(Zawgyi / Unicode)
အမ်ိဳးသားလုံၿခဳံေရးကို ၿခိမ္းေျခာက္ အႏၲရာယ္ျပဳတဲ့ ရာဇဝတ္မႈေတြကို စုံစမ္းစစ္ေဆးဖို႔နဲ႔ က်ဴးလြန္သူေတြကို တရားစြဲဆို အေရးယူႏုိင္ဖို႔ ေဟာင္ေကာင္မွာ အထူးဌာနတခုကို ဖြဲ႔စည္း တည္ေထာင္မယ္လို႔ တ႐ုတ္ႏုိင္ငံပိုင္ Xinhua သတင္းဌာနက စေနေန႔က ေၾကညာလိုက္ပါတယ္။
အျငင္းပြားဖြယ္ျဖစ္ေနတဲ့ ေဟာင္ေကာင္ လုံၿခဳံေရးဆိုင္ရာ ဥပေဒမွာ ပါရွိတဲ့ အေသးစိတ္ အခ်က္အလက္ေတြကို ထုတ္ျပန္ေနရင္းနဲ႔ Xinhua က အခုလို ေၾကညာသြားတာပါ။
အမ်ိဳးသားလုံၿခဳံေရး အထူးဌာနတခုကို ထူေထာင္တာအျပင္ ဘ႑ာေရးနဲ႔ လူဝင္မႈႀကီးၾကပ္ေရး အပါအဝင္ ေဟာင္ေကာင္က အစိုးရဌာနေတြအားလုံး တ႐ုတ္ ဗဟိုအစိုးရကို တိုက္႐ုိက္ အစီရင္ခံသြားရမယ္လို႔လည္း ေျပာပါတယ္။
အခုေၾကညာခ်က္ဟာ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္အဆင့္ ျမင့္ျမင့္မားမား ရရွိထားတဲ့ ေဟာင္ေကာင္ကို တ႐ုတ္ျပည္မႀကီးက တင္းတင္းက်ပ္က်ပ္ ထိန္းခ်ဳပ္လိမ့္မယ္ဆိုတဲ့ စိုးရိမ္စိတ္ေတြကို ပိုၿပီး ႀကီးထြားလာေစမွာ ျဖစ္ပါတယ္။
အခုဥပေဒမူၾကမ္းကို တ႐ုတ္အမ်ိဳးသား ျပည္သူ႔ကြန္ဂရက္ အၿမဲတမ္းေကာ္မတီမွာ ေဆြးေႏြးေနတာျဖစ္ၿပီး မဲခြဲမဆုံးျဖတ္ေသးဘူးလို႔ အဲဒီ အၿမဲတမ္းေကာ္မတီမွာ ပါဝင္တဲ့ ေဟာင္ေကာင္က တဦးတည္းေသာ ကိုယ္စားလွယ္ျဖစ္တဲ့ Tam Yiu-chung က ေဟာင္ေကာင္အသံလႊင့္ဌာန RTHK ကို ေျပာပါတယ္။
အၿမဲတမ္းေကာ္မတီကို ၾကာသပေတးေန႔က တင္သြင္းခဲ့တဲ့ ဥပေဒမူၾကမ္းမွာ အပိုင္း ၄ ပိုင္း ပါရွိရာမွာ ႏုိင္ငံကေန ခြဲထြက္ျခင္း၊ ႏုိင္ငံေတာ္အာဏာကို ထိပါးေႏွာင့္ယွက္ျခင္း၊ ျပည္တြင္း အၾကမ္းဖက္လႈပ္ရွားမႈနဲ႔ ႏုိင္ငံျခားဩဇာခံ ပူးေပါင္းလုပ္ေဆာင္ျခင္းဆိုင္ရာ အပိုင္းေတြ ပါရွိပါတယ္။
ဒီဥပေဒအေပၚ ေဝဖန္ေျပာဆိုမႈေတြ ရွိေနရာမွာ ဥပေဒၾကမ္းကို အတည္ျပဳရင္ ေဟာင္ေကာင္ကို ေပးအပ္ထားတဲ့ အထူးအခြင့္အေရးတခ်ိဳ႕ကို ႐ုပ္သိမ္းမွာျဖစ္ေၾကာင္း အေမရိကန္ႏုိင္ငံက ေၾကညာထားပါတယ္။
--------------------------------
(Unicode)
တရုတ်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာ ဗျူရို ဟောင်ကောင်မှာ ဖွင့်မယ်
အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက် အန္တရာယ်ပြုတဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့နဲ့ ကျူးလွန်သူတွေကို တရားစွဲဆို အရေးယူနိုင်ဖို့ ဟောင်ကောင်မှာ အထူးဌာနတခုကို ဖွဲ့စည်း တည်ထောင်မယ်လို့ တရုတ်နိုင်ငံပိုင် Xinhua သတင်းဌာနက စနေနေ့က ကြေညာလိုက်ပါတယ်။
အငြင်းပွားဖွယ်ဖြစ်နေတဲ့ ဟောင်ကောင် လုံခြုံရေးဆိုင်ရာ ဥပဒေမှာ ပါရှိတဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြန်နေရင်းနဲ့ Xinhua က အခုလို ကြေညာသွားတာပါ။
အမျိုးသားလုံခြုံရေး အထူးဌာနတခုကို ထူထောင်တာအပြင် ဘဏ္ဍာရေးနဲ့ လူဝင်မှုကြီးကြပ်ရေး အပါအဝင် ဟောင်ကောင်က အစိုးရဌာနတွေအားလုံး တရုတ် ဗဟိုအစိုးရကို တိုက်ရိုက် အစီရင်ခံသွားရမယ်လို့လည်း ပြောပါတယ်။
အခုကြေညာချက်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့် မြင့်မြင့်မားမား ရရှိထားတဲ့ ဟောင်ကောင်ကို တရုတ်ပြည်မကြီးက တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်တွေကို ပိုပြီး ကြီးထွားလာစေမှာ ဖြစ်ပါတယ်။
အခုဥပဒေမူကြမ်းကို တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီမှာ ဆွေးနွေးနေတာဖြစ်ပြီး မဲခွဲမဆုံးဖြတ်သေးဘူးလို့ အဲဒီ အမြဲတမ်းကော်မတီမှာ ပါဝင်တဲ့ ဟောင်ကောင်က တဦးတည်းသော ကိုယ်စားလှယ်ဖြစ်တဲ့ Tam Yiu-chung က ဟောင်ကောင်အသံလွှင့်ဌာန RTHK ကို ပြောပါတယ်။
အမြဲတမ်းကော်မတီကို ကြာသပတေးနေ့က တင်သွင်းခဲ့တဲ့ ဥပဒေမူကြမ်းမှာ အပိုင်း ၄ ပိုင်း ပါရှိရာမှာ နိုင်ငံကနေ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို ထိပါးနှောင့်ယှက်ခြင်း၊ ပြည်တွင်း အကြမ်းဖက်လှုပ်ရှားမှုနဲ့ နိုင်ငံခြားဩဇာခံ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုင်ရာ အပိုင်းတွေ ပါရှိပါတယ်။
ဒီဥပဒေအပေါ် ဝေဖန်ပြောဆိုမှုတွေ ရှိနေရာမှာ ဥပဒေကြမ်းကို အတည်ပြုရင် ဟောင်ကောင်ကို ပေးအပ်ထားတဲ့ အထူးအခွင့်အရေးတချို့ကို ရုပ်သိမ်းမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံက ကြေညာထားပါတယ်။