သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ ျပႆနာ အတိမ္အနက္ႏွင့္ အက်ယ္အ၀န္း


(Zawgyi/Unicode)

တ႐ုတ္အစိုးရက ေဟာင္ေကာင္မွာ အမ်ိဳးသားလုံၿခဳံေရး ဥပေဒသစ္ ျပဌာန္းခဲ့ၿပီးေနာက္ ျဖစ္ေပၚလာတဲ့ ႏိုင္ငံႀကီးေတြရဲ႕ တံု႔ျပန္မႈနဲ႔ ေဟာင္ေကာင္အေရး ေဒသတြင္း ဘယ္လို ႐ိုက္ခတ္မႈ ရွိလာမလဲဆိုတာ ဗီြအိုေအျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာရဲ႕ သုံးသပ္ခ်က္ေတြကို ကိုဉာဏ္ဝင္းေအာင္က ဆက္သြယ္ ေမးျမန္းထားပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ တရုတ္ႏိုင္ငံအစိုးရကေနၿပီးေတာ့ အခုေဟာင္ေကာင္မွာ အမ်ိဳးသားလံုၿခံဳေရးဆိုင္ရာ ဥပေဒဆိုတာကို ျပဌာန္းၿပီးေတာ့ ဖမ္းဆီးတာေတြ အေရးယူတာေတြ လုပ္လာေနပါၿပီ။ ျပႆနာလည္း တက္ေနပါၿပီ ၊ အဲဒီေတာ့ ဒီကိစၥက ေရွ႕ကို ဘယ္ေလာက္အထိ ႀကီးက်ယ္ လာႏိုင္ပါသလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ေရွ႕ကို မေျပာခင္ ေနာက္ကေန ျပန္စရမယ္ဆိုရင္ ၁၈၄၁ ဘိန္းစစ္ပြဲမွာ ၿဗိတိသွ်ေတြ တရုတ္လက္ထဲက သိမ္းယူခဲ့တဲ့ေဟာင္ေကာင္ကို ၁၉၉၇ မွာ ျပန္လႊဲဲေပးပါတယ္။ အဲဒီလို လႊဲေပးတဲ့ အခါမွာ “One Country ,Two System” တႏိုင္ငံ စနစ္ ၂ မ်ိဳးနဲ႔ ႏွစ္ ၅၀ အထိ ထားမယ္။ ေဟာင္ေကာင္ဟာ ၿဗိတိသွ်လက္ေအာက္မွာရွိခဲ့တဲ့ ဒီမိုကေရစီစနစ္ကို ျပန္က်င့္သံုးမယ္ဆိုၿပီးေတာ့ ႏွစ္ ၅၀ ထားမယ္ ဆိုၿပီးေတာ့ သေဘာတူခဲ့ၾကတယ္။ အခု ၂၃ ႏွစ္အၾကာမွာ တရုတ္က အဲဒီစနစ္ကို ဖ်က္သိမ္းၿပီးေတာ့ တရုတ္စနစ္ လက္ေအာက္ကို လံုး၀ သြတ္သြင္းခ်င္တဲ့သေဘာနဲ႔ လုပ္လာတာျဖစ္တယ္။ တခ်ိန္တည္းမွာပဲ ေဟာင္ေကာင္က လူေတြကလည္း ၿဗိတိသွ်လက္ေအာက္မွာ ေနခဲ့ရတဲ့ ဒီမိုကေရစီစနစ္ကို ဆက္လက္က်င့္သံုးခ်င္တယ္။ ပိုၿပီးေတာ့ ျပင္းထန္လာတာက လူငယ္တခ်ိဳ႕ဆိုရင္ Hong Kong Independence ေဟာင္ေကာင္ လြတ္လပ္ေရး ဆိုၿပီးေတာ့ ေၾကြးေၾကာ္လာၾကတယ္ ဒါက အေျခခံအေၾကာင္းအရင္း ။

လတ္တလော ျဖစ္လာတာက မႏွစ္ကတုန္းက extradition ဥပေဒလို႔ေခၚတဲ့ တရားခံေျပး လႊဲေျပာင္းေရးဥပေဒ။ တရုတ္က တရားခံအျဖစ္ လိုခ်င္သူေတြကို ေဟာင္ေကာင္ ဘက္ကေန ျပန္လႊဲေပးရမယ္။ အဲဒီမွာ ျပႆနာ စတက္တယ္ အခုအခါမွာ အမ်ဳိးသားလုံၿခံဳေရးဥပေဒ ဆိုၿပီး ပိုၿပီးေတာ့ ျပင္းျပင္းထန္ထန္ ျဖစ္လာတယ္။ ဆိုေတာ့ ဒီ ျပႆနာကိစၥေတြကို ညိွႏိႈင္းလို႔ ေျပလည္ႏိုင္ရင္ေတာင္မွ အဓိက အေၾကာင္းအရင္းျဖစ္တဲ့ တရုတ္က အခ်ိန္မျပည့္ခင္ ထိန္းခ်ဳပ္ခ်င္တာနဲ႔ ေဟာင္ေကာင္ဘက္က ဒီမိုကေရစီ လိုခ်င္တဲ့ကိစၥကေတာ့ ဆက္လက္ၿပီးေတာ့ ျဖစ္ေနဦးမယ္လို႔ ထင္ပါတယ္ခင္ဗ်။

ကိုဉာဏ္ဝင္းေအာင္။ ။ ဟုတ္ကဲ့ ေဟာင္ေကာင္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္တို႔ ၿဗိတိန္တို႔ကလည္း သူတို႔ ႏိုင္ငံရဲ႕ လုပ္ပိုင္ခြင့္ထဲကေန ဒီေဟာင္ေကာင္ကိစၥမွာ အေရးယူ ေဆာင္ရြက္မႈေတြ လုပ္လာေနတာကိုလည္း က်ေနာ္တို႔ သတိထားမိပါတယ္။ ဒါေတြက ဘယ္ေလာက္အထိ ထိေရာက္မွာလည္း ဒီအေပၚမွာေရာ တရုတ္ႏိုင္ငံဘက္က ဘယ္လို တံု႔ျပန္လာႏိုင္ပါသလဲ။

ဦးေက်ာ္ဇံသာ။ ။ ပထမဆံုး အေမရိကန္ရဲ႕ အေရးယူမႈကေတာ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္မယ္လို႔ ေျပာပါတယ္။ ဆိုေတာ့ အဲဒီ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ထဲမွာ အထင္ရွားဆံုးတခု ပါ၀င္တာကေတာ့ ေဟာင္ေကာင္ကို အေမရိကန္က အထူးစီးပြားေရးဇံု ကုန္သြယ္ဘက္ဇံု အျဖစ္နဲ႔ သတ္မွတ္ထားတယ္။ ဆိုလုိတဲ့သေဘာက ေဟာင္ေကာင္ကေနတဆင့္ ကူးသန္းေရာင္း၀ယ္ေရးလုပ္ရင္ အခြန္မေကာက္ဘူး Custom duty free လုပ္ထားတယ္။ အဲဒီလိုဟာကို ျပန္လည္ရုပ္သိမ္းမယ္လို႔ ေျပာတယ္။ ဆိုေတာ့ အဲဒီကိစၥက ဘယ္ေလာက္အေရးႀကီးသလဲဆိုရင္ တရုတ္ျပည္ကို အေမရိကန္က တင္ပို႔တဲ့ ကုန္ပစၥည္းထဲက ၈ ရာခိုင္ႏႈန္းက ေဟာင္ေကာင္ကို ျဖတ္ၿပီးေတာ့ ဟိုဘက္ကို ၀င္တယ္။ တရုတ္ျပည္ဘက္က အေမရိကန္ကို ၀င္တဲ့ ကုန္ ၆ ရာခိုင္ႏႈန္းက အခြန္လြတ္ အေမရိကန္ထဲကို ၀င္တယ္။ ဆိုေတာ့ ၆ ရာခိုင္ႏႈန္း ၊ ၈ ရာခိုင္ႏႈန္း ေလာက္ပဲရွိတယ္ဆိုေတာ့ တရုတ္က စီးပြားေရးအင္အားသိပ္ႀကီးတဲ့ ႏိုင္ငံတခုျဖစ္ေတာ့ သူ႔ဘက္ကေတာ့ သိပ္အထိမနာေလာက္ဘူးလို႔ ဆိုရမွာပါ။

ၿဗိတိန္ကေတာ့ ဘာလုပ္မလဲဆိုရင္ ေဟာင္ေကာင္ႏိုင္ငံသား ၃ သန္းေလာက္ကို ၿဗိတိန္ ႏိုင္ငံသားေပးမယ္လုိ႔ ေျပာတယ္။ ဒါကေတာ့ တရုတ္ႏိုင္ငံရဲ႕ အခ်ဳပ္အျခာအာဏာကို ေစာ္ကားတဲ့ စိန္ေခၚတဲ့ သေဘာျဖစ္တယ္။ တရုတ္တို႔က ေဟာင္ေကာင္လူထုဟာ တရုတ္ႏိုင္ငံသားေတြျဖစ္တယ္၊ မင္းတို႔ ဘာေပးစရာ လိုလို႔လဲ ဆိုေတာ့ ဒီကိစၥကေတာ့ အေတာ္ေလး ျပႆနာတက္ႏိုင္တဲ့ ကိစၥပါ။ အလားတူ Australia ကလည္း ၿဗိတိန္နမူနာကို လိုက္ၿပီးလုပ္မယ္လို႔ စဥ္းစားေနပါတယ္။ ဆိုေတာ့ ဒီကိစၥကေတာ့ အေတာ္ေလး အခဲမေက်ျဖစ္ၾကမယ္ ။

တရုတ္ဘက္ကေတာ့ ဘယ္လို တံု႔ျပန္မလဲဆိုေတာ့ Corresponding Measure ထိုက္သင့္တဲ့ တံု႔ျပန္မႈ လုပ္မယ္။ အတိအက်ကိုေတာ့ သူမေျပာေသးပါဘူး ဆိုေတာ့ ဒါကေတာ့ ေစာင့္ၾကည့္ရမယ့္ကိစၥပါ။

ကိုဉာဏ္ဝင္းေအာင္။ ။ ဟုတ္ကဲ့ ဒီေဟာင္ေကာင္အေရးကိစၥက ေဒသတြင္းကိုေရာ ဘယ္လို ရိုက္ခတ္လာႏိုင္ပါသလဲ။ အထူးသျဖင့္ ျမန္မာအပါအ၀င္ အေရွ႕ေတာင္ အာရွႏိုင္ငံေတြအေပၚမွာ ဘယ္လိုရိုက္ခတ္မႈ ရွိလာႏိုင္တယ္လို႔ သံုးသပ္ပါသလဲ။

ဦးေက်ာ္ဇံသာ။ ။ ေဒသတြင္းမွာေတာ့ တရုတ္နဲ႔ မတည္႔တဲ့ ႏိုင္ငံေတြက တရုတ္ကို စိုးရိမ္လာမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ထိုင္၀မ္ဆိုရင္ သူ႔ႏိုင္ငံသားေတြ သတိထားၾကဖို႔ ၊ ေဟာင္ေကာင္ ကိုေသာ္လည္းေကာင္း၊ တရုတ္ကိုေသာ္လည္းေကာင္း၊ မကာအို ေသာ္လည္းေကာင္း မလိုအပ္ရင္ မသြားဖို႔ စသျဖင့္ ထိုင္၀မ္ဘက္ကေတာ့ သတိထားဖို႔ ေျပာေနတာေတြ႔ရပါတယ္။

ဆိုေတာ့ အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာလည္း ေတာင္တရုတ္ပင္လယ္ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ တရုတ္နဲ႔ အျငင္းပြားေနတာ ရွိပါတယ္။ အေရွ႕ေတာင္အာရွ ၄ ႏိုင္ငံေလာက္က တိုက္ရိုက္ပတ္သက္ ေနတယ္ဆိုေတာ့ အခု ေဟာင္ေကာင္ကို တရုတ္က ေရွ႕တိုးၿပီးလုပ္သလို ၊ ေတာင္တရုတ္ပင္လယ္ ကိစၥမွာလည္း ေရွ႕တိုးၿပီး လုပ္လာမယ္ဆိုရင္ ငါတို႔ဘယ္လိုလုပ္မလဲ ဒါ အေရွ႕ေတာင္အာရွႏိုင္ငံေတြအေနနဲ႔ စဥ္းစားစရာ စိုးရိမ္စရာလို႔ေျပာရင္ ရေကာင္းရႏိုင္ပါတယ္။

ျမန္မာကေတာ့ အေရွ႕ေတာင္အာရွႏိုင္ငံေတြထဲက ကေမာၻဒီးယား ၊ လာအိုတို႔လိုပဲ တရုတ္နဲ႔ သိပ္ၿပီး စီးပြားေရးအဆက္အဆံ ရွိေနတာရယ္၊ နယ္ေျမအျငင္းပြားတဲ့ ေတာင္တရုတ္ပင္လယ္ ကိစၥမွာလည္း မပါ၀င္ေတာ့ သူကေတာ့ ခပ္ေရွာင္ေရွာင္ပဲ ခပ္ဖယ္ဖယ္ပဲ ေနမယ္လို႔ ယူဆရပါတယ္။

ကိုဉာဏ္ဝင္းေအာင္။ ။ေက်းဇူးတင္ပါတယ္ ဦးေက်ာ္ဇံသာ ခင္ဗ်ာ။

ေဟာင္ေကာင္ ျပႆနာ အတိမ္အနက္ႏွင့္ အက်ယ္အ၀န္း
please wait

No media source currently available

0:00 0:04:26 0:00
တိုက္႐ိုက္ လင့္ခ္

...............

ဟောင်ကောင် ပြဿနာ အတိမ်အနက်နှင့် အကျယ်အဝန်း
(Unicode)

တရုတ်အစိုးရက ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ် ပြဌာန်းခဲ့ပြီးနောက် ဖြစ်ပေါ်လာတဲ့ နိုင်ငံကြီးတွေရဲ့ တုံ့ပြန်မှုနဲ့ ဟောင်ကောင်အရေး ဒေသတွင်း ဘယ်လို ရိုက်ခတ်မှု ရှိလာမလဲဆိုတာ ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာရဲ့ သုံးသပ်ချက်တွေကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ တရုတ်နိုင်ငံအစိုးရကနေပြီးတော့ အခုဟောင်ကောင်မှာ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေဆိုတာကို ပြဌာန်းပြီးတော့ ဖမ်းဆီးတာတွေ အရေးယူတာတွေ လုပ်လာနေပါပြီ။ ပြဿနာလည်း တက်နေပါပြီ ၊ အဲဒီတော့ ဒီကိစ္စက ရှေ့ကို ဘယ်လောက်အထိ ကြီးကျယ် လာနိုင်ပါသလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ရှေ့ကို မပြောခင် နောက်ကနေ ပြန်စရမယ်ဆိုရင် ၁၈၄၁ ဘိန်းစစ်ပွဲမှာ ဗြိတိသျှတွေ တရုတ်လက်ထဲက သိမ်းယူခဲ့တဲ့ဟောင်ကောင်ကို ၁၉၉၇ မှာ ပြန်လွှဲပေးပါတယ်။ အဲဒီလို လွှဲပေးတဲ့ အခါမှာ “One Country ,Two System” တနိုင်ငံ စနစ် ၂ မျိုးနဲ့ နှစ် ၅၀ အထိ ထားမယ်။ ဟောင်ကောင်ဟာ ဗြိတိသျှလက်အောက်မှာရှိခဲ့တဲ့ ဒီမိုကရေစီစနစ်ကို ပြန်ကျင့်သုံးမယ်ဆိုပြီးတော့ နှစ် ၅၀ ထားမယ် ဆိုပြီးတော့ သဘောတူခဲ့ကြတယ်။ အခု ၂၃ နှစ်အကြာမှာ တရုတ်က အဲဒီစနစ်ကို ဖျက်သိမ်းပြီးတော့ တရုတ်စနစ် လက်အောက်ကို လုံး၀ သွတ်သွင်းချင်တဲ့သဘောနဲ့ လုပ်လာတာဖြစ်တယ်။ တချိန်တည်းမှာပဲ ဟောင်ကောင်က လူတွေကလည်း ဗြိတိသျှလက်အောက်မှာ နေခဲ့ရတဲ့ ဒီမိုကရေစီစနစ်ကို ဆက်လက်ကျင့်သုံးချင်တယ်။ ပိုပြီးတော့ ပြင်းထန်လာတာက လူငယ်တချို့ဆိုရင် Hong Kong Independence ဟောင်ကောင် လွတ်လပ်ရေး ဆိုပြီးတော့ ကြွေးကြော်လာကြတယ် ဒါက အခြေခံအကြောင်းအရင်း ။

လတ်တလော ဖြစ်လာတာက မနှစ်ကတုန်းက extradition ဥပဒေလို့ခေါ်တဲ့ တရားခံပြေး လွှဲပြောင်းရေးဥပဒေ။ တရုတ်က တရားခံအဖြစ် လိုချင်သူတွေကို ဟောင်ကောင် ဘက်ကနေ ပြန်လွှဲပေးရမယ်။ အဲဒီမှာ ပြဿနာ စတက်တယ် အခုအခါမှာ အမျိုးသားလုံခြုံရေးဥပဒေ ဆိုပြီး ပိုပြီးတော့ ပြင်းပြင်းထန်ထန် ဖြစ်လာတယ်။ ဆိုတော့ ဒီ ပြဿနာကိစ္စတွေကို ညှိနှိုင်းလို့ ပြေလည်နိုင်ရင်တောင်မှ အဓိက အကြောင်းအရင်းဖြစ်တဲ့ တရုတ်က အချိန်မပြည့်ခင် ထိန်းချုပ်ချင်တာနဲ့ ဟောင်ကောင်ဘက်က ဒီမိုကရေစီ လိုချင်တဲ့ကိစ္စကတော့ ဆက်လက်ပြီးတော့ ဖြစ်နေဦးမယ်လို့ ထင်ပါတယ်ခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ ဟောင်ကောင်အရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်တို့ ဗြိတိန်တို့ကလည်း သူတို့ နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ထဲကနေ ဒီဟောင်ကောင်ကိစ္စမှာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်လာနေတာကိုလည်း ကျနော်တို့ သတိထားမိပါတယ်။ ဒါတွေက ဘယ်လောက်အထိ ထိရောက်မှာလည်း ဒီအပေါ်မှာရော တရုတ်နိုင်ငံဘက်က ဘယ်လို တုံ့ပြန်လာနိုင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ ပထမဆုံး အမေရိကန်ရဲ့ အရေးယူမှုကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်မယ်လို့ ပြောပါတယ်။ ဆိုတော့ အဲဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထဲမှာ အထင်ရှားဆုံးတခု ပါဝင်တာကတော့ ဟောင်ကောင်ကို အမေရိကန်က အထူးစီးပွားရေးဇုံ ကုန်သွယ်ဘက်ဇုံ အဖြစ်နဲ့ သတ်မှတ်ထားတယ်။ ဆိုလိုတဲ့သဘောက ဟောင်ကောင်ကနေတဆင့် ကူးသန်းရောင်းဝယ်ရေးလုပ်ရင် အခွန်မကောက်ဘူး Custom duty free လုပ်ထားတယ်။ အဲဒီလိုဟာကို ပြန်လည်ရုပ်သိမ်းမယ်လို့ ပြောတယ်။ ဆိုတော့ အဲဒီကိစ္စက ဘယ်လောက်အရေးကြီးသလဲဆိုရင် တရုတ်ပြည်ကို အမေရိကန်က တင်ပို့တဲ့ ကုန်ပစ္စည်းထဲက ၈ ရာခိုင်နှုန်းက ဟောင်ကောင်ကို ဖြတ်ပြီးတော့ ဟိုဘက်ကို ဝင်တယ်။ တရုတ်ပြည်ဘက်က အမေရိကန်ကို ဝင်တဲ့ ကုန် ၆ ရာခိုင်နှုန်းက အခွန်လွတ် အမေရိကန်ထဲကို ဝင်တယ်။ ဆိုတော့ ၆ ရာခိုင်နှုန်း ၊ ၈ ရာခိုင်နှုန်း လောက်ပဲရှိတယ်ဆိုတော့ တရုတ်က စီးပွားရေးအင်အားသိပ်ကြီးတဲ့ နိုင်ငံတခုဖြစ်တော့ သူ့ဘက်ကတော့ သိပ်အထိမနာလောက်ဘူးလို့ ဆိုရမှာပါ။

ဗြိတိန်ကတော့ ဘာလုပ်မလဲဆိုရင် ဟောင်ကောင်နိုင်ငံသား ၃ သန်းလောက်ကို ဗြိတိန် နိုင်ငံသားပေးမယ်လို့ ပြောတယ်။ ဒါကတော့ တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားတဲ့ စိန်ခေါ်တဲ့ သဘောဖြစ်တယ်။ တရုတ်တို့က ဟောင်ကောင်လူထုဟာ တရုတ်နိုင်ငံသားတွေဖြစ်တယ်၊ မင်းတို့ ဘာပေးစရာ လိုလို့လဲ ဆိုတော့ ဒီကိစ္စကတော့ အတော်လေး ပြဿနာတက်နိုင်တဲ့ ကိစ္စပါ။ အလားတူ Australia ကလည်း ဗြိတိန်နမူနာကို လိုက်ပြီးလုပ်မယ်လို့ စဉ်းစားနေပါတယ်။ ဆိုတော့ ဒီကိစ္စကတော့ အတော်လေး အခဲမကျေဖြစ်ကြမယ် ။

တရုတ်ဘက်ကတော့ ဘယ်လို တုံ့ပြန်မလဲဆိုတော့ Corresponding Measure ထိုက်သင့်တဲ့ တုံ့ပြန်မှု လုပ်မယ်။ အတိအကျကိုတော့ သူမပြောသေးပါဘူး ဆိုတော့ ဒါကတော့ စောင့်ကြည့်ရမယ့်ကိစ္စပါ။

ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့ ဒီဟောင်ကောင်အရေးကိစ္စက ဒေသတွင်းကိုရော ဘယ်လို ရိုက်ခတ်လာနိုင်ပါသလဲ။ အထူးသဖြင့် မြန်မာအပါအဝင် အရှေ့တောင် အာရှနိုင်ငံတွေအပေါ်မှာ ဘယ်လိုရိုက်ခတ်မှု ရှိလာနိုင်တယ်လို့ သုံးသပ်ပါသလဲ။

ဦးကျော်ဇံသာ။ ။ ဒေသတွင်းမှာတော့ တရုတ်နဲ့ မတည့်တဲ့ နိုင်ငံတွေက တရုတ်ကို စိုးရိမ်လာမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ထိုင်ဝမ်ဆိုရင် သူ့နိုင်ငံသားတွေ သတိထားကြဖို့ ၊ ဟောင်ကောင် ကိုသော်လည်းကောင်း၊ တရုတ်ကိုသော်လည်းကောင်း၊ မကာအို သော်လည်းကောင်း မလိုအပ်ရင် မသွားဖို့ စသဖြင့် ထိုင်ဝမ်ဘက်ကတော့ သတိထားဖို့ ပြောနေတာတွေ့ရပါတယ်။

ဆိုတော့ အရှေ့တောင်အာရှ နိုင်ငံတွေမှာလည်း တောင်တရုတ်ပင်လယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့ အငြင်းပွားနေတာ ရှိပါတယ်။ အရှေ့တောင်အာရှ ၄ နိုင်ငံလောက်က တိုက်ရိုက်ပတ်သက် နေတယ်ဆိုတော့ အခု ဟောင်ကောင်ကို တရုတ်က ရှေ့တိုးပြီးလုပ်သလို ၊ တောင်တရုတ်ပင်လယ် ကိစ္စမှာလည်း ရှေ့တိုးပြီး လုပ်လာမယ်ဆိုရင် ငါတို့ဘယ်လိုလုပ်မလဲ ဒါ အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ စဉ်းစားစရာ စိုးရိမ်စရာလို့ပြောရင် ရကောင်းရနိုင်ပါတယ်။

မြန်မာကတော့ အရှေ့တောင်အာရှနိုင်ငံတွေထဲက ကမ္ဘောဒီးယား ၊ လာအိုတို့လိုပဲ တရုတ်နဲ့ သိပ်ပြီး စီးပွားရေးအဆက်အဆံ ရှိနေတာရယ်၊ နယ်မြေအငြင်းပွားတဲ့ တောင်တရုတ်ပင်လယ် ကိစ္စမှာလည်း မပါဝင်တော့ သူကတော့ ခပ်ရှောင်ရှောင်ပဲ ခပ်ဖယ်ဖယ်ပဲ နေမယ်လို့ ယူဆရပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ ခင်ဗျာ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG