက္မႈက်ဆင္းတဲ့ ျပည္နယ္ေတြထဲမွာေတာ့ ကယ္လီဖုိးနီးယားျပည္နယ္က ၅၀ ရာခိုင္ႏႈန္းနဲ႔ အမ်ားဆုံးက်ဆင္းသြားၿပီး Neveada က ၄၉ ရာခုိင္ႏႈန္း၊ ဖေလာ္ရီဒါက ၄၇ ရာခိုင္ႏႈန္း ျဖစ္ပါတယ္။

ဖေလာ္ရီဒါျပည္နယ္ကေတာ့ စီးပြားေရးလုပ္ငန္းေတြအေပၚမွာ ခ်မွတ္ထားတဲ့ ကန္႔သတ္ခ်က္ေတြ အားလုံးကို စက္တင္ဘာ ၂၅ ရက္ေန႔က ျပန္႐ုတ္သိမ္းလိုက္ၿပီးေတာ့ စားေသာက္ဆုိင္ေတြနဲ႔ အရက္ဘားေတြကို ပုံမွန္အတုိင္း ျပန္ဖြင့္ခြင့္ျပဳလိုက္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ပြည်နယ် ၅၀ ထဲမှာ ၂၇ ပြည်နယ် ကိုဗစ်ကူးစက်

အမေရိကန်ပြည်ထောင်စုမှာ ရှိတဲ့ ပြည်နယ် ၅၀ ထဲက ၂၇ ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလက ကိုဗစ် ၁၉ ရောဂါ ကူးစက်မှုတွေဟာ သြဂုတ်လနဲ့နှိုင်းယှဉ်ရင် ပိုများလာခဲ့ပြီး၊ Wisconsin ပြည်နယ်မှာဆို ၁၁၁ ရာခိုင်နှုန်း အထိ ပိုများလာတယ်လို့ ရိုက်တာသတင်းဌာနရဲ့ လေ့လာသုံးသပ်မှုတခုက ဖော်ပြလိုက်ပါတယ်။

အမေရိကန်အလယ်ပိုင်းက North Dakota, South Dakota နဲ့ Wisconsin ပြည်နယ်တွေအပြင် Montana, Utah, West Virginia နဲ့ Wyoming ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ကူးစက်မှုတွေဟာ တလပြီးတလ ၅၀ ရာခိုင်နှုန်း လောက်တိုးလာနေပါတယ်။

ကူးစက်မှုတွေ တိုးလာနေတဲ့ ပြည်နယ် ၂၇ ခုထဲမှာ Illinois ပြည်နယ်ကတော့ ကူးစက်မှုတိုးတာ အနည်းဆုံးဖြစ်ပြီး ၅ ရာခိုင်နှုန်းပဲရှိပါတယ်။ အလယ်ပိုင်းပြည်နယ်တွေထဲက ကူးစက်မှုနှုန်းကျဆင်းတဲ့ ပြည်နယ်တွေကတော့ Ohio နဲ့ Indiana ပြည်နယ်တွေဖြစ်ပါတယ်။

အမေရိကန်တနိုင်ငံလုံးမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလက ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁.၁၈ သန်း ရှိခဲ့ပြီး၊ သြဂုတ်လတုန်းကတော့ ၁.၄၁ သန်းရှိခဲ့ပါတယ်။

တနိုင်ငံလုံးမှာ စုစုပေါင်းဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်မှာ ၆.၀၅ သန်းရှိရာကနေ အခုအခါမှာတော့ ၇.၂၆ သန်းရှိလာတာကြောင့် ၁၉ ရာခိုင်နှုန်း တက်လာခဲ့ပါတယ်။ လအလိုက် ကူးစက်မှုကျဆင်းတဲ့ ပြည်နယ်တွေထဲမှာတော့ ကယ်လီဖိုးနီးယားပြည်နယ်က ၅၀ ရာခိုင်နှုန်းနဲ့ အများဆုံးကျဆင်းသွားပြီး Neveada က ၄၉ ရာခိုင်နှုန်း၊ ဖလော်ရီဒါက ၄၇ ရာခိုင်နှုန်း ဖြစ်ပါတယ်။

ဖလော်ရီဒါပြည်နယ်ကတော့ စီးပွားရေးလုပ်ငန်းတွေအပေါ်မှာ ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေ အားလုံးကို စက်တင်ဘာ ၂၅ ရက်နေ့က ပြန်ရုတ်သိမ်းလိုက်ပြီးတော့ စားသောက်ဆိုင်တွေနဲ့ အရက်ဘားတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ခွင့်ပြုလိုက်ပါတယ်။

XS
SM
MD
LG