(Zawgyi / Unicode)
ဥေရာပတိုက္မွာ ကို႐ုိနာဗုိင္းရပ္စ္ ေရာဂါကူးစက္မႈအတြက္ အသြားအလာ ကန္႔သတ္မႈေတြကို တျဖည္းျဖည္း ျပန္ၿပီး ေျဖေလွ်ာ့ေပးေနခ်ိန္မွာပဲ စပိန္ႏုိင္ငံက ပိတ္ထားတဲ့ သူ႔ရဲ႕နယ္စပ္ဂိတ္ေတြကို တနဂၤေႏြေန႔မွာ ျပန္ဖြင့္ေပးလိုက္ပါၿပီ။
အရင္တုန္းက ကမာၻေပၚမွာ ဒီေရာဂါကူးစက္မႈ တတိယေျမာက္ အမ်ားဆံုးျဖစ္ခဲ့တဲ့ စပိန္ႏုိင္ငံဟာ Johns Hopkins တကၠသိုလ္ စစ္တမ္းအရ အခုအခါမွာ ကူးစက္မႈ ၂ သိန္းခြဲနီးပါးနဲ႔ သတၱမအဆင့္ကို ေရာက္သြားၿပီ ျဖစ္ပါတယ္။
ဥေရာပေဒသမွာ ဒီေရာဂါနဲ႔ပတ္သက္ၿပီး တိုးတက္မႈ ေႏွးေကြးေနခ်ိန္မွာပဲ ဘရာဇီး၊ ေတာင္အာဖရိက၊ အိႏၵိယနဲ႔ အေမရိကန္ႏိုင္ငံေတြမွာေတာ့ ကူးစက္ခံရသူ အေရအတြက္ သိသိသာသာ တိုးေနတာပါ။
အေမရိကန္မွာ ဒီေရာဂါ ကူးစက္ခံရသူ ၂.၂ သန္းေက်ာ္နဲ႔ ကမာၻမွာ အမ်ားဆံုးျဖစ္ေနသလို ဒုတိယအမ်ားဆံုးျဖစ္တဲ့ ဘရာဇီးက ၁ သန္းေက်ာ္၊ ႐ုရွားက သန္းတဝက္ေက်ာ္နဲ႔ တတိယအမ်ားဆံုး ျဖစ္ပါတယ္။
ဒီေရာဂါနဲ႔ ေသဆံုးရသူက အေမရိကန္မွာ ၁ သိန္း ၂ ေသာင္းေလာက္နဲ႔ အမ်ားဆံုး ျဖစ္ေနတာပါ။
ေတာင္ကိုရီးယားႏိုင္ငံမွာ တနဂၤေႏြေန႔က ေနာက္ထပ္ ကူးစက္ခံရသူ ၄၈ ေယာက္ရွိၿပီး အဲဒီထဲက ထက္ဝက္ေလာက္က ဆုိးလ္ၿမိဳ႕ေတာ္က ျဖစ္ပါတယ္။
တ႐ုတ္ႏိုင္ငံမွာလည္း ေနာက္ထပ္ ကူးစက္ခံရသူ ၂၅ ေယာက္ ထပ္ေတြ႔ရၿပီး အမ်ားစုက ေဘဂ်င္းၿမိဳ႕ေတာ္ကပါ။ ဒီ ၂ ႏိုင္ငံစလံုးမွာ ကန္႔သတ္မႈေတြ ေျဖေလွ်ာ့ေပးခဲ့တဲ့ ေနာက္ပိုင္းမွာ အခုလို ကူးစက္မႈ ထပ္ေတြ႔ခဲ့ရတာ ျဖစ္ပါတယ္။
-------------------------------
(Unicode)
COVID ဒဏ် အလူးအလဲ ခံခဲ့ရတဲ့ စပိန်မှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ပြီ
ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုအတွက် အသွားအလာ ကန့်သတ်မှုတွေကို တဖြည်းဖြည်း ပြန်ပြီး ဖြေလျှော့ပေးနေချိန်မှာပဲ စပိန်နိုင်ငံက ပိတ်ထားတဲ့ သူ့ရဲ့နယ်စပ်ဂိတ်တွေကို တနင်္ဂနွေနေ့မှာ ပြန်ဖွင့်ပေးလိုက်ပါပြီ။
အရင်တုန်းက ကမ္ဘာပေါ်မှာ ဒီရောဂါကူးစက်မှု တတိယမြောက် အများဆုံးဖြစ်ခဲ့တဲ့ စပိန်နိုင်ငံဟာ Johns Hopkins တက္ကသိုလ် စစ်တမ်းအရ အခုအခါမှာ ကူးစက်မှု ၂ သိန်းခွဲနီးပါးနဲ့ သတ္တမအဆင့်ကို ရောက်သွားပြီ ဖြစ်ပါတယ်။
ဥရောပဒေသမှာ ဒီရောဂါနဲ့ပတ်သက်ပြီး တိုးတက်မှု နှေးကွေးနေချိန်မှာပဲ ဘရာဇီး၊ တောင်အာဖရိက၊ အိန္ဒိယနဲ့ အမေရိကန်နိုင်ငံတွေမှာတော့ ကူးစက်ခံရသူ အရေအတွက် သိသိသာသာ တိုးနေတာပါ။
အမေရိကန်မှာ ဒီရောဂါ ကူးစက်ခံရသူ ၂.၂ သန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံးဖြစ်နေသလို ဒုတိယအများဆုံးဖြစ်တဲ့ ဘရာဇီးက ၁ သန်းကျော်၊ ရုရှားက သန်းတဝက်ကျော်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။
ဒီရောဂါနဲ့ သေဆုံးရသူက အမေရိကန်မှာ ၁ သိန်း ၂ သောင်းလောက်နဲ့ အများဆုံး ဖြစ်နေတာပါ။
တောင်ကိုရီးယားနိုင်ငံမှာ တနင်္ဂနွေနေ့က နောက်ထပ် ကူးစက်ခံရသူ ၄၈ ယောက်ရှိပြီး အဲဒီထဲက ထက်ဝက်လောက်က ဆိုးလ်မြို့တော်က ဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာလည်း နောက်ထပ် ကူးစက်ခံရသူ ၂၅ ယောက် ထပ်တွေ့ရပြီး အများစုက ဘေဂျင်းမြို့တော်ကပါ။ ဒီ ၂ နိုင်ငံစလုံးမှာ ကန့်သတ်မှုတွေ ဖြေလျှော့ပေးခဲ့တဲ့ နောက်ပိုင်းမှာ အခုလို ကူးစက်မှု ထပ်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။