သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်က တရုတ်အမျိုးသားနေ့ဆန္ဒပြသူ ဒါဇင်နဲ့ချီ ဖမ်းခံရ


(Zawgyi/Unicode)

ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကို တားမြစ်ထားတဲ့ ကြားက အောက်တိုဘာလ ၁ ရက်နေ့ တရုတ်နိုင်ငံအမျိုးသားနေ့မှာ ဆန္ဒပြခဲ့ တာကြောင့် ကြာသပတေးနေ့မှာ ဒီမိုကရေစီရေးလှုပ်ရှားသူ ဒါဇင်နဲ့ချီပြီး အဖမ်းခံခဲ့ရပါတယ်။

တရုတ်နိုင်ငံ အမျိုးသားနေ့ ကို အားလပ်ရက်အဖြစ် သတ်မှတ်ပြီး ပွဲတော်တွေနဲ့ ကျင်းပလေ့ရှိပေမဲ့ တရုတ်ထိန်းချုပ်မှုအောက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာတော့ အဲဒီနေ့ရောက်ရင် မကျေနပ်တဲ့ ဆန့်ကျင် ဆန္ဒပြပွဲတွေ ကျင်းပကြတာပါ။ ဒီနှစ်ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကို ကပ်ရောဂါဘေးကြောင့် တင်းတင်းကြပ်ကြပ်တားမြစ်ထားသလို ပြီးခဲ့တဲ့ ဇွန်လတုန်းက လည်း တရုတ်အစိုးရက ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို ပြဌာန်းထားပြီး ဆန္ဒပြပွဲတွေကို တားဆီးဖို့ ကြိုးစားနေခဲ့တာပါ ဖြစ်ပါတယ်။

ဟောင်ကောင် အစိုးရကတော့ တရုတ်အမျိုးသားနေ့ အခမ်းအနားကိုတော့ လုံခြုံရေးအပြည့်နဲ့ ကျင်းပ ခဲ့ပြီးအုပ်ချုပ်ရေးမှုး Carrie Lam က တရုတ်နိုင်ငံက အကြီးတန်း အရာရှိတွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အခမ်းအနားမှာ အုပ်ချုပ်ရေးမှုး Lamက တရုတ်ရဲ့ ဟောင်ကောင်အပေါ် ချမှတ်ခဲ့တဲ့ လုံခြုံရေး ဥပဒေသစ်ကို အမွှမ်းတင် ပြောဆိုခဲ့ ပါတယ်။

ဇွန်လက ပြဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေကြောင့် ပြီးခဲ့တဲ့ ၃ လထဲ ဟောင်ကောင်လူမှု အသိုင်းအဝိုင်းကြား တည်ငြိမ်မှုတွေ ပြန်လည်ရရှိလာသလို အမျိုးသား လုံခြုံရေးကိုလည်း စောင့်ရှောက်နိုင်ခဲ့ပါတယ် လို့ Lam ကပြေသွားတာပါ။

တရုတ်ပြည်မကြီးက ပြဌာန်းလိုက်တဲ့ လုံခြုံရေးဥပဒေအရ အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်သူ၊ ခွဲထွက်ရေးလုပ်ဆောင်သူ၊ အချုပ် အခြာအာဏာကို ထိပါးသူ၊ ပြည်ပ တပ်ဖွဲ့တွေနဲ့ ပူးပေါင်းသူ ဒီလုပ်ရပ်တွေ ကျူးလွန်သူ ဘယ်သူကို မဆို ထောင်ဒဏ်တသက်အထိချမှတ် နိုင်တာပါ။ ဒီဥပဒေအသစ်အပေါ် မကျေနပ်ဆန္ဒပြပွဲတွေ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ဆက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကြောင့် အာဏာပိုင်တွေက လူစုလူဝေးမလုပ်ကြဖို့ စည်းကမ်းတွေ တင်းတင်းကြပ်ကြပ်ချမှတ်လိုက်တဲ့ နောက် ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေ လျော့ပါးသွားတာလည်း ဖြစ်ပါတယ်။

တရုတ်အမျိုးသားနေ့ ဆန္ဒပြပွဲပြုလုပ်ဖို့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက အွန်လိုင်းကနေ အသိပေးနှိုးဆော်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


................

(Unicode)







XS
SM
MD
LG