သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်က ထင်ရှားတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဖမ်းခံရ


ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ Joshua Wong ကို ကြာသပတေးနေ့က ဖမ်းဆီး
ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ Joshua Wong ကို ကြာသပတေးနေ့က ဖမ်းဆီး

(Zawgyi/Unicode)

ဟောင်ကောင်က ထင်ရှားတဲ့ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ Joshua Wong ကို ကြာသပတေးနေ့က အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို ပြီးခဲ့တဲ့ နှစ်အတွင်း က ဟောင်ကောင်ကို မတည်မငြိမ်ဖြစ်စေခဲ့တဲ့ ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အတွက် ဖမ်းဆီးလိုက်တာပါ။ Wong ကတော့ တရုတ်နိုင်ငံရဲ့ ခွဲခြားဖိနှိပ်မှုတွေကို ဆက်ပြီးဆန့်ကျင် တိုက်ပွဲဝင်သွားမယ်လို့ အာမခံနဲ့ လွတ်လာအပြီး ကတိပြုပြောဆိုလိုက်ပါတယ်။

“ရဲတပ်ဖွဲ့ရဲ မကြာခဏ စစ်ကြော မေးမြန်း ခံနေရတာကို ငြီးငွေ့လာပြီ ဖြစ်ပေမဲ့ တိုက်ပွဲဝင်သွားဖို့က သူ့တာဝန်ဖြစ်တယ်လို့ သဘော ပေါက်နားလည်ကြောင်း၊ ဟောင်ကောင်ပြည်သူတွေရဲ့ အသံကို ကြားဖို့ လုပ်ဆောင်ရမှာက သူ့တာဝန်ဖြစ်ပြီး ဒီအချက်ကပဲ ဆက် ပြီး တိုက်ပွဲဝင်သွားဖို့ အကြောင်းရင်းဖြစ်လို့ သူ့အနေနဲ့ ဘယ်တော့မှ အရှုံးပေးမှာ မဟုတ်တဲ့ အကြောင်း”ကို Wong က ပြောသွား တာပါ။

တရုတ်နိုင်ငံက ဇွန်လနှောင်းပိုင်းက ဟောင်ကောင် အမျိုးသားလုံခြုံရေး ဉပဒေသစ်ပြဌာန်း ခဲ့ပြီးနောက်ပိုင်း အခုလို အစိုးရဆန့်ကျင်သူ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ဆက်တိုက်ဖမ်းဆီးနေခဲ့တာ ဖြစ်ပါတယ်။

Joshua Wong ကို တော့၂၀၁၉ ခုနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါထိန်းချုပ်ရေး အစိုးရက သတ်မှတ်ထားတဲ့ တားမြစ်ချက်တွေကို ဆန့်ကျင်ပြီး လူစုလူဝေး ဆန္ဒပြပွဲတွေမှာဦးဆောင်ပါဝင်ခဲ့တာနဲ့ တရားဝင်ခွင့်ပြုချက်မရဘဲ လူစုလူဝေးပြုလုပ်တဲ့ အမှုနဲ့ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ သူ့ရှေ့နေ Jonathan Man က ပြောပါတယ်။

မနှစ်က ဟောင်ကောင် အစိုးရက ချမှတ်ခဲ့တဲ့ မတန်မဆ ပြင်းထန်လွန်းတဲ့ မျက်နှာဖုံး မစွပ်ရ ဥပဒေကို ချိုးဖောက်မှုနဲ့ သူ့ကို ဒီတစ်ကြိမ် ဖမ်းဆီးတာလို့လည်း သီးခြား စွပ်စွဲချက် ၃ ခုနဲ့ ရင်ဆိုင်နေရတဲ့ အသက် ၂၃ နှစ်အရွယ် Wong က ပြောပါတယ်။

Wong ကို စွဲဆိုထားတဲ့ ပထမ တစ်မှုအတွက် ရဲတပ်ဖွဲ့ကို သတင်း သွားရောက်ပို့စဉ်မှာ သူ့ကို နောက်တမှုနဲ့ ဖမ်းဆီးခဲ့တာလို့လည်း Wong ရဲ့ ရှေ့နေ Jonathan Man က AFP ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)








XS
SM
MD
LG