သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စပိန္ႏုိင္ငံၿမိဳ႕ေတာ္မွာ အကန္႔အသတ္နဲ႔ Lockdown ခ်


(Zawgyi/Unicode)

ၾကာသပေတးေန႔မွာ ကမာၻတလႊား COVID-19 အကူးစက္ခံရသူ ၃၄ သန္း ေက်ာ္နဲ႔ ေသဆံုးသူ တသန္းေက်ာ္ ရွိလာေနၿပီလ႔ို ဒီေရာဂါကူးစက္မႈကို ေစာင့္ၾကည့္မွတ္တမ္းတင္ေနတဲ့ အေမရိကန္ Johns Hopkins တကၠသိုလ္က ေျပာပါတယ္။

စပိန္ႏိုင္ငံမွာေတာ့ ဒီေရာဂါကူးစက္မႈ ေနာက္တခ်ီတုိးလာတာေၾကာင့္ စပိန္အစိုးရက ၿမိဳ႕ေတာ္ Madrid မွာ အကန္႔အသတ္နဲ႔ Lockdown ခ်ပိတ္ပင္တဲ့ အမိန္႔ေတြ ထုတ္ျပန္လိုက္ပါတယ္။ ေဒသခံ ၃ သန္းအေနနဲ႔ အလုပ္၊ ေက်ာင္းနဲ႔ ေစ်း ဒါမွမဟုတ္ ဆရာဝန္ဆီသြားတာမွအပ ကိုယ့္အိမ္ေတြမွာပဲ ကိုယ္ေနရမွာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔က စပိန္ဝန္ႀကီးခ်ဳပ္ Pedro Sanchez နဲ႔ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအႀကီးအကဲေတြ ေတြ႔ဆံုေဆြးေႏြးပြဲမွာ ဒီကန္႔သတ္မႈ အသစ္ေတြကို အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဥေရာပတလႊား COVID-19 ေနာက္ထပ္အကူးစက္ခံရသူ တေျဖးေျဖး တိုးလာေနတာျဖစ္ၿပီး စပိန္ကေတာ့ ေဒသခံ တသိန္းမွာ အေယာက္ ၃၀၀ ေလာက္ အကူးစက္ခံရသလို Madrid မွာေတာ့ ၂ဆ ပိုမ်ားေနၿပီး ၿမိဳ႕ခံတသိန္းမွာ အေယာက္ ၈၀၀ ေလာက္ အကူးစက္ခံေနရတာပါ။ စပိန္ႏိုင္ငံမွာ ဒီေရာဂါနဲ႔ ေသဆံုးရသူက ၃၁ ၀၀၀ ရွိေနၿပီး ဥေရာပမွာ သူ႔ထက္ပိုမ်ားတာက ၿဗိတိန္၊ အီတလီနဲ႔ ျပင္သစ္တို႔ ျဖစ္ပါတယ္။

အစၥေရးမွာေတာ့ COVID-19 ကူးစက္မႈ ျမင့္မားလာတဲ့ေနာက္ ၿပီခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ဝန္ႀကီးခ်ဳပ္ Benjamin Netayahu က ဒုတိယအႀကိမ္အျဖစ္ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ Lockdown ခ်ထားတာပါ။

တခ်ိန္ထည္းမွာပဲ အေမရိကန္ႏုိင္ငံမွာေတာ့ ဗဟိုအစိုးရက အေရးေပၚအကူညီထပ္ မေပးႏိုင္ေတာ့တဲ့ အတြက္ ကမာၻ႔အႀကီးဆံုး အေမရိကန္ ေလေၾကာင္းလိုင္း ၂ ခု ျဖစ္တဲ့ American ေလေၾကာင္းလိုင္း AA နဲ႔ United ေလေၾကာင္းလိုင္း တို႔က ၾကာသပေတးေန႔မွာပဲ သူတို႔ရဲ့ ဝန္ထမ္း အားလံုးေပါင္း ၃၂,၀၀၀ ကို (Furlough) လစာမဲ့ခြင့္ စၿပီး ေပးခဲ့ရပါတယ္။ ကိုရိုနာဗုိင္းရပ္စ္ ေၾကာင့္ အေမရိကန္က နာမည္ႀကီး Disney ေဖ်ာ္ေျဖေရး လုပ္ငန္းကလည္း သူ႔အလုပ္သမား ၂၈,၀၀၀ ကို အလုပ္က ရပ္စဲခဲ့ရတာပါ။

တိုက္႐ိုက္ လင့္ခ္


..............

စပိန်နိုင်ငံမြို့တော်မှာ အကန့်အသတ်နဲ့ Lockdown ချ

(Unicode)

ကြာသပတေးနေ့မှာ ကမ္ဘာတလွှား COVID-19 အကူးစက်ခံရသူ ၃၄ သန်း ကျော်နဲ့ သေဆုံးသူ တသန်းကျော် ရှိလာနေပြီလ့ို ဒီရောဂါကူးစက်မှုကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ အမေရိကန် Johns Hopkins တက္ကသိုလ်က ပြောပါတယ်။

စပိန်နိုင်ငံမှာတော့ ဒီရောဂါကူးစက်မှု နောက်တချီတိုးလာတာကြောင့် စပိန်အစိုးရက မြို့တော် Madrid မှာ အကန့်အသတ်နဲ့ Lockdown ချပိတ်ပင်တဲ့ အမိန့်တွေ ထုတ်ပြန်လိုက်ပါတယ်။ ဒေသခံ ၃ သန်းအနေနဲ့ အလုပ်၊ ကျောင်းနဲ့ ဈေး ဒါမှမဟုတ် ဆရာဝန်ဆီသွားတာမှအပ ကိုယ့်အိမ်တွေမှာပဲ ကိုယ်နေရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က စပိန်ဝန်ကြီးချုပ် Pedro Sanchez နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအကြီးအကဲတွေ တွေ့ဆုံဆွေးနွေးပွဲမှာ ဒီကန့်သတ်မှု အသစ်တွေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဥရောပတလွှား COVID-19 နောက်ထပ်အကူးစက်ခံရသူ တဖြေးဖြေး တိုးလာနေတာဖြစ်ပြီး စပိန်ကတော့ ဒေသခံ တသိန်းမှာ အယောက် ၃၀၀ လောက် အကူးစက်ခံရသလို Madrid မှာတော့ ၂ဆ ပိုများနေပြီး မြို့ခံတသိန်းမှာ အယောက် ၈၀၀ လောက် အကူးစက်ခံနေရတာပါ။ စပိန်နိုင်ငံမှာ ဒီရောဂါနဲ့ သေဆုံးရသူက ၃၁ ၀၀၀ ရှိနေပြီး ဥရောပမှာ သူ့ထက်ပိုများတာက ဗြိတိန်၊ အီတလီနဲ့ ပြင်သစ်တို့ ဖြစ်ပါတယ်။

အစ္စရေးမှာတော့ COVID-19 ကူးစက်မှု မြင့်မားလာတဲ့နောက် ပြီခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဝန်ကြီးချုပ် Benjamin Netayahu က ဒုတိယအကြိမ်အဖြစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ Lockdown ချထားတာပါ။

တချိန်ထည်းမှာပဲ အမေရိကန်နိုင်ငံမှာတော့ ဗဟိုအစိုးရက အရေးပေါ်အကူညီထပ် မပေးနိုင်တော့တဲ့ အတွက် ကမ္ဘာ့အကြီးဆုံး အမေရိကန် လေကြောင်းလိုင်း ၂ ခု ဖြစ်တဲ့ American လေကြောင်းလိုင်း AA နဲ့ United လေကြောင်းလိုင်း တို့က ကြာသပတေးနေ့မှာပဲ သူတို့ရဲ့ ဝန်ထမ်း အားလုံးပေါင်း ၃၂,၀၀၀ ကို (Furlough) လစာမဲ့ခွင့် စပြီး ပေးခဲ့ရပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကြောင့် အမေရိကန်က နာမည်ကြီး Disney ဖျော်ဖြေရေး လုပ်ငန်းကလည်း သူ့အလုပ်သမား ၂၈,၀၀၀ ကို အလုပ်က ရပ်စဲခဲ့ရတာပါ။

XS
SM
MD
LG