သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ေရြးေကာက္ပဲြ ေရႊ႕ဆိုင္းမႈ ကန္အျပစ္တင္


ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam. (ဇူလုိင္ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

စက္တင္ဘာလ ၆ ရက္ေန႔မွာ က်င္းပဖို႔ရွိတဲ့ ေဟာင္ေကာင္ ဥပေဒျပဳေကာင္စီ ေရြးေကာက္ပြဲကို တႏွစ္ ေရႊ႕ဆိုင္းလိုက္တဲ့အေပၚ အေမရိကန္ျပည္ေထာင္စုက ျပစ္တင္ ႐ႈတ္ခ်လိုက္ပါတယ္။

စေနေန႔ကထုတ္ျပန္တဲ့ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Mike Pompeo ရဲ႕ ေၾကညာခ်က္မွာ ေဟာင္ေကာင္ ဥပေဒျပဳေကာင္စီ ေရြးေကာက္ပြဲကို ဒီေလာက္ၾကာေအာင္ ေရႊ႕ဆိုင္းထားဖို႔ လုံေလာက္တဲ့ အေၾကာင္းျပခ်က္ မရွိေၾကာင္းနဲ႔ အနီးဆုံး စက္တင္ဘာလေလာက္မွာ က်င္းပသင့္ေၾကာင္း ေဖာ္ျပထားပါတယ္။

ေရြးေကာက္ပြဲ ရက္ေရႊ႕ဆိုင္းလိုက္တဲ့ ေဟာင္ေကာင္အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ဟာ ဝမ္းနည္းဖြယ္ျဖစ္ၿပီး ၁၉၉၇ ခုႏွစ္မွာ ေဟာင္ေကာင္ကို တ႐ုတ္ကို လႊဲေျပာင္းေပးတုန္းက သေဘာတူညီထားတဲ့ ကုလသမဂၢ အသိအမွတ္ျပဳ တ႐ုတ္-ၿဗိတိန္ ပူးတြဲေၾကညာခ်က္ကို လိုက္နာဖို႔ တ႐ုတ္ျပည္မႀကီးက မလိုလားဘူးဆိုတာကို ျပသလိုက္တာလည္း ျဖစ္တယ္လို႔ ဝန္ႀကီး Pompeo က ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဟာင္ေကာင္ ေရြးေကာက္ပြဲေတြကို တႏွစ္ ေရႊ႕ဆိုင္းမယ့္အေၾကာင္း ျပည္မႀကီးက ခန္႔အပ္ထားတဲ့ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေသာၾကာေန႔က ေၾကညာခဲ့တာပါ။

ဒီေၾကညာခ်က္ဟာ ေရြးေကာက္ပြဲမွာ အေျခအေန ေကာင္းမယ္လို႔ ယူဆထားတဲ့ ဒီမိုကေရစီ လိုလားသူေတြအတြက္ ထိုးႏွက္ခ်က္တခု ျဖစ္သလို ဒီမိုကေရစီ လႈပ္ရွားမႈေတြကို ေဟာင္ေကာင္အစိုးရက ဖိႏွိပ္ေနတဲ့ လုပ္ေဆာင္ခ်က္ထဲက တခုလို႔လည္း ေလ့လာသူေတြက ယူဆၾကပါတယ္။

မၾကာေသးခင္ကပဲ ႏိုင္ငံေရးထဲ ပါဝင္ပတ္သက္ေနသူ ဒီမိုကေရစီ လိုလားတဲ့ တကၠသိုလ္ပါေမာကၡႏွစ္ဦး အလုပ္က ထုတ္ပယ္ခံခဲ့ရသလို လူငယ္ တက္ႂကြလႈပ္ရွားသူ ေလးဦးလည္း အမ်ိဳးသားလုံၿခဳံေရး ဥပေဒနဲ႔ အဖမ္းခံခဲ့ရပါတယ္။

အေမရိကန္ႏိုင္ငံသားတဦး အပါအဝင္ လူေျခာက္ေယာက္ကို ေဟာင္ေကာင္ အာဏာပိုင္ေတြက ဖမ္းဝရမ္းထုတ္ခဲ့သလို ဒီမိုကေရစီလိုလားသူ ကိုယ္စားလွယ္ေလာင္း ၁၂ ဦးကိုလည္း ေရြးေကာက္ပြဲဝင္ခြင့္ ပိတ္ပင္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

ဟောင်ကောင်ရွေးကောက်ပွဲ ရွှေ့ဆိုင်းမှု ကန်အပြစ်တင်

စက်တင်ဘာလ ၆ ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ဟောင်ကောင် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကို တနှစ် ရွှေ့ဆိုင်းလိုက်တဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

စနေနေ့ကထုတ်ပြန်တဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ရဲ့ ကြေညာချက်မှာ ဟောင်ကောင် ဥပဒေပြုကောင်စီ ရွေးကောက်ပွဲကို ဒီလောက်ကြာအောင် ရွှေ့ဆိုင်းထားဖို့ လုံလောက်တဲ့ အကြောင်းပြချက် မရှိကြောင်းနဲ့ အနီးဆုံး စက်တင်ဘာလလောက်မှာ ကျင်းပသင့်ကြောင်း ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ ရက်ရွှေ့ဆိုင်းလိုက်တဲ့ ဟောင်ကောင်အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဝမ်းနည်းဖွယ်ဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ဟောင်ကောင်ကို တရုတ်ကို လွှဲပြောင်းပေးတုန်းက သဘောတူညီထားတဲ့ ကုလသမဂ္ဂ အသိအမှတ်ပြု တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ကို လိုက်နာဖို့ တရုတ်ပြည်မကြီးက မလိုလားဘူးဆိုတာကို ပြသလိုက်တာလည်း ဖြစ်တယ်လို့ ဝန်ကြီး Pompeo က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဟောင်ကောင် ရွေးကောက်ပွဲတွေကို တနှစ် ရွှေ့ဆိုင်းမယ့်အကြောင်း ပြည်မကြီးက ခန့်အပ်ထားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က သောကြာနေ့က ကြေညာခဲ့တာပါ။

ဒီကြေညာချက်ဟာ ရွေးကောက်ပွဲမှာ အခြေအနေ ကောင်းမယ်လို့ ယူဆထားတဲ့ ဒီမိုကရေစီ လိုလားသူတွေအတွက် ထိုးနှက်ချက်တခု ဖြစ်သလို ဒီမိုကရေစီ လှုပ်ရှားမှုတွေကို ဟောင်ကောင်အစိုးရက ဖိနှိပ်နေတဲ့ လုပ်ဆောင်ချက်ထဲက တခုလို့လည်း လေ့လာသူတွေက ယူဆကြပါတယ်။

မကြာသေးခင်ကပဲ နိုင်ငံရေးထဲ ပါဝင်ပတ်သက်နေသူ ဒီမိုကရေစီ လိုလားတဲ့ တက္ကသိုလ်ပါမောက္ခနှစ်ဦး အလုပ်က ထုတ်ပယ်ခံခဲ့ရသလို လူငယ် တက်ကြွလှုပ်ရှားသူ လေးဦးလည်း အမျိုးသားလုံခြုံရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရပါတယ်။

အမေရိကန်နိုင်ငံသားတဦး အပါအဝင် လူခြောက်ယောက်ကို ဟောင်ကောင် အာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ခဲ့သလို ဒီမိုကရေစီလိုလားသူ ကိုယ်စားလှယ်လောင်း ၁၂ ဦးကိုလည်း ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။

XS
SM
MD
LG